အအေးမိတုပ်ကွေးလက်ကျန် လည်ချောင်းနာခြင်း သက်သာပျောက်ကင်းစေရန်


အခုလိုရာသီအပြောင်းအလဲတွင် မိုးလည်းမိ အအေးပတ်ပြီး လူအများအပြား အအေးမိ တုပ်ကွေးဖြစ်သူ များပြားလာပါတယ် ကလေးလူကြီးမရွေးဖြစ်တက်ပါတယ် အဲဒီတုပ်ကွေးကြောင်းနောက်ဆက်တွဲ လည်ချောင်းနာတဲ့ ဝေဒနာရှင်တွေ အများအပြား ရှိကြပါတယ်။ လည် ချောင်းနာနေချိန်မှာ အစာတစ်ခုခု မျိုလိုက်တိုင်း လည်ချောင်း နာကျင်နေတတ်သလို့  ပူစပ်ပူလောင် အဖြစ် လည်ချောင်းထဲတွင် ခံစားဖြစ်ပေါ်လာတက်ပါတယ် ။ လည်ချောင်းနားခြင်းကြောင်း စိုးရိမ်စရာအဖြစ်တော့ မရှိပါဘူး များသောအားဖြင့် လည်ချောင်းနာခြင်းသည် ဗိုင်းရပ်စ်ပိုးကြောင့်လည်းဖြစ်ပါတယ် ။

လည်ချောင်းနာ သက်သာပျောက်ကင်းစေရန်အတွက် အာခေါင်လည်ချောင်း ခြောက်သွေ့ လေ လည်ချောင်းနာခြင်း ဝေဒနာ ခံစားမှု့ က တင်းကြပ်ခံစားမှု့ ဖြစ်ပေါ်လာလေဘဲ ဖြစ်ပါတယ် ။အဲလို မဖြစ်ပေါ်စေရန် စိုစွတ်နေမှု့ ဖြစ်ပေါ်စေရန်အတွက် အရည်တစ်ခုခုကို သောက်သောက်ပေးပါ ။

လည်ချောင်းခြောက်ပြီး နာကျင်ခြင်းမဖြစ်စေရန် အရည်များများ သောက်ပေးပါ ။ သံပုရာရည် ခတ်ထားသည့် ရေနွေးကြမ်း ပူပူကိုလည်း သောက်သုံးနိုင်ပါတယ် ။ငုံဆေးငုံပြီးတော့လည်း သက်သာအောင် လုပ်ဆောင်နိုင်ပါတယ် ။အိပ်ရေးဝဝလင်လင် အိပ်ဖို့ လည်း လိုအပ်ပါတယ် ။

လည်ချောင်းတွေလည်း နာနေမယ် ကိုယ်လက်ကိုက်ခဲခြင်းလည်း ဖြစ်ပေါ်နေမယ်ဆိုခဲ့ပါက အကိုက်အခဲပျောက်ဆေးဖြစ်သော ပါရာစီတမော ၊ အိုင်ဗျူပရိုဖန် အစရှိသည့် အကိုက်အခဲပျောက်ဆေးကို သောက်သုံးနိုင်ပါတယ် ။သောက်သုံးနိုင်တာကို ပြောပေမဲ့ မိမိတွင် မတည့်ခြင်း ၊ မသောက်သင့်သည့်အကြောင်းအရာများရှိနိုင်သည့်အတွက် အခုလို့  လည်ချောင်းနာနေခြင်း ရက်ကြာကြာခံစား ဖြစ်ပေါ်နေမည်ဆိုပါက တစ်ခြားဆေးတစ်မျီုးဖြင့် ပြောင်းလဲ ကုသနိုင်ရန်အတွက် နီးစပ်ရာ ဆေးခန်းသို့ သွားရောက်ပြသကုရန်လိုအပ်ပါသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ