ဆီနဲ့ ကြော်ထားတဲ့ အစားအစာ တွေဟာ နှလုံးရောဂါနဲ့ ကင်ဆာ ဖြစ်နိုင်ချေကို လျော့ကျစေနိုင်


ကျွန်ုပ်တို့ဟာ ငယ်စဉ်ကတည်းက ဆီနဲ့ကြော်လှော်ထားတဲ့ အစားအစာတွေဟာ မကောင်းဘူးလို့ အပြောခံခဲ့ရပါတယ်။ ဒါပေမယ့် Food Chemistry အဖွဲ့ရဲ့  လတ်တလော လေ့လာမှု တစ်ခုအရတော့ ကျွန်ုပ်တို့ ရဲ့ အစားအစာတွေထဲမှာ ကြော်လှော်ထားတဲ့ အရာတွေကို ပါဝင်သင့်တယ် ဆိုတာကို သိရှိခဲ့ရပါတယ်။

ထိုလေ့လာမှုဟာ အကြော်အလှော်တွေထဲကို ဟင်းသီးဟင်းရွက်တွေပေါင်းထည့်ဖို့ ကြိုးစားခဲ့ပါတယ်။ ခရမ်းချဉ်သီး ၊ ကြက်ဥ ၊ အာလူး ၊ ဖရုံသီး စတာတွေကို ဆီ ၊ ရေ နဲ့ ဆီနဲ့ရေ အရော စတာတွေထဲမှာ အသီးသီး ထည့်ပြီး ကြော်လှော် ခဲ့ကြပါတယ်။

ရလဒ်တွေအနေနဲ့ တွေ့ခဲ့ရတာကတော့ ဆီထဲမှာ ပါဝင်တဲ့ အန်တီအောက်ဆီဒန့် အရာ တွေဟာ ကိုလွန်ကင်ဆာ နဲ့ နှလုံးရောဂါတို့ ဖြစ်လာနိုင်ချေကို လျှော့ချပေးနိုင်တယ်ဆိုတာကို တွေ့ခဲ့ရပြီး ဆီထဲကို ရေထည့်ခြင်းဟာလည်း ထို ကွန်ပေါင်းပါဝင်မှုတွေကို တိုးမလာနိုင်စေဘူးဆိုတာကို တွေ့ခဲ့ရပြန်ပါတယ်။ တစ်နည်းအားဖြင့်တော့ အန်တီအောက်ဆီဒန့် ပါဝင်မှု များပြားခြင်းဟာ အဆီ ပါဝင်မှု မြင့်မားတာနဲ့ တူညီနေပေမယ့် အဲဒီလို အဆီ တွေလုံလောက်စွာ ပါဝင်နေခြင်းဟာလည်း ကျန်းမာရေးနဲ့ ပိုမို ညီညွတ်စေနိုင်တယ်လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။

Myawady Health
https://www.facebook.com/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ