အအေးမိတုတ်ကွေး သက်သာစေသော စွတ်ပြုတ်ဟင်းချို


တုတ်ကွေးအအေးမိဖြစ်သည့် အခါ ရောဂါသက်သာပျောက်ကင်း စေသော စွတ်ပြုတ်လုပ်သောက်နိုင် သည်။

(၁) ပျားရည်၊ ကြက်သွန်ဖြူ၊ သံပုယို စွတ်ပြုတ်ဟင်းချို
သေးသေးနုတ်နုတ်စင်းထား သော ကြက်သွန်ဖြူ စားပွဲဇွန်း (၁) ဇွန်းစာ၊ နံနံပင်၊ မုန်လာဥနီ၊ ကြက် သွန်ဖြူဥ တစ်လုံး(၁) မွှာ၊ သံပုယိုသီး အစိပ် (၁) ခုကို ပါးပါးလှီးပြီး စွတ် ပြုတ်အပေါ်ယံမှာတင်ပါ။ အပေါ်မှ Vegetable broth ဟင်းရွက်ပြုတ် ရည် ခွက်တစ်ဝက်နှင့် ပျားရည် အနည်းငယ်ထည့်မွှေ၍ သောက်ရန် ဖြစ်သည်။

(၂) ဂျင်း၊ ကြက်သားခေါက်ဆွဲပြုတ် ဟင်းချို
ပြုတ်ထားသောဆန်ခေါက်ဆွဲ ခွက်တစ်ဝက်၊ ချက်ထားပြီး တုံးထား သော ကြက်သား၊ ဆိုဒီယမ်လျော့ထား သည့် ပဲငံပြာရည် ၁-၂ ဇွန်း၊ နှမ်းစေ့ လက်ဖက်ရည် (၁) ဇွန်း၊ ကြက်သွန် မိတ် စားပွဲဇွန်း (၁) ဇွန်းစာ၊ လတ် လတ်ဆတ်ဆတ်ဂျင်းခြစ် လက်ဖက် ရည်ဇွန်း (၁) ဇွန်းစာအပေါ်မှာ ကြက်ပြုတ်ရည်ပူပူ ခွက်တစ်ဝက်ကို လောင်းထည့်ပြီး သောက်ပေးရမည် ဖြစ်သည်။

(၃) ဟင်းရွက်စိမ်းစွတ်ပြုတ်
ကိုက်လန် (သို့) ဟင်းနုနွယ်ရွက် တုံးတုံးတစ်တစ်လှီးထားသော ခွက် တစ်ဝက်စာ၊ ကြက်သွန်ဖြူ၊ အနီမျိုးကို အတုံးကလေးများလှီး၍ စားပွဲဇွန်း (၁) ဇွန်း၊ ဟင်းခတ်မှုန့် စားပွဲဇွန်း ၁/၄၊ ငြုတ်သီး အညက်မှုန့် စားပွဲဇွန်း ၁/၄၊ ရော၍ အပေါ်ယံမှ Vegetable broth ဟင်းရွက်ပြုတ်ရည် (၁) ခွက်လောင်းချပြီး မွှေ၍ သောက်ပါ။

Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ