Scar (4) အမာရွတ် (၄)


ဆရာ အမာရွက်ပျောက်ဆေး ကောင်းတာလေး လမ်းညွမန်ပေးပါ။ အမာရွက်တွေနဲ့ ခြေထောက်မှာ ကြည့်ရတာမကောင်းလို့ လမ်းညွှန်ပေးပါအုန်းဆရာ။ ကျေးဇူးပြု၍။

မေးနည်းစည်းကမ်း ပို့လိုက်။

အသက် ၂၀ မိန်းမကလေး။ ငယ်ငယ်ကအမာရွတ်လေးတွေ ပျောက်ချင်လို့။

တေ လို့ ၂ ခါထပ်ရေးတယ်။ တွေ လို့သာရေးရမယ်။

အမာရွတ်ပျောက်ဆေးဆိုတာ မရှိပါ။ အရိုးကျိုးတာဆက်တဲ့ဆေး မရှိပါ။ လူ့ကိုယ်ခန္ဓာဟာ ပျက်စီး ကျိုးပဲ့သွားတာတိုင်းက အလိုလိုပြန်ပြင်တယ်။ ဦးနှောက်နဲ့ အာရုံကြောဆဲလ်တွေကတော့ အသစ်ပြန်မဖြစ်စေပါ။ အရေပြား၊ အဆီ၊ ကြွက်သား၊ အရိုး၊ အားလုံး အသစ်အစားထိုးပါတယ်။

ထိခိုက်မိတာနဲ့ အနာကျက်ဖြစ်စဉ်တခါတည်း ဝင်လာတယ်။ ထိခိုက်ပျက်စီးတာကို အနေအထားတည့်အောင် ပြင်ပေးဘို့ လိုရင် လုပ်ပေးရတယ်။ လုပ်မပေးရင် အဲသည်အတိုင်း ပြန်ဆက် ပြန်ကျက်မယ်။ ပိုးဝင်ရင် ကြာမယ်။ အမာရွတ်ဆိုးမယ်။

အသက်ငယ်လေ အနာကျက်တာ မြန်လေ။ ကိုယ်အထက်ပိုင်း အနာတွေက အောက်ပိုင်းအနာတွေထက် ပျောက်တာ မြန်လေ။ လက်ကျိုးတာက ခြေကျိုးတာထက် မြန်တယ်။ မျက်နှာဟဉ်ရာက ခြေထောက်ထက် မြန်တယ်။ ကလေးမီးဖွားပြီးချိန်မှာ အနာကျက်တာမြန်တယ်။

ချုပ်စရာလိုတဲ့အနာကို ချုပ်မှသာ အကျက်မြန်မယ်။ ပိုးမဝင်နိုင်ပါ။ အမာရွတ်သေးမယ်။ ဆီးချိုရှိနေသူ ကြာမယ်။ ခုခံအားကျဆင်းနေသူတွေက ကြာမယ်။ ပိုးသေဆေးလိုမယ်။ အနာသက်သာဆေးလိုမယ်။ ဗီတာမင်စီက အနာကျက်တာ မြန်စေမယ်ပြေတာ အတိအကျတော့ မဟုတ်ပါ။ ကီးမို့စ်ဆေးပေးတာလည်း သေချာတာမဟုတ်ပါ။ အာဟာရဓါတ် လုံလောက်နေဘို့သာ လိုအပ်ပါတယ်။ အသားအရေဟာ ပရိုတင်းဖြစ်လို့ ပရိုတင်းနည်းရင်တော့ မကောင်းပါ။

အနာနေရာကို အနားပေးထားရင် အပျောက်မြန်တယ်။ အနာဒဏ်ရာဟောင်းက အမာရွတ်ကြီးနေတာကို ပြန်ပြင်ချုပ်ရင် သေးစေနိုင်တယ်။ ချုပ်တဲ့အခါ အထပ်လိုက်ချုပ်တာ ကောင်းတယ်။ မိန်းကလေး မျက်နှာလို လှပမှုအတွက် ပိုအရေးပါတာမျိုးကို ပလပ်စတစ်ခွဲစိတ်နည်းနဲ့ လုပ်ပေးနိုင်ရင် အမာရွတ်သက်သာစေမယ်။ ချုပ်တဲ့ခွဲစိတ်ကရိယာတွေနဲ့ သုံးတဲ့ကြိုးတွေကို ရွေးချယ်တတ်ရမယ်။ ကိုင်တွယ်ရာမှာလည်း လေးဒီးစ်ဟင်း ဆိုသလို ညင်သာနူးညံရမယ်။ လေဆာနည်းကလည်း အမာရွတ်ကတော့ရှိတယ်။ မိမွေးတိုင်း ပြန်ကောင်းတယ်ဆိုတာ အလွန့်အလွန် ရှားတယ်။

Scar (1) အမာရွတ် (၁) http://doctortintswe.blogspot.com/2015/03/scar-1.html
Scar (2) အမာရွတ် (၂) http://doctortintswe.blogspot.com/2014/11/scar-2_21.html
Scar (3) အမာရွတ် (၃) http://doctortintswe.blogspot.com/2015/03/scar-2.html
Chicken Pox Scars ရေကျောက်အမာရွတ် http://doctortintswe.blogspot.com/2017/02/chicken-pox-scars.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ