နွေရာသီ၏ ညဥ့်ဦးအပူချိန်မှာ နေ့ခင်းဘက်အပူချိန်ထက် လူသားများအား ဒုက္ခပေးနိုင်ကြောင်း ဟောင်ကောင်သုတေသီများထုတ်ပြန်


ဟောင်ကောင်သုတေသီများက လာမည့် ၂၀၅၀ ခုနှစ်ခန့်တွင် နွေရာသီကာလညဥ့်ဦးအပူချိန်မှာ နေ့ခင်းဘက် အပူချိန်များထက် လူသားတို့အား ပိုမိုဒုက္ခပေးနိုင်ဖွယ်ရှိနေကြောင်း သြဂုတ်လ၆ရက်နေ့က သတိပေးချက် ထုတ်ပြန်သွားခဲ့သည်။ ဟောင်ကောင်သိပ္ပံအကယ်ဒမီမှ သုတေသီများက အပူချိန်များမြင့်မားလာခြင်းနှင့်ပတ်သက်ပြီး သုတေသနလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ရာသီဥတုဖောက်ပြန်မှုနှုန်းမြင့်မားလာခြင်းကြောင့် အနာဂတ်တွင် အပူချိန်မှာ လူသားတို့၏ အသက်အန္တရာယ်ကို ဆိုးဝါးစွာ ဒုက္ခပေးနိုင်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ဟောင်ကောင်သုတေသီများက ကမ္ဘာတစ်ဝှမ်း ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော အပူချိန်မှတ်တမ်းများကို စစ်တမ်းကောက်ယူပြီး သုတေသန လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ အပူချိန်မြင့်မားမှုကြောင့် ကမ္ဘာ့လူဦးရေသေဆုံးမှုမှာ ယခင်ထက် ၇ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းခန့်အထိ တိုးလာဖွယ်ရှိနေကြောင်းလည်း သတိပေးသွားခဲ့သည်။

 ဟောင်ကောင်နိုင်ငံသည်လည်း အပူချိန်မြင့်မားသည့် နိုင်ငံများ စာရင်းတွင်ပါဝင်ခဲ့ပြီး စစ်တမ်းများအရ ယမန်နှစ်က ဟောင်ကောင်နိုင်ငံတွင် လူသားတို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခဲ့သည့် အပူချိန်ပမာဏရောက်ခဲ့သည့် ရက်အရေအတွက်မှာ ၃၈ ရက်ခန့်ရှိခဲ့ကြောင်းလည်း ထုတ်ပြန်သွားခဲ့သည်။ International Journal of Biometeorology သိပ္ပံဂျာနယ်တွင် ဟောင်ကောင်သုတေသီများ ရေးသားထုတ်ဝေခဲ့သည့် ဆောင်းပါးအရ ဟောင်ကောင်နိုင်ငံတွင်လည်း လာမည့် ၂၀၅၀ ခုနှစ်တွင် အပူချိန်မြင့်မားမှု ပြဿနာကြောင့် လူဦးရေသေဆုံးမှု မြှင့်တက်ဖွယ်အလားအလာတွေ့မြင်နေရကြောင်း သိရသည်။

 ဟောင်ကောင်သုတေသီခေါင်းဆောင်ဖြစ်သူက “လာမယ့် ၂၀၅၀ ခုနှစ်လောက်မှာ နေ့စဉ်ရက်ဆက် အပူချိန်မြင့်တက်မယ့် အလားအလာတွေ့မြင်နေရတယ်၊ နေ့ခင်းဘက် အပူချိန်တွေက ညခင်းဘက် အပူချိန်လောက်တော့မများဘူး၊ ညခင်းဘက် အပူချိန်တွေက လူသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ အလားတစ်ရပ် တွေ့မြင်နေရတယ်၊ ဒါတွေကို ထိန်းချုပ်နိုင်ဖို့ဆိုရင်တော့ ရာသီဥတုဖောက်ပြန်မှု ထိန်းချုပ်ရေး စီမံချက်တွေကို အခုကတည်းက အရှိန်အဟုန်နဲ့ လုပ်ဆောင်သွားသင့်တယ်” ဟုမှတ်ချက်ပြုသွားခဲ့သည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ