Oral hygiene ကလေးခံတွင်းသန့်ရှင်းရေး


ဆရာ ကျမသမီးလေးက ၁၄ လပါ။ သွားလေးက အပေါ်၎ ချောင်း အောက် ၄ ချောင်းပါ။ သူ့သွားလေးတွေကို သန့်ရှင်းပေးဖို့ ပူးတွဲပါဓာတ်ပုံထဲကပစ္စည်းလေးကို ဝယ်လာပါတယ်ဆရာ။ အဲဒါ ဘယ်လိုအသုံးပြုရမလဲ။ ဘယ်လိုအကျိုးရှိလဲ။ ကျေးဇူးပြု၍ ဖြေပေးပါရှင့်။

ကြော်ငြာဆေးသဘောဖြစ်ပါတယ်။ အသေအချာ မသိပါ။ ခံတွင်းသန့်ရှင်းရေး အရေးကြီးတယ်။ စာ;ပြီးတိုင်း ပလုပ်ကျဉ်းတာ ကောင်းတယ်။ မနက်ထနဲ့ လည်ပင်းနာရင် ဆားရည်နဲ့ပါးစပ်ဆေးတာကောင်းတယ်။ သွားတိုက်ရင် သွားတိုက်တံက မမာရပါ။ သွားတိုက်ဆေး အဆန်းတွေမကောင်းပါ။ သွားကိုအထက်-အောက်တိုက်ရမယ်။ လျှာကိုပါ တခါတည်းတိုက်ရမယ်။

Floss ခေါ်တဲ့ကြိုးစနဲ့သန့်တာ စောသေးတယ်။ Chewing gum သကြားမပါတာကို ငုံပါ။ စုပ်ရတဲ့ အစားအစာမျိုးမှာ သကြားမပါရင် ပိုကောင်းတယ်။ ကြော်ညာပြီးရောင်းတဲ့ဆေးရည်တွေကို သတိပြုသုံးပါ။

လျှာကို ညင်ညင်သာသာ တနေ့ ၂ ခါ သန့်ရှင်းပါ။ လျှာပေါ်က ဗက်တီးရီးယား၊ အစာအကြွင်းအကျံတွေနဲ့ အကျိအချွဲတွေ ရှင်းဘို့ လျှာဆေးကရိယာသုံးပါ။ ဇွန်းနဲ့လဲ လုပ်လို့ ရပါတယ်။ လျှာကို မခိုက်မိပါစေနဲ့။ လျှာနောက်နားမှာ ရှိနေတဲ့ အရသာခံ အသီး-အဖုလေးတွေကို မထိခိုက်စေပါနဲ့။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ