HIV အတွက် Truvada ဆေး


ဆရာ မေးလ်က မမေးလို့တောင်းပန်ပါတယ်။ အဲ့ဆေးအကြောင်းလေးသိချင်လို့ပါ။

HIV ကူးစက်နှုန်းကျဆင်းစေတဲ့ ပထမဆုံးဆေးကို အမေရိကန်မှာ ခွင့်ပြုလိုက်ပြီလို့ ၁၇-၇-၂ဝ၁၂ နေ့ကလာတဲ့ သတင်းက ဆိုပါတယ်။ Truvada ဆေးဖြစ်ပါတယ်။ ဆေးသောက်ပေမဲ့လဲ ကွန်ဒွမ်ကို စနစ်တကျသုံးတာနဲ့ ဆေးစစ်တာတွေလဲ လုပ်နေမှသာ ရောဂါကို ထိရောက်အောင် ကာကွယ်နိုင်ပါမယ်။ FDA အမေရိကန် ဆေးဝါးအဖွဲ့ အဆိုအရ ဒီဆေးကြောင့် HIV ကူးစက်နှုန်း ၇၅% ကျဆင်း စေတယ်လို့ သိရပါတယ်။

HIV Drug Classes (အိတ်ခ်ျအိုင်ဗွီ) ဆေး အုပ်စု ၅ ခုရှိတယ်။ အုပ်စုတခုက တမျိုးစီ အလုပ်လုပ်တယ်။ HIV replication ပိုးပုံတူပွါးဖြစ်စဉ်ရဲ့ ဘယ်အပိုင်းမှာ သက်ရောက်သလဲ ဆိုတာမှာ ကွဲပြားကြတယ်။

1. Nucleoside Reverse Transcriptase Inhibitors (NRTIs) ဆေးအမျိုးအစားက ပိုးတွေလိုတဲ့ အုတ်ချပ်နဲ့တူတာကို အတုတွေသဘောဖြစ်ပြီး၊ ပိုးတွေပွါးမှာကို တားပေးတယ်။

2. Non-nucleoside Reverse Transcriptase Inhibitors (NNRTIs) တွေက ပိုးတွေ (ကော်ပီ) လုပ်တဲ့အခါ လိုအပ်တဲ့ (အင်ဇိုင်းမ်) တွေကို တားပေးတယ်။

3. Protease Inhibitors (PIs) တွေက ပိုးတွေ (ကော်ပီ) လုပ်တဲ့အခါ လိုအပ်တဲ့ (ပရိုတင်း) ကို တားပေးတယ်။

4. Entry/Fusion Inhibitors တွေက ပိုးတွေ (ဆဲလ်) ထဲ ဝင်လာမှာကို တားပေးတယ်။

5. Integrase Strand Transfer Inhibitors တွေက ပိုးတွေက သူ့မျိုးဗီဇ ပစ္စည်းကို (ဆဲလ်) ထဲ ထိုးသွင်းလာမှာကို တားပေးတယ်။

Truvada ဆေးထဲမှာ Tenofovir (Viread) နဲ့ Emtricitabine (Emtriva) ဆေးတွေပါတယ်။ ဆေးဝါးဗေဒလို ပြောရရင် Nucleoside analog reverse transcriptase inhibitors (Nukes) ဖြစ်တယ်။ HIV ရဲ့ RNA ကနေ DNA ဖြစ်လာအောင် ကူညီပေးတဲ့ (အင်ဇိုင်းမ်) အပြောင်းအလဲကို သက်ရောက်စေတယ်။ ဒီဖြစ်စဉ်ဟာ HIV ပိုးရဲ့ Genetic code မျိုးဗီဇ (ကုဒ်) ကို ကူးစက်ခံရတဲ့ (ဆဲလ်) ရဲ့ Genetic code မျိုးဗီဇ (ကုဒ်) ထဲကို မဝင်နိုင်ခင် လုပ်ပေးတာဖြစ်တယ်။

Truvada ဆေးကို ၂ဝဝ၄ ကတည်းက ကူးစက်ခံထားရသူတွေအတွက် အသိအမှတ် ပြုထားခဲ့ပါတယ်။ ၁၈ နှစ်အောက် ကလေး-လူငယ်တွေနဲ့ Hepatitis B ဘီပိုးရှိနေသူတွေအတွက် စမ်းသပ်မှုတွေ မစုံသေးပါ။ ဆေးမပေးခင် CD4 Cell count နဲ့ Viral load (ဗိုင်းရပ်စ်) အရေအတွက်၊ ရောဂါလက္ခဏာတွေကိုပါ သိရမယ်။ ဒီဆေးနဲ့ တခြား (ARVs) တွေနဲ့ တွဲသောက်သူတွေမှာ (ဗိုင်းရပ်စ်) အရေအတွက် သိသိသာသာ လျှော့လာတာတယ်။ CD4 cell counts တက်လာတယ်။

HIV ဗိုင်းရပ်စ်ရဲ့ ပြဿနာက Mutations မျိုးဗီဇပြောင်းလဲတတ်တာ ဖြစ်တယ်။ သူနဲ့ပုံတူတွေ (ကော်ပီ) တွေက ARV ဆေး သောက်နေတာတောင်မှ (မြူတေးရှင်း) လုပ်နေကြတယ်။ မတူတာတွေ ဖြစ်လာတယ်။ ဆေးမတိုးတာ ဖြစ်လာတယ်။

Truvada ဟာ သောက်ဆေးပြား ဖြစ်တယ်။ လူကြီးတွေကို တနေ့မှာ Tenofovir (Viread) 300 mg နဲ့ Emtricitabine (Emtriva) 200 mg ပါတဲ့ တွဲထားတဲ့ဆေး ၁ ပြားပေးတယ်။ အစာနဲ့ နီးနီးဝေးဝေး သောက်နိုင်တယ်။ ကျောက်ကပ် မကောင်းရင် ဆေးလျှော့ရမယ်။

ဘယ် ART/ARV ဆေးမဆို သောက်ခါစမှာ ခေါင်းကိုက်၊ သွေးဖိအားတက်၊ နေမကောင်းသလို ခံစားရတာတွေ ဖြစ်တယ်။ ဆေးသောက်တာ ကြာရင်တော့ သက်သာလာမယ်။ Truvada ဆေးကြောင့် ခေါင်းကိုက်၊ ပျို့-အန်၊ အနီပြင်ထွက်၊ အစားပျက်တာတွေ ဖြစ်စေနိုင်တယ်။ တချို့ လူတွေမှာ Creatinine နဲ့ Transaminases (အင်ဇိုင်းမ်) တွေတက်တာ ဖြစ်စေနိုင်တယ်။ အသဲ၊ ကျောက်ကပ် မကောင်းရင် ဒါတွေ များနေတယ်။ ရိုးတွင်းခြင်ဆီ အားနည်းစေနိုင်သေးလို့ ကယ်လ်စီယမ်နဲ့ ဗီတာမင် (ဒီ) တွေပါသောက်တာ ကောင်းတယ်။ တချို့မှာ Lactic acid လဲတက်နိုင်တယ်။ Fatty liver အသဲအဆီဖုံးတာ ဖြစ်လာနိုင်တယ်။ Lamivudine (Epivir, 3TC), Combivir, Trizivir or Epzicom ဆေးတွေနဲ့ တွဲမသောက်သင့်ဘူး

အမေရိကာ၊ ကယ်လီဖိုးနီးယားက Gilead Sciences ဆေးကုမ္ပဏီကနေ ထုတ်တာဖြစ်တယ်။ ရောဂါပိုးရှိနေသူနဲ့ လိင်ဆက်ဆံမိတာမျိုးလို ကူးစက်လာနိုင်ခြေရှိသူတွေ ဒီဆေးသောက်သင့်တယ်။ ၂ဝ၁ဝ တုံးက လေ့လာမှုအရ Truvada ဆေးဟာ ပိုးမရှိသေးတဲ့ ဂေးတွေမှာရော ပိုးရှိထားတဲ့ အဖြောင့်သမားတွေမှာပါ ကူးစက်မှု အန္တရာယ် ၄၄% ကနေ ၇၃% သက်သာတာ သိထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အဲလို ဆေးသောက်ရင် ကူးမှာ မဟုတ်ဘူးလို့ ပြည့်စုံ-မှန်ကန်မှု မရှိသေးတဲ့ အချက်ကို စိတ်ချရတယ်လို့ တလွဲထင်စေနိုင်တယ်လို့ ထောက်ပြနေကြတယ်။ နောက်ပြီး ပိုးက ဆေးယဉ်လာမှာလဲ စိုးရတယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ