Cholestrol လျှော့ချလိုပါသလား (တန်ဘိုးနည်းဝန်ပါ နည်း)


ကိုလက်စထရော(သွေးကြော
တွင်းအဆီ)သည်ပိန်ခြင်း။ဝခြင်းနှင့်
မဆိုင်။ထိုဓါတ်များလွန်းနေပါက
သွေးတိုး။နှလုံးရောဂါ များဖြစ်နိုင်သ
ဖြင့် လူတိုင်း ချလိုကြသည်။

ထိုဓါတ်ကျစေရန် ဆေးအမျိုး
မျိုး။တန်ဘိုးကြီး နင်္ဂါးမောက်သီးအ
ပါအဝင် သစ်သီးများကိုဝယ်ယူစားသောက်ကြရ
သဖြင့်ကုန်ကျမှု များပြားပါသည်။

နင်္ဂါးမောက်သီးနှင့်ပါတ်သက်
၍ အမှတ်တရလေးရပါ။နှစ်အတော်ကြာပါပီ။သီလရှင်ကျောင်း
တခုသို့ရောက်သွားပြီးဆရာကြီးနှင့်
စကားပြောနေစဉ်သီလရှင်လေးမှ
ထန်းသီးကင်းသာသာရှိ နီရဲရဲ အသီး
တလုံးအားယူသွားကာ ခွဲစိတ်ပြီး
လာချပါသည်။

ဆရာကြီးက များများစားပါ။
ယိုးဒယားကပြန်လာတဲ့ ဒဂါကြီးလာ
လှူ တာ။မြန်မာငွေဆို ၂၀၀၀ိ ကျော်
တယ်။ကိုလက်စထရော တအားကျ
တယ်။ နင်္ဂါးမောက်သီး။

မြင်ရတာကတော့ နှမ်းအမဲ
စေ့လေးတွေမြှုတ် ထားသလိုဘဲ။
မကြားဘူး မမြင်ဘူးပါ။စားကြည့်
တော့ သိပ်မကြိုက်။ မြန်မာမှာ မစိုက်
ကြသေးတဲ့ အချိန်ပါ။
(လူအများက သီလရှင်မှန်သမျှ ကို
ဆရာလေးဟုခေါ်ဝေါ်ကြသော်လည်း
ကျောင်းထိုင်ကိုဆရာကြီးဟုခေါ်ရ
သည်။ကျောင်းထိုင်ကိုဆရာလေးဟု
သုံးနှုန်းမိလျှင် အစားကောင်းနှင့်
ဧည့်ခံမည်မဟုတ်)

ဆေးစရိတ် ကုန်ကျများမည့်
မည်မဟုတ်ဘဲ
တန်ဘိုးနည်း ဝန်ပါနည်းက

ကွမ်းရွက်ကို ထုထောင်း။
အရည်ကိုစတီးဇွန်းတဇွန်းစာ ရ
အောင်ညှစ်။တကြိမ်သောက်။
တရက်ကို(၂)ကြိမ်သောက်ပါ။
(၇)ရက်ဆက်တိုက်သောက်ပါ။

ဆေးရည်သောက်ပြီးဆေးပြန်
စစ်ပါ။မူလစစ်ထားသည်ထက်
ကိုလက်စထရောများကျသွားပြီး
ပုံမှန်ဖြစ်သွားသည်ကိုတွေ့ရမည်။

Myawady Health
https://www.facebook.com/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ