Restroom အိမ်သာအကြောင်း


ဆရာ မင်္ဂလာပါရှင့်။ ကျွန်မက အသက်၂၈ နှစ်၊အိမ်ထောင်မရှိ အပျိုပါ။ အခုဖြစ်နေတဲ့ ဝေဒနာကတော့ (စကားရိုင်းရင် ခွင့်လွှတ်ပါ) ဆီးလမ်းကြောင်း ယားယံနေပါတယ်။ ရာသီမလာခင် အဖြူဆင်းလေ့ရှိပါတယ်။ ယားယံခြင်းဖြစ်နေစဉ်မှာတော့ အဖြူခပ်ပျစ်ပျစ်တွေ ဆင်းနေပါတယ်ရှင့်။ အနံအသက်တော့မရှိပါ။ Metronidazole ကို သောက်ကြည့်တာ တရက်ပဲ ရှိပါသေးတယ်။ မသက်သာသေးပါ။ ကျွန်မတို့ရုံးမှာသုံးတဲ့ toilet မှာ အလိုအလျောက် သန့်စင်စနစ်နဲ့ပါ။ အပေါ့အလေးသွားတိုင်း ခလုတ်နှိပ်ရုံနဲ့ အလိုအလျောက်ရေပန်းထွက်လာပြီး သန့်စင်ပေးပါတယ်။ နောက်မှရှေ့သို့ နည်းနဲ့ပါ။ ၎င်းအိမ်သာစနစ်ကို သုံးမိပါတယ်။ ဖြစ်နိုင်ချေကို ပြောပြတာပါရှင့်။ ဆရာ့ဆီမှ လမ်းညွှန်မှုကို သိပါရစေရှင့်။

အိမ်သာသုတေသနတွေထဲမှာ မဖတ်ဘူးသေးတာတချက်က ကျွန်တော့်အမြင်မှာ ဆောင့်ကြောင့်ထိုင်ဟာ လိပ်ခေါင်းနဲ့ သားအိမ်ကျတာအတွက် အတော်ကို မကောင်းပါ။ ရေနွေးသုံးတာ လိပ်ခေါင်းနဲ့ မွေးလမ်းရောဂါ တချို့အတွက် သင့်မြတ်တယ်။ တွိုင်းလက်-ပေပါ ခေါ် စက္ကူသုံးတာ လိပ်ခေါင်းရှိနေသူတွေ မသင့်ပါ။ ရေသုံးတာ ကောင်းတယ်။ ရေနွေးက ပိုကောင်းတယ်။

စအိုနေရာမှာ တခုခုဖြစ်ရင် Sitz bath ရေနွေးထိုင်နည်းကောင်းတယ်။ ဒီလိုဖြစ်တာတွေကို သက်သာစေမယ်။
- လိပ်ခေါင်း၊
- ဂရင်ဂျီနာ၊
- အစာဟောင်းလမ်း ခွဲစိတ်ကုသရခြင်း၊
- ကလေးဖွါးတဲ့အခါ မွေးလမ်းချဲ့ပြီး ပြန်ချုပ်ထားခြင်း၊
- သားအိမ်နာခြင်း၊
- Inflammatory bowel disease အစာလမ်းရောင်ရောဂါ၊
- ဆီးအိမ်ရောင်ခြင်း၊
- ဆီးကျိတ်ရောင်ခြင်း နဲ့
- ဗဂျိုင်းနားရောင်ခြင်းတွေအတွက် သုံးနိုင်တယ်။

နိုဝင်္ဘာ ၁၉ ရက်နေ့ကို ကမာ့္ဘ့အိမ်သာနေ့လို့ ကုလသမဂ္ဂကသတ်မှတ်ထားပါတယ်။ လူ ၂့၎ ဘီလီယန် ကတော့ စနစ်ကျတဲ့အိမ်သာမရှိကြပါ။ လူ ၁ ဘီလီယန်ကတော့ ဟင်းလင်းပြင်မှာသာ အညစ်အကြေး စွန့်နေကြရတယ်။ အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်က သန့်ရှင်းတဲ့အိမ်သာနဲ့ မနေနိုင်ကြပါ။ နောက်ဆက်တွဲဆိုးကျိုးကတော့ သန့်ရှင်းရေးနဲ့ဆိုင်တဲ့ ကူးစက်ရောဂါတွေရလို့ လူတွေသန်းနဲ့ချည်ပြီး သေဆုံးနေကြရတယ်။ ကလေးတွေ သေဆုံးတာက ပိုများတယ်။ ကမ္ဘာပေါ်မှာ ရေအလုံအလောက်ရှိပေမယ့် စီးပွါးရေးနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်မှု ညံ့ဖျင်းလို့ အဲလိုဖြစ်နေရတာပါ။

အိမ်သာ အလွန်တရာ အရေးကြီးတယ်။ ဘယ်တိုင်းပြည်မဆို တိုးတက်သလား၊ အိမ်သာကိုကြည့်ရင် သိပါမယ်။ ကျွန်တော်တို့မှာ ယင်လုံအိမ်သာသုံးကြပါ ပြောနေရသေးတဲ့အဆင့်က မတက်သေးပါ။ ဆောင့်ကြောင့်ထိုင်တာ၊ ဘိုထိုင်အိမ်သာ၊ တစ်ရှူးသုံးတာ၊ ရေသုံးတာ၊ အလိုအလျှောက်ရေပန်းထွက်တာ၊ ရွှေနဲ့လုပ်ထားတာ အမျိုးမျိုးရှိတယ်။ ဒူးမတ်ထိုင်တာဖြစ်ရမယ်။ တစ်ရှူးသုံးတာထက် ရေသုံးတာက စအိုလမ်းရောဂါတွေအတွက် ပိုကောင်းတယ်။ ရေနွေးရရင် အကောင်းဆုံးဖြစ်တယ်။ အမျိုးသမီးတွေ သန့်စင်ဆေးရည်တွေ မသင့်ပါ။ ဗဂျိုင်းနားပိုးဝင်ခြင်းရောဂါ ရှိနေသူတွေသာ အခိုက်အတန့်လိုပါတယ်။

Sitz bath ရေနွေးထိုင်နည်း https://doctortintswe.blogspot.com/2014/11/sitz-bath.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ