သတိထားစို့ မေမေတို့


များပြားလှစွာသော အိမ်ထောင့်တာဝန်တွေကို နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေ ရတဲ့ မိဘတွေရဲ့ တစ်နေ့တာအချိန်ဇယားထဲမှာ အရေးကြီး ဆုံးကတော့ မိမိ တို့ရဲ့ရင်သွေးလေးတွေကို အတက်နိုင်ဆုံး ကာကွယ်စောင့်ရှောက် ပေး ရခြင်းပဲဖြစ်ပါတယ်။ ချစ်လှစွာသောမိမိတို့ ရင်သွေး လေးများရဲ့ ဆော့ကစား ဟန်လေးတွေက ကျန်းမာသွက်လက်မှုကို ဖော်ညွှန်းပြသနေတာမို့ ဆော့ ကစားနေကြတဲ့ သားသား မီးမီးလေး တွေကို အပြုံးတွေဝေပြီးကြည့် တတ် တာကလည်း မိဘတိုင်းရဲ့သဘာဝတစ်ခုပင်။ တစ်ယောက်တည်းပင်ဖြစ်စေ၊ အဖော်နှင့်ပင်ဖြစ်စေ မိဘတို့မျက်စိ ကွယ်ရာမှာ ဆော့ကစားနေကြတဲ့ သားသားမီးမီးတို့အတွက် သတိထားစရာ၊ သတိမူစရာ မထင်မှတ်တဲ့ အန္တရယ်တွေ၊ မမြင်ရတဲ့အန္တရာယ် တွေကို မေမေတို့အတွက် သတိထား စရာ၊ သတိမူစရာလေးတွေအဖြစ် လေ့လာစုစည်းပြီး ဖော်ပြလိုက်ပါတယ်။

အ၀တ်လျှော်စက်
မိခင်တို့ရဲ့နေ့စဉ်ပုံမှန်လှုပ်ရှားမှုထဲမှာပါဝင်တဲ့ အ၀တ်လျှော်စက်က ကလေး ငယ်တွေအတွက် စမ်းသပ်ကြည့်ချင်စရာပစ္စည်း တစ်ခုဖြစ်နေတတ် ပါတယ်။ ဒါ့ကြောင့် မထင်မှတ်တဲ့အန္တရာယ်တစ်ခုအနေနဲ့ အ၀တ်လျှော်စက်ကို သတိ ထားဖို့လိုလာပါပြီ။ ကလေးငယ်နှစ်ယောက်တည်းရှိတဲ့အ ခါ အ၀တ်လျှော် စက်ရဲ့ အရှေ့ဘက်အပေါက်ကနေ တစ်ယောက်ကိုအထဲဝင်၊ တစ်ယောက် ကအပြင်ကချောင်းကြည့်ပုံစံနဲ့ ဆော့ကစားနိုင်ပါ တယ်။ ထိုမှတစ်ဆင့် တက်ကာ ခလုတ်တွေကို ဟိုနှိပ်ဒီနှိပ်နဲ့ အထဲက ကလေးငယ်ကို အ၀တ်လျှော်သလို ဆော့ကစားနိုင်ပါတယ်။ အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်တဲ့အဖြစ်မို့ အ၀တ်လျှော်စက်ကိုလည်း သတိထားစရာ တစ်ခုအဖြစ် သတ်မှတ်ထားသင့်ပါတယ်။

ရေခဲသေတ္တာ
မိသားစုသုံး ခပ်နိမ့်နိမ့်ရေခဲသေတ္တာက ကလေးငယ်တွေအတွက် အန္တရာယ်ဖြစ်စေမယ့်အရာတစ်ခုအဖြစ် သတိထားသင့်ပါတယ်။ အလွယ် တကူဆွဲဖွင့်နိုင်ပြီး အထဲကပစ္စည်းကိုထုတ်ယူနိုင်ရင်ပိုပြီးစိုးရိမ်ရပါတယ်။ နွားနို့ပုလင်း၊ အအေးပုလင်း၊ ရေပုလင်းနဲ့ ဖျော်ရည်ပုလင်းတွေကို လက်လှမ်းမီနေတာမို့ ပုလင်းလိုက်မော့သောက်နိုင်ပါတယ်။ ပါးစပ်ထဲအရှိန်နဲ့ဝင်ရောက်လာတဲ့ အအေးရည်တွေက ကလေးငယ်ရဲ့ ပါးစပ်၊ နှာခေါင်းပေါက်တွေထဲကိုဝင်တတ်ပြီး အသက်အန္တရယ်ဖြစ်စေနိုင်ပါတယ်။

စာအုပ်စင်(သို့မဟုတ်) စာအုပ်ဗီဒို
တံခါးမပါတဲ့ စာအုပ်ဗီဒိုခပ်မြင့်မြင့်လေးတွေကို ကလေးငယ်တို့အတွက် သီးသန့်ထားပေးတတ်တဲ့ မိဘတို့အတွက် သတိထားစရာ ဖြစ်ပါတယ်။ ကလေးငယ်တို့လိုချင်တဲ့ဖတ်စာအုပ် ဒါမှမဟုတ် ဆေးရောင်ခြယ် ပစ္စည်းတွေက အပေါ်ဆုံးအဆင့်မှာ ရှိနေတဲ့အခါ ထို ပစ္စည်းတွေကို ရယူဖို့အတွက် စာအုပ်စင်ပေါ်သို့ တစ်ဆင့်ချင်းလှမ်းတက်ကာ ယူတတ်ပါတယ်။ ကလေးငယ်ရဲ့အလေးချိန်ကို မခံနိုင်တဲ့ စာအုပ်စင်မျိုးဆိုရင် ကလေးငယ်ပေါ်သို့ ပိကျခြင်း၊ စာအုပ်စင်နှင့်ကလေးပါ နောက်လန်သွားခြင်းမျိုး ဖြစ်တတ်ပါတယ်။ အသက်အန္တရာယ် မထိခိုက်နိုင်ပေမယ့် ဒဏ်ရာအနာတရဖြစ်တတ်တာမို့ မိဘတို့အတွက်သတိထားတစ်ခုဖြစ်ပါတယ်။

စိမ့်စမ်းရေ
Health Guide
https://www.facebook.com/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ