သည်လို ညမျိုး ချောင်းတွေဆိုးခဲ့လျှင်


နေ့ ခင်းပိုင်းအချိန်များတွင် ချောင်းဆိုးခြင်းသည် မသိလိုက် မသိသာ ဖြစ်ပေမဲ့ ညည ချောင်းဆိုးရင် အလွန်ပင် ဒေါသဖြစ်စရာတစ်ခုလို့ ဖြစ်ကြပါတယ် ။ နေ့ ခင်းပိုင်းချောင်းဆိုးခြင်းကြတော့ ဟိုသွားလိုက် ဒီသွားလိုက်ဖြစ်ပြီး နေ့ ခင်းအပူလည်းရှိ နေ့ ခင်းခန္ဓာကိုယ်လုပ်ရှားသည့်အတွက် ကိုယ်အပူငွေ့ လည်းရှိ စိတ်အသိစိတ်တွေကလည်း မသိမှု့ အတွက် ကြောင့် သတိမထားမိကြဘူးပေါ့ ။
ညရောက်ပြီဆိုရင် လူခန္ဓာကိုယ်ကြီးက နေ့ ခင်းတစ်နေ့ လုံး သွားလာလှုပ်ရှားထားလေတော့ ပင်ပန်းလာပြီး အိပ်ယာပေါ်လဲပြီး အိပ်တော့မယ်လုပ်တော့မှ တစ်ဟွတ်ဟွတ်နဲ့  ချောင်းကဆိုးလာတော့သည် တစ်ခါတစ်ရံ ချောင်းကဆိုးလိုက် လည်ပင်မှာ ယားယံပြီး ဆိုးလိုက် အိပ်ဖို့ ရာတောင် အိပ်ရေးပျက်ရရသည်အတွက် သည်လို ညမျိုး ချောင်းတွေဆိုး လာပြီဆိုရင် အလွန်ပင် စိတ်ဒေါသဖြစ်ရပါတော့သည် ။

နေ့ ခင်းဖက်တွေလည်ပင်းယားယံဆိုးနေခဲ့ရင် သက်သာစေသည့် အကြောင်းတင်ပြခဲ့ဘူးပါသည်ယခုလည်း ထပ်ရေးလိုက်ပါမည် သောက်ရေ (ရေခဲရေမဟုတ် ) ကို ဝဝ သောက်သုံးပေးလိုက်ပါ ။

ညဖက်ဖြစ်ခဲ့ရင်တာ့ ရေနွေးကြမ်းပူပူလေးထဲကို ပျားရည်ထည့်သောက်ပေးခြင်းဖြင့် သက်သာစေနိုင်သလို့ ရေနွေးပူပူလေးထဲကို အိပ်သုံးဆားခတ်ပြီး ပလုပ် ကျင်းပေးပါက သက်သာစေပါတယ် ။ နောက်နေ့ အတွက် ဆေးခန်းမသွားမှီ ဆေးမသောက်ခင် လုပ်ဆောင်သင့်သည့် နည်းလေးပါ ။ ညမှာဖြစ်တော့ ဆေးဆိုတာအရန်သင့်မရှိသည်အခါတွင် လုပ်ဆောင်ပေးခြင်းဖြင့် ညညဆိုးသည့်ချောင်းအတွက်တော့ သက်သာပြီး အနားယူအိပ်စက်သွားပါလိမ့်မည် ခင်ဗျာ ။

သည်လိုချောင်းမျိုးတွေ ၁၀ ရက်ကျော်ပြီး မသက်သာဘူး ဆက်လက်ပြီးဆိုးနေအုံးမယ်ဆိုပါက ဆေးခန်းကိုပြသရပါလိမ့်မည် ။

အရင်တင်ပြထားသည့် သလိပ်အရောင်အကြောင်း ၊ ချောင်းနှင့်ပတ်သက်သည့်ရေးသားချက် နှင့် အဆုတ်အကြောင်း ကိုဆက်လက်ဖတ်ရှု့ စေချင်ပါသည် ။ကျန်မားရေးအသိစာစုများဖတ်ရှု့ သိရှိပြီး နေထိုင်စားသောက်ခြင်းဖြင့် အသက်ရာကျော် ရှည်ကြပါစေ ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ