အာဟာရနှင့် မျက်စိ ကျန်းမာရေး


မေး။ ဒီကနေ့ ဆွေးနွေး တင်ဆက်လိုတဲ့ အကြောင်းကတော့ အာဟာရနှင့် မျက်စိ ကျန်းမာရေးဆိုတဲ့ ခေါင်းစဉ်လေး ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ မျက်စိ အစဉ် ကျန်းမာနေအောင် ဘယ်လိုမျိုး အာဟာရတွေ မှီဝဲသင့်တယ်ဆိုတာ ပြောပြပေးစေ ချင်ပါတယ်။ ဖြေ။ မျက်စိဆိုတာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တော့ အစားအစာကို သင့်တင့်မျှတအောင် စားမယ်ဆိုရင် မျက်စိ ကျန်းမာရေးလည်း အမြဲကောင်းနေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် လိုအပ်တဲ့ အာဟာရ ဓာတ် ကတော့ carotenoid လို့ခေါ်တဲ့ အာဟာရဓာတ် ဖြစ်ပါတယ်။ သူကတော့ အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်ရှိတဲ့ အသီးအ ရွက်တွေမှာ အဓိက ပါဝင်ပါတယ်။ မုန်လာဥနီမှာ စတင်တွေ့ရှိလို့ carotenoid လို့ခေါ်ြ ခင်း ဖြစ်ပါတယ်။ မေး။ အဲဒီ carotenoid ဆိုတာ ဓာတ်ပစ္စည်း တစ်မျိုးတည်းကို ခေါ်တာလား။ ဒါမှမဟုတ် တစ်မျိုးထက် ပိုသလား။ ဘယ်လိုများ အရေးပါသလဲ ဆိုတာ သိပါရစေ။ ဖြေ။carotenoid ဆိုတာ ဓာတုဗေဒ ဖွဲ့စည်းပုံအရ Carotbon atom 40 ပါဝင်တဲ့Tetra-Terpenoid မှန်သမျှကို ခေါ်တာဖြစ်ပါတယ်။

 ကမ္ဘာပေါ်မှာ Carotenoid အမျိုးပေါင်း ၆ဝဝ ကျော်ရှိတယ်။ အခုအပင်တွေမှာ အဝါရောင်၊ လိ မ္မော်ရောင်၊ အနီရောင် စသည်ဖြင့် တွေ့မြင်နေရတာဟာ Carotenoid တွေကြောင့်ဖြစ်တယ်။ Carotenoid တွေသာ မရှိခဲ့ရင် ကျွန်တော်တို့ရဲ့ကမ္ဘာကြီးဟာ လှပသာယာမှာ မဟုတ်ပါဘူး။ ဒါ့အပြင် အဲဒီ Carotenoid တွေကို လူတွေက စားကြတဲ့အတွက် မျက်စိမှာ အမြင်အာရုံကို ရပါတယ်။ Carotenoid ကိုမစားခဲ့ရင် မျက်စိ အမြင်အာရုံတွေ ချို့ယွင်း လာပြီး အမြင်အာရုံ ချို့တဲ့ရာကနေ လုံးဝမမြင်ရတဲ့အထိ ဖြစ်သွား တတ်ပါတယ်။ မေး။ ခုနက ဆရာပြောသွားတဲ့ထဲမှာ Carotenoid အမျိုးပေါင်း ၆ဝဝ ကျော်လောက်တောင် ရှိတယ်ဆိုတော့ အဲဒါတွေ အားလုံးစားဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့ မလဲဆရာ။ ဒီတော့ အနည်းဆုံး လိုအပ်တဲ့ အရေ အတွက်ကိုလည်း သိပါရစေ။ ဖြေ။ မှန်ပါတယ်။ အမျိုးပေါင်း ၆ဝဝ ထဲမှာ ကျွန်တော်တို့ လူတွေစားလို့မရတဲ့ Carotenoid တွေက အများစုဖြစ်ပါတယ်။ စားလို့ရတာ အနေနဲ့ ၁ဝဝ လောက်ပဲရှိပြီး ကျွန်တော်တို့ရဲ့ သွေးထဲမှာတော့ ၁၉ မျိုးလောက် ပဲရှိပါတယ်။ အဲဒီထဲမှာမှ လူတစ်ယောက် ကျန်းမာနေဖို့ မဖြစ်မနေ စားသင့်တဲ့ Carotenoid တွေကခြောက်မျိုးပဲ ရှိပါတယ်။

အဲဒါ တွေကတော့- (၁) Beta-carotene ၊(၂) Alpha-carotene၊(၃) Lycopene ၊ (၄) Lutein၊ (၅) Zeaxanthin၊(၆) Asthaxanthin တွေ ပဲဖြစ်ပါတယ်။ မေး။ အပင်တွေမှာ Carotenoid တွေ ဘာကြောင့် ဖြစ်လာရတယ် ဆိုတာရယ်၊ ဘယ်လိုများ အသုံးဝင်တယ် ဆိုတာလည်း ဗဟုသုတအဖြစ် ပြောပြပေးပါ ဆရာ။ ဖြေ။ Carotenoid တွေရဲ့ အဓိက တာဝန်ကတော့ နေရောင်ခြည်ရဲ့ ဒဏ်ကနေ ကာကွယ်ပေးဖို့ ဖြစ်တယ်။ အပင်ဆိုတာ မနက်မိုးလင်းတဲ့ အချိန်ကနေ ညနေနေဝင်တဲ့ အချိန်အထိ နေပူထဲမှာ တစ်နေကုန် နေနေရတာ ဖြစ်တယ်။ နေ ရောင်ခြည်ထဲမှာပါတဲ့ ခရမ်းလွန် ရောင်ခြည်ဟာ အလွန်ပြင်းထန်တဲ့အတွက် အကယ်၍ Carotenoid တွေသာမရှိခဲ့ရင် အပင်တွေဟာ ခဏနဲ့ခြောက်သွေ့ လောင်ကျွမ်း ပျက်စီးသွားမှာ ဖြစ်ပါတယ်။ Carotenoid တွေဟာ ခရမ်းလွန်ရောင် ခြည်ရဲ့ဒဏ်ကနေ ကာကွယ်ပေးပါတယ်။ သူဟာ အပင်သက်ရှိနေစဉ်မှာနေ့စဉ် တည်ဆောက်လိုက်၊ ပျက်စီးလိုက်ဖြစ် ပျက်နေတာ ဖြစ်ပါတယ်။ ဥပမာ-သင်္ဘောသီးတစ်လုံးကို ကြည့်ရင် အစိမ်းရောင်နဲ့ အဝါရောင်၊ လိမ္မော်ရောင်၊ အနီ ရောင် စသည်ဖြင့် တွေ့ရမှာပါ။ အစိမ်းရောင်ကတော့ ကလိုရိုဖီးကြောင့်ဖြစ်ပြီး အသီးကြီးထွားဖို့ နေရောင်ခြည်ရဲ့ အကူအညီနဲ့ အစာချက်တည်ဆောက်တဲ့ အ လုပ်ကို လုပ်ပါတယ်။ ကျန်တဲ့ အဝါရောင်၊ လိမ္မော်ရောင်၊ ပန်းရောင်တွေဟာ Carotenoid တွေဖြစ်ပြီး နေရောင်ခြည်ကြောင့် အသီးမပျက်စီးအောင်၊ အထူးသဖြင့် အတွင်းမှာရှိတဲ့ မျိုးစေ့လေးတွေ မပျက်စီးအောင် ကာကွယ်ပေးထားတာ ဖြစ်တယ်။ ဒါမှသာ ဒီအပင်ရဲ့မျိုးဆက်ကို ဆက်လက် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ အရွက်တွေမှာ ဆိုရင်လည်း ဒီအတိုင်းပါပဲ။ မေး။ အပင်မှာတော့ ရှင်းပါပြီဆရာ။ လူတွေမှာရော Carotenoid တွေစားရင် ဘယ်လို အကျိုးရှိပါသလဲ ဆရာ။ ဖြေ။ အဓိက အကျိုးကျေးဇူး သုံးခုရှိပါတယ်။

(၁) UV Protection- နေရောင်ခြည်ရဲ့ ဒဏ်ကနေ ကာကွယ်ပေးခြင်း ဖြစ်ပါတယ်။ ခုနက အပင်တွေမှာလိုပေါ့၊ ကျွန် တော်တို့စားလိုက်တဲ့ ဥပမာ-သင်္ဘောသီးကိုစားရင် သူ့မှာပါတဲ့ Carotenoid တွေဟာ အူနံရံကနေ တစ်ဆင့်စုပ်ယူပြီး သွေးထဲကို ရောက်ပါတယ်။ အဲဒီကနေ လူရဲ့ အရေပြား နေရာအနှံ့ကို ရောက်ပါတယ်။ အရေပြားရဲ့အောက်မှာ subcataneous fat လို့ခေါ်တဲ့ အဆီပျဉ်ရှိပါတယ်။ အဲဒီအဆီပျဉ်ထဲမှာ ပျော်ဝင်သွားပြီး နေပါတယ်။ ဒီတော့ နေရောင် ခြည်နဲ့ ထိတွေ့ခဲ့ရင် အရေပြားကို ဖောက်ပြီး အတွင်းမှာရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကို မထိခိုက်အောင် ကာကွယ် ပေးထားတဲ့ သဘောပါ။ (၂) Antioxidant action- Carotenoid အများစုဟာ Antioxidant action ရှိကြပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ free radical တွေကိုဖျက်ဆီးနိုင်လို့ ခန္ဓာကိုယ်ကို ပျက်စီးခြင်း၊ အိုမင်းရင့်ရော်ခြင်းတွေကနေ ကာကွ ယ်ပေးပါတယ်။ (၃) ဗီတာမင်အေ တည်ဆောက်ရာမှာ အဓိက ကုန်ကြမ်းတွေ ဖြစ်ပါတယ်။ Carotenoid တွေအားလုံးကတော့ ဗီတာ မင်အေအဖြစ်ကို မပြောင်းနိုင်ပေမယ့် Beta-carotene တို့ Alpha-carotene တွေဟာ ခန္ဓာကိုယ် ထဲ ရောက်ရင် ဗီတာ မင်အေအဖြစ်ကို ပြောင်းသွားကြပါတယ်။ ဒါကြောင့်သူတို့ကို Arovitamin A လို့ခေါ်ပါတယ်။ Carotenoid မစားခဲ့ရင် ဗီတာမင်အေ ချို့တဲ့လာပြီး အမြင်အာရုံတွေ ထိခိုက်လာမှာ ဖြစ်ပါတယ်။ မေး။ Carotenoid တွေဟာ မျက်စိကိုဘယ်လိုများ အကျိုးပြု ပါသလဲဆရာ။

 ဖြေ။ အများကြီး အကျိုးပြုတာပေါ့။ ခုနက ပြောခဲ့သလိုပဲ အချက်(၃)ချက်ဟာ ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းကို မဆို ဒီအတိုင်း အကျိုးပြုတာ ချည်းပါပဲ။ မျက်စိနဲ့ ပတ်သက်လို့ ကြည့်ရင်လည်း- (၁) UV-protection-မနက်မိုးလင်း ကတည်းက မျက်စိနှစ်လုံးကိုဖွင့်ပြီး သွားကြလာကြ လုပ်ကိုင်လှုပ်ရှားကြရတော့ နေရောင်ခြည်က မျက်စိထဲကို ဝင်ရောက်လာပါတယ်။ အထူးသဖြင့် နေပူထဲထွက်ရင် ပိုဆိုးပါတယ်။ နေရောင်ခြည်ဟာ ပထမ lens လို့ခေါ်တဲ့ မှန်ဘီလူးခုံးကိုဖြတ်ပြီး မျက်စိအတွင်းမှာရှိတဲ့ Retina လို့ခေါ်တဲ့ အမြင်အာရုံခံ အလွှာကို ရောက်ပါတယ်။ အဲဒီကိုရောက်မှ အမြင်အာရုံကို ရတာဖြစ်ပါတယ်။ အဓိက focus လုပ်တဲ့ နေရာတွေကို Macular လို့ခေါ်ပါတယ်။ အလင်းတန်း တည့်တည့်ကျတဲ့ နေရာကိုတော့ Fovea လို့ခေါ်ပြီး အဲဒီနေရာတွေကို အလင်းရောင်ဟာ ဆုံမှတ်အဖြစ် ကျရောက်မှ ကောင်းကောင်း မြင်ရပါတယ်။ ဒီတော့ ကြာရင် နေရောင်မှာပါတဲ့ UV ကြောင့် Lens တွေဟာလည်း တ ဖြည်းဖြည်း ပျက်စီးလာပြီး တိမ်စွဲလာပါတယ်။ အတွင်းမှာရှိတဲ့ macular ဟာလည်း ပျက်စီးလာတာကို Macular degeneration လို့ခေါ်တယ်။ အသက်ကြီးလေ နေရောင်နဲ့ ထိတွေ့ရတဲ့ကာလ ကြာရှည်လာပြီးတော့ အသက်ကြီးတဲ့ လူတွေမှာဖြစ်တာကို AMD(Age-related Macular Degeneration) လို့လည်းခေါ်ကြပါတယ်။ အဲဒီနေရာမှာ ရှိတဲ့ Carotenoid က Retina နဲ့ Macular မှာဆိုရင် Lutein ရှိနေပြီး Fover မှာ Xeazanthin ရှိပါတယ်။ သူတို့တွေ လုံလုံလောက်လောက် ရှိနေရင် UV ရဲ့ ဒဏ်ကနေ ကာကွယ်ပေးထားလို့ ခုနကလို တိမ်စွဲတာတို့၊ AMD တို့မဖြစ်အောင် ကာကွယ်ပေးပါတယ်။

 (၂) ဒုတိယအနေနဲ့ Antioxidant ဆိုရာမှာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ Free radical တွေဟာ မျက်စိကို အမြဲဖျက်ဆီးနေပါတယ်။ အထူးသဖြင့် Carotenoid တွေဟာ ပိုဆိုးပါတယ်။ (၃) တတိယအနေနဲ့ မျက်စိအမြင်အာရုံရဖို့ ဗီတာမင်အေလိုပါတယ်။ လိုအပ်တဲ့ ဗီတာမင်အေကို Carotenoid တွေက သာ ပေးစွမ်းနိုင်တာမို့ နေ့စဉ်စားထားတဲ့ အစားအစာထဲမှာ အဝါရောင်၊ အနီရောင်တွေပါနေဖို့ အရေးကြီးလှပါတယ်။ မေး။ ဒါဆိုရင် မျက်စိအားကောင်းဖို့ ဘယ်လိုမျိုးအစားအစာတွေ စားသင့်တယ်ဆိုတာလည်း သိပါရစေ။ ဖြေ။ ဒီနေရာမှာ အာဟာရအုပ်စု နှစ်စုခွဲနိုင်ပါတယ်။ (၁) ပထမအုပ်စုကတော့ ဗီတာမင်အေရရှိဖို့ Beta-carotene ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ အဝါရောင်အသီးတွေ ဖြစ်ပါတယ်။ ဥပမာ-သင်္ဘောသီး၊ သရက်သီး၊ ရွှေဖရုံသီး၊ မုန်လာဥနီ စတာတွေ ဖြစ်ပါတယ်။ (၂) ဒုတိယ အုပ်စုက တော့ မျက်စိကို မပျက်စီးအောင် ကာကွယ်ပေးတဲ့ အစားအစာ အုပ်စုဖြစ်ပါတယ်။ Lutein နဲ့ Xeazanthin ပါဝင်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ဥပမာ- ရွှေဖရုံသီး၊ မုန်ညင်းရွက်၊ မာလကာသီး၊ ပြောင်းဖူးနဲ့ ကြက်ဥတို့ ဖြစ်ပါတယ်။ ဒါတွေစားထားခဲ့ရင် မျက်စိကို UV တွေရဲ့ဒဏ်ကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ မေး။ အစားအစာ မစားဖြစ်တဲ့ သူတွေအနေနဲ့ ဆေးသောက်မယ် ဆိုရင်ရော ရပါသလား ဆရာ။ ဖြေ။ ရပါတယ်။ ခုနကပြောတဲ့ အစားအစာတွေကို မစားဖြစ်ခဲ့ရင် အဲဒီအစားအစာတွေကနေ ထုတ်ထားတဲ့ သဘာဝ ဆေးဝါးတွေကို မှီဝဲနိုင်ပါတယ်။ ကျွန်တော်တို့ FAME အနေနဲ့ Phototec ဆိုတဲ့နာမည်နဲ့ ထုတ်လုပ် ထားပါတယ်။ Photo ဆိုတာက အလင်းရောင်လို့ အဓိပ္ပာယ်ရပြီး tec ဆိုတာကတော့ Protection ကနေယူထားတာ ဖြစ်ပါတယ်။ ကာကွယ်ပေးခြင်းလို့ဆိုလိုတာပါ။ မျက်စိကို အလင်းရောင်တွေကနေ ကာကွယ်ပေးဖို့ အထူးသဖြင့် UV ကနေ ကာကွယ်ပေးတဲ့ ဆေးဖြစ်ပါတယ်။ သူကတော့ Lutein 10 mg နဲ့ Xeazanthin 5 mg ပါဝင်ပြီး ရောဂါကာကွယ်ရေး အတွက် တစ်ခါသောက်တစ်လုံး တစ်နေ့နှစ်ကြိမ် သောက်နိုင်ပါတယ်။ ဗီတာမင်အေပါတဲ့ ဆေးတွေကတော့ ဈေးကွက်ထဲမှာ အများကြီး ရှိပါတယ်။ အရင် BPI ကထုတ်တဲ့ AD vit လိုဆေး မျိုးတွေမှာလည်း ပါသလို Multivitamin အားဆေး အတော်များများမှာလည်း ပါဝင်တာ တွေ့ရပါ မယ်။ ကလေးတွေ ကို ဗီတာမင်အေ အားဆေး တိုက်ကျွေးတဲ့ အစီအစဉ်ကိုလည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ပြုလုပ် ပေးလျက်ရှိပါတယ်။ ဟုတ်ကဲ့။ အခုလို ဖြေကြားပေးတဲ့အတွက် မြဝတီ သတင်းစာ အဖွဲ့က ကျေးဇူး အများကြီး တင်ပါတယ်ဆရာ။ ။

Myawady Health
https://www.facebook.com/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ