ကမ္ဘာ့နိုင်ငံများတွင် သောက်သုံးရေများ၌ မိုက်ခရိုပလပ်စတစ်ဖိုင်ဘာမျှင်များ ပါဝင်မှုနှုန်းမြင့်မားနေကြောင်း နယူးယောက်ခ်သုတေသီများထုတ်ပြန်


ကမ္ဘာ့နိုင်ငံများတွင် သောက်သုံးရေအဖြစ် အသုံးပြုနေသော ရေထုအတွင်း၌ မိုက်ခရိုပလပ်စတစ်ဖိုင်ဘာမျှင်များ ရောစပ်ပါဝင်မှုနှုန်းမြင့်မားနေကြောင်း နယူးယောက်တက္ကသိုလ်မှ သုတေသီများက စက်တင်ဘာလ(၅) ရက်နေ့တွင် ထုတ်ပြန်သွားခဲ့သည်။ နယူးယောက်ခ်တက္ကသိုလ်မှ သုတေသီများသည် မြောက်အမေရိကနှင့် ဥရောပတိုက်ရှိ နိုင်ငံများမှ ရေနမူနာများကို ယူ၍ စမ်းသပ်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

စမ်းသပ်မှုရလာဒ်များအရ အမေရိကန်နိုင်ငံအတွင်း အသုံးပြုနေသော ဘုံဘိုင်သောက်သုံးရေများတွင် မိုက်ခရိုပလပ်စတစ်ဖိုင်ဘာမျှင်များ ပါဝင်မှုနှုန်းမှာ (၉၄)ရာခိုင်နှုန်းအထိ ရှိနေကြောင်းသိရသည်။ သုတေသနရလာဒ်များအရ အမေရိကန်နိုင်ငံ၏ သောက်သုံးရေများတွင် မိုက်ခရိုပလပ်စတစ်ဖိုင်ဘာမျှင်များပါဝင်မှုနှုန်းအမြင့်မားဆုံးဖြစ်ကြောင်းလည်းသိရသည်။ ဥရောပတိုက်ရှိနိုင်ငံများတွင် အသုံးပြုနေသော သောက်သုံးရေများ၌လည်း လပ်စတစ်ဖိုင်ဘာမျှင်ရောစပ်မှုနှုန်းမြင့်မားနေပြီး ဗြိတိန်၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့တွင် မိုက်ခရိုပလပ်စတစ်ဖိုင်ဘာမျှင်များ ပါဝင်နှုန်းအနိမ့်ဆုံးဖြစ်ကြောင်းသိရသည်။

သို့သော်လည်း မိုက်ခရိုပလပ်စတစ်ဖိုင်ဘာမျှင်များ ပါဝင်ရောစပ်မှုနှုန်းအနိမ့်ဆုံးဟု သတ်မှတ်ထားခြင်းခံထားရသော ဗြိတိန်၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့တွင် မိုက်ခရိုပလပ်စတစ်ဖိုင်ဘာမျှင်များ (၇၂) ရာခိုင်နှုန်းအထိ ပါဝင်နေကြောင်းသိရသည်။နယူးယောက်ခ်တက္ကသိုလ်မှ သုတေသီခေါင်းဆောင်ဖြစ်သော ဒေါက်တာမက်ဆန်က “နိုင်ငံအသီးသီးက သောက်သုံးရေနမူနာကိုယူပြီး စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ရာမှာ မိုက်ခရိုပလပ်စတစ်ဖိုင်ဘာမျှင်အများအပြားပါဝင်ရောစပ် နေတာတွေ့ရတယ်။ မိုက်ခရိုပလပ်စတစ်ဖိုင်ဘာမျှင်တွေဟာ တောတွင်းတိရိစ္ဆာန်တွေကို ပိုပြီးအန္တရာယ်ပေးနိုင်တယ်။ ရေရှည်ဆိုရင်တော့ လူသားတွေအတွက်လည်းမကောင်းဘူး” ဟုပြောကြားသွားခဲ့သည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ