ပန်းသေပန်းညိုးဝေဒနာရှင်များအတွက် ကုထုံးသစ်


လက်ရှိကုထုံးတွေကို တုန့်ပြန်မှုမကောင်းတဲ့ ပန်းသေပန်းညိုးဝေဒနာရှင် အမျိုးသားတွေအတွက် သတင်းကောင်းတစ်ခုပါပါတယ်။ အဲဒါကတော့ University of Wincosin က သုတေသီတွေ တီထွင်ထုတ်လုပ်ခဲ့တဲ့ အနွေးဓာတ်နဲ့ လှုံ့ဆော်ပေးနိုင်တဲ့ သတ္ထုလိင်တံကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါ တယ်။ ယင်းဇီဝသတ္ထု အမျိုးသားအင်္ဂါကို နီကယ်နဲ့ တိုက်တေ နီယမ် သတ္ထုစပ် (Nitinal) နဲ့ ပြုလုပ်ထားပြီး ယင်းကိရိယာ အား အမျိုးသားလိင်အင်္ဂါအရင်း၌ ခွဲစိတ်ပြီး ထည့်ပေးထား ရုံပါပဲ။ ယင်းခွဲစိတ်ပြီး ထည့်ထားတဲ့ ကိရိယာလေးကို သတ္ထုအခွေလေးနဲ့ ဆက်ထားပါတယ်။ အပြင်ပန်း သဏ္ဌာန်အရကတော့ သဘာဝနဲ့ လုံးဝမခြားတူညီပါ တယ်။ အမျိုးသားအနေနဲ့အသုံးပြုဖို့ ဆန္ဒရှိလာတဲ့အခါ၊ ယင်းကိရိယာကို ထိန်းချုပ်ပေးနိုင်တဲ့ အပေးထိန်းခလုတ်ကို ပေါင်ခြံဝန်းကျင်မှာ ကိုင်ထားပြီး ခလုတ်ဖွင့်လိုက်ရုံပါပဲ။ ခလုတ်ဖွင့်လိုက်တဲ့အခါ အဝေးထိန်းခလုတ်ကတဆင့် လိင်အင်္ဂါအရင်းမှာထည့်ထားတဲ့ ကိရိယာလေးရဲ့ သတ္ထု အခွေလေးကို ပြင်းအားနည်းလျှပ်စစ်စီးစေဖို့ လျှပ်စစ် သံလိုက်လှိုင်းလေးကို ထုတ်ပေးပါတယ်။
အဲဒီလျှပ်စီးကြောင်းလေးက ထွက်ပေါ်လာတဲ့ အပူကြောင့် လိင်အင်္ဂါအရင်းမှာထည့်ထားတဲ့ သတ္ထုစပ် ကိရိယာလေးကို ပွလာစေပြီး၊ အလျားရှစ်လက်မလောက် ထိ ကြီးလာစေပါတယ်။

ယင်းဖြစ်စဉ်တစ်ခုလုံးအတွက် ကြာချိန် ၂ မိနစ်သာ လိုအပ်ပြီး၊ ကိရိယာကို အအေး ခံစေခြင်းအားဖြင့် မူလအရွယ်အစားကို ပြန်ရစေနိုင်တယ် လို့ သိရပါတယ်။ အချို့လူနာတွေကတော့ ပန်းသေ ပန်းညိုးဝေဒနာ မခံစားရမီထဲက ၀မ်းဗိုက်ကို အကြီးစား ခွဲစိတ်မှု လုပ်ထားဖူးတာ၊ ဆီးကြိတ်၊ ဆီးအိတ်စတဲ့ အင်္ဂါတွေကို ခွဲစိတ်ကုသမှုခံယူထားဖူးတဲ့အတွက် ပန်းသေ ပန်းညိုးရောဂါအတွက် လက်ရှိစံကုထုံးတွေနဲ့ မသင့် တော်တာ တွေ့ရပါတယ်။ ဒါပေမဲ့ ယခုကိရိယာနဲ့ ဆိုရင် တော့ ဘာပြဿနာမှ မရှိနိုင်ပါဘူး။ ဗြိတိန် လိင်ပိုင်းဆိုင်ရာ ဆေးပညာဌာနမှ Dr.Geolf Hackett ကတော့ ယခုကိရိယာက အသုံးဝင်နိုင်ပါတယ်။ ဒါပေမဲ့ လိုအပ် ချက်တွေတော့ ရှိနိုင်ပါတယ်။ ဒါကြောင့် ယခုတွေ့ရှိမှုက အနာဂတ်အတွက် စိတ်လှုပ်ရှားဖွယ် အောင်မြင်မှုတစ်ခု လည်း ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ