Pregnancy and HIV ကိုယ်ဝန်နှင့် HIV


မင်္ဂလာပါဆရာရှင့်။ ကျွန်မအသက် ၃၆နှစ်ပါရှင့်။ ရန်ကုန်မှာနေပါတယ်ရှင့်။ အခုလက်ရှိကိုယ်ဝန် ၃၇ ပတ်ပါရှင့်။့ မှာ ခွဲမွေးမှာပါရှင်။ ကျွန်မမှာ HIV positive CD4 274 ရှိပါတယ်ရှင့်၊ ၂ဝ၁၄ ကစ ART သောက်ပါတယ်ရှင့်။ HIV ရှိတဲ့သူတွေက ဗမာဆေးမတည့်ဘူးလို့ကြားဘူးပါတယ်ရှင့်။ ကလေးမွေးပြီးရင် ဗမာနည်းအရ ဆနွင်းသောက်လို့ ရပါသလားရှင့်။ ကလေးမွေးပြီး အခြားရှောင်ရန်ဆောင်ရန်လေးများသိချင်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ် ဆရာရှင့်။ မေးနည်းပုံမကျရင်လဲနားလည်ပေးပါရှင့်

ကိုယ်ဝန်ဆောင်အတွက်ရော ကူးစက်ရောဂါတွေအတွက်ပါ အရပ်ဆေးနည်းတွေ မလိုအပ်ပါ။

၂။ မင်္ဂလာပါဆရာ။ သူငယ်ချင်းတယောက်က အိမ်ထောင်ရှိပါတယ်။ အသက် ၃ဝ ထဲမှာပါ။ သူ့မှာ HIV ရှိနေပြီး ART သောက်နေတာတနှစ်ကျော်ပါပြီဆရာ။ အခု မထင်ဘဲ ကိုယ်ဝန်ရှိနေပြီးငါးလတောင်ရှိနေပြီဆရာ။ ကလေးကို မကူးစက်အောင်လုပ်ဖို့ အချိန်မှီသေးလားဆရာ။ စိတ်ပူလို့ပါ။ အချိန်ရရင်ဖြေကြားပေးပါရှင့်။

၃။ မင်္ဂလာပါ ဒေါက်တာရှင့်။ ကျွန်မက အသက် (၂၆) နှစ်ရှိနေပြီဖြစ်ပြီး အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ပါ။ ကျွန်မဆီမှာ HIV ပိုးရှိနေပါတယ်။ အမျိုးသားကတော့ နားလည်ပြီးလက်ထပ်ခဲ့တာ အခုဆို (၂) နှစ်ပြည့်ပါတော့မယ်ရှင့်။ ကျွန်မကတော့ အမြဲ CD4 စစ်ပြီး ART ဆေးကိုပုံမှန်သောက်သုံးလာတာလည်း (၂)နှစ်နီးပါးရှိလာပါပြီ။ အမျိုးသားကတော့ ယခုထက်ထိ မရှိသေးပါ။ ကျွန်မက ကလေးလိုချင်နေပါတယ်။ အမျိုးသားကတော့ နောက်မျိုးဆက် ဒုက္ခရောက်မှာစိုးလို့ မယူဖို့ပဲပြောပါတယ်။ မိဘတွေကပါ ယူဖို့တိုက်တွန်းတာကြောင့်ရော ကိုယ့်သွေးသားလေး ရှိချင်တာကြောင့်ပါ။ ကလေးယူချင်နေပါတယ်ဒေါက်တာ။ ဘယ်လိုမျိုး လုပ်ဆောင်ရမလဲဆိုတာ အကြံဉာဏ် တောင်းခံခြင်းဖြစ်ပါတယ်ရှင့်။

၎။ HIV ရှိသော အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်သင့်ပါသလား ကျေးဇူးပြု၍ ဖြေပေးပါဆရာ။

၅။ HIV ပိုး ရှိနေသူ ယောက်ျားနှင့် ပိုးမရှိသူမိန်းမတို့ အတူနေရာကနေ ကိုယ်ဝန်ရခဲ့ရင် ကလေးကိုကူးစက်နိုင်ပါသလား။ ကိုယ်ဝန်ဆောင်လို့ ရ/မရ သိချင်ပါတယ်။ ဘယ်လိုအန္တရာယ် ရှိနိုင်ပါသလဲ။

ကိုယ်ဝန်ဆောင်တိုင်း HIV ရှိမရှိ စမ်းသပ်ရမယ်။ ကိုယ်ဝန်ဆောင်ကာစကတည်းက ပိုးရှိနေတာသိရင် ဆုံးဖြတ်ချက်ချဘို့ ပိုကောင်းတယ်။ ကလေးကို မကူးစေအောင်ဆောင်ရွက်ဘို့ အချိန်ပိုရလို့ကောင်းတယ်။ သူ့ခင်ပွန်းအတွက်လဲ မကူးအောင် လုပ်ဘို့လိုတယ်။ ပိုးဟာ သွေး၊ ကိုယ်ခန္ဓာကအရည် (ယောက်ျား စီမင်၊ မိန်းမ ဗဂျိုင်းနားအရည်၊ နို့ရည်) တွေနဲ့ ပိုးရှိမိခင်ကနေ မွေးလာမဲ့ကလေးကို ကူးနည်းတွေနဲ့ ကူးစက်တယ်။ လိင်လမ်းကနေကူးတာက အများဆုံးဖြစ်တယ်။
အများဆုံးစမ်းသပ်နည်းဟာ HIV antibody test အင်တီဘော်ဒီ ရှိမရှိ စမ်းနည်းဖြစ်တယ်။ သွေး၊ ဆီး နဲ့ ခံတွင်းက အရည်တွေကို စမ်းတယ်။ ပဌမနည်းနဲ့စမ်းလို့ အပေါင်းပြတယ်ဆိုရင် နောက်ထပ် တခြား အင်တီဘော်ဒီစမ်းနည်းတခု ထပ်လုပ်ရတယ်။ ဒီနည်းကို Confirmatory HIV test သေချာအောင်လုပ်နည်းလို့ခေါ်တယ်။ အဖြေရအောင် ရက်နည်းနည်းတော့ယူရတယ်။ တချို့ ခံတွင်းအရည်စမ်းနည်းကတော့ နာရီပိုင်းသာကြာတယ်။

ကိုယ်ဝန်ဆောင်နေစဉ် ပိုးတွေ့သူလဲ ကျန်းမာနေအောင်လုပ်နိုင်တယ်။ ကလေးကိုမကူးအောင် ဆေးသောက်ရမယ်။ ကလေးကို ကိုယ်ဝန်ဆောင်နုစဉ်၊ မွေးနေတုံးနဲ့ နို့တိုက်နေစဉ်ကာလတွေမျာ ကူးစက်နိုင်တယ်။ မအေက စားစရာကို ဝါးခွံ့ရာကနေလဲ နည်းနည်းပါးပါးကူးနိုင်သေးတယ်။

ART ဆေးတွေကို ကိုယ်ဝန်ဆောင်နေစဉ်မှာ အနည်းဆုံး ဆေး ၃ မျိုးရောပေးမယ်။ ကလေးမွေးနေတုံးမှာ AZT (IV) ဆေးထိုးပေးမယ်။ ပြီးတော့ ဆေးဆက်သောက်ရမယ်။ မွေးပြီးရင် AZT ဆေးရည် ၆ လသောက်ရမယ်။ တကယ်လို့ မိခင်က ဆေးသောက်မထားဘဲ မွေးတဲ့ကလေးဆိုရင် AZT အပြင် တခြားဆေးပါ ပေးသင့်တယ်။ ကိုယ်ဝန် မဆောင်ခင်ကတည်းက ဆေးသောက်နေတဲ့မိခင်လောင်းဆိုရင် ကိုယ်ဝန်ရှိတော့ ဆေးပြောင်းရနိုင်တယ်။ တချို့ဆေးတွေက ကလေးအတွက် မသင့်ဘူး။

ဘယ်တော့ ဆေးစပေးမလဲဆိုတာ ပိုးတွေက လူကိုဘယ်လောက်ထိခိုက်နေပြီလဲ၊ ဘယ်လောက်ကြာနေပြီလဲအပေါ်မှာ မူတည်တယ်။ အကြမ်းဖျဉ်း CD4 350 cells/mm3 ထက်နည်းကတည်းကနေ ဆေးသောက်နေပြီးဖြစ်မယ်။ ဒါမှမဟုတ်လဲ ကူးစက်ရောဂါဝင်နေကတည်းကဖြစ်မယ်။ အခုတော့ CD4 အရေအတွက်ကိုကြည့်မနေတော့ပဲ ဆေးသောက်စေမယ်။

အများဆုံးသုံတဲ့ဆေးတွေကတော့
1. Protease inhibitors (PIs),
2. Nonnucleoside reverse transcriptase inhibitors (NNRTIs) နဲ့
3. Nucleoside reverse transcriptase inhibitors (NRTIs) တွေက ကိုယ်ဝန်ဆောင်မှာပေးနိုင်တယ်။
4. Entry inhibitors နဲ့
5. Integrase inhibitors ဆေးတွေကို ကိုယ်ဝန်မှာ ပေးသင့်မသင့် သုတေသနမစုံသေးဘူး။

Sustiva ဆေးတမျိုးတည်းကဖြစ်ဖြစ် Atripla ကနေဖြစ်ဖြစ် ကိုယ်ဝန်ဆောင်စ ပဌမ ၃ လ မှာသောက်ရင် ကလေးမှာ မွေးရာပါချို့ယွင်းချက်ဖြစ်စေနိုင်တယ်။ ၃ လနောက်တော့ ကိစ္စမရှိဘူး။ Protease inhibitors (PIs) ကဆီးချိုနဲ့ ဆက်စပ်နိုင်တယ်။ Viramune ဆေးက အသည်းကိုထိခိုက်စေနိုင်တယ်။ CD4 250 cells/mm ထက် များသူတွေကိုသာ သုံးလို့အကျိုးများရင် သုံးရတယ်။

တချို့ကိုယ်ဝန်တွေကို မွေးတဲ့အခါ ဗိုက်ခွဲမွေးရင်ကောင်းမယ်။ ၃၈ ပတ်ရှိရင်ခွဲပေးနိုင်ပြီ။ ကိုယ်ဝန်တိုင်းကိုတော့ မဟုတ်ဘူး။ ကိုယ်ဝန်ဆောင်တုံး ဆေးသောက်မထားသူ နဲ့ မွေးကာနီးမှာ viral load က 1,000 copies/mL ထက် များနေသူကိုသာ ခွဲပေးလို့ အကျိုးများနိုင်တယ်။ ရေမြွာစောပေါက်ထားတာကို ခွဲပေးလဲ မထူးဘူး။

ဘယ်နည်းနဲ့မွေးမွေး မွေးဖွါးခြင်း အန္တရာယ်တော့ရှိတာဘဲ။ ယေဘုယျပြောရရင် ခွဲမွေးတာက ခွဲစိတ်မှု အန္တရာယ်ပါပိုတယ်။ အိပ်ရာထဲမှာ ကြာကြာနေရတာမို့ သွေးကြောပိတ်တဲ့အန္တရာယ် ပိုဖြစ်စေနိုင်တယ်။ ရောဂါပိုးဝင်တာလဲဖြစ်နိုင်တယ်။
ပိုးရှိတဲ့အမေကနေ ကလေးကိုကူးစက်တာ အမေရိကားနဲ့ ဥရောပမှာ ၂% ထက်နည်းပါတယ်။ ဖြစ်နိုင်တာက မိခင်လောင်းကနေ ဆေးသောက်နေလို့ အထဲက ကလေးကိုပါကာကွယ်ရာကျတယ်။ ကိုယ်ဝန်ဆောင်နေစဉ်၊ မွေးနေတုန်းဆေးသောက်ရင် ပိုနည်းတယ်။

ကလေးမွေးပြီးပြီးချင်း ၆-၁၂ နာရီအတွင်းမှာ AZT ဆေးပေးရမယ်။ ၆ ပတ်ကြာအထိပေးရတယ်။ တချို့ကလေးတွေကို တခြားဆေးလဲတွဲပေးတယ်။ ကလေးတွေကို Virologic HIV tests နည်းနဲ့စစ်တယ်။ အပေါင်းရော အနုတ်ပါ နှစ်ခါပြမှာသာ မရှိဘူး၊ ရှိတယ်ပြောနိုင်တယ်။ ၁၄၂၁ ရက်၊ ၁၂ လ နဲ့ ၄၆ လတွေမှာ စစ်ရတယ်။ အပေါင်းနှစ်ခါတွေ့ရင် ၄၆ ပတ်မှာ ဆေးပေးမယ်။ မသေချာရင် Bactrim ဆေးကိုသတိနဲ့ပေးတယ်။ ပိုးရှိတဲ့ကလေးမှာ Pneumocystis jiroveci pneumonia (PCP) ရောဂါဖြစ်မှာကို အကာကွယ်ပေးတယ်။ ကလေးမွေးပြီးနောက် ပေးနေတဲ့ဆေးကို ပြောင်းသင့်ရင်ပြောင်းပေးမယ်။ CD4 count နဲ့ Viral load တွေကိုကြည့်မယ်။

မေးထားတာကတော့ ဖခင်ကသာ ပိုးရှိတယ်။ မိခင်လောင်းမှာ ပိုးရှိမနေရင်တော့ ကလေးကို မကူးစက်နိုင်ပါ။ ဒါပေမဲ့ ကလေးမိခင်ရော ကလေးကိုပါ ပုံမှန်ဆေးစစ်နေရမယ်။ ကြိုတင်ကာကွယ်မှုတွေလဲ စနစ်တကျလုပ်နေကြရပါလိမ့်မယ်။

HIV ရှိတဲ့မိခင်ရဲ့နို့ထဲမှာ ပိုးပါနေပါမယ်။ နို့တိုက်မယ် မတိုက်ဘူးဆိုတာ တဦးချင်းကိုကြည့်ဆုံးဖြတ်ရတယ်။ နို့မှုန့်နဲ့ အဆင်ပြေသူကို နို့မှုန့်သာတိုက်စေမယ်။ အဲလိုမဟုတ်ရင်တော့ မိခင်နို့ကိုတိုက်နိုင်ပါတယ်။ ဒါပေမယ့် မိခင်ရော ကလေးရော ART ဆေးသောက်ရပါမယ်။ နို့ကို (၆) လအထိသာတိုက်ပါ။

ကွန်မင့်တခု = အခုတော့ အများစုကို TDF + 3TC + EFV အတွဲကို အသုံးများနေပါဘီ ဆရာ။ WHO ရဲ့ ဂိုက်လိုင်းပါခင်ဗျာ့။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ