ကာလ၀မ်းရောဂါ၊ အငတ်ဘေးနှင့် ပဋိပက္ခတို့က ယီမင်ကို ချောက်နှုတ်ခမ်းပါးစွန်းသို့တွန်းပို့နေ


စစ်မက်ဖြစ်ပွားလျက်ရှိသော ယီမင်နိုင်ငံ၌ ကာလ၀မ်းရောဂါကူးစက်ပြန့်ပွားလျက်ရှိ ပြီး အငတ်ဘေးနှင့် ရင်ဆိုင်နေရခြင်းတို့သည် ယင်းနိုင်ငံကို ချောက်ကမ်းပါးစွန်းသို့တွန်းပို့ နေခြင်းဖြစ်ကြောင်း ကုလသမဂ္ဂမှ ထိပ်တန်း တာဝန်ရှိသူတစ်ဦးက သြဂုတ် ၂ ရက်တွင် ပြောသည်။

ယီမင်နိုင်ငံသည် ဆင်းရဲသောအာရပ်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း၊ အကျင့်ပျက်ခြစားမှုများ၊ အုပ်ချုပ်မှုညံ့ဖျင်းခြင်းနှင့် အခြေခံအဆောက်အအုံနည်းပါးခြင်းတို့ကြောင့် ဆင်းရဲသောနိုင်ငံဖြစ်နေခြင်း ဖြစ်ကြောင်း၊ ယင်း အချိန်တွင် စစ်မက်ဖြစ်ပွားခြင်းသည် တိုင်း ပြည်ကို အဆိုးဆုံးအခြေအနေသို့ ရောက်ရှိစေ ခြင်းဖြစ်ကြောင်းနှင့် အကယ်၍ ယီမင်နိုင်ငံ သည် ဘတ်စကားတစ်စီးနှင့်တူပါက ချောက် နှုတ်ခမ်းပါးစွန်းသို့ ဦးတည်၍သွားနေပြီဖြစ် ကြောင်း ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ် ညွှန်ကြားရေးမှူး အော့လူ့စမာကပြောသည်။

ယီမင်ပြည်သူ ၇၀ ရာခိုင်နှုန်း (လူဦးရေ သန်း ၂၀ ခန့်)သည် အရေးပေါ်လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအကူအညီများ လိုအပ်နေကြောင်း၊ လွန်ခဲ့သည့်လများတွင် ယီမင်နိုင်ငံ၌ ကာလ၀မ်းရောဂါဖြစ်ပွားသူ လေးသိန်းခန့်ရှိပြီး ၁၉၀၀ ခန့် သေဆုံးသွား ပြီဖြစ်ကြောင်း ၎င်းက ဆာနားမြို့မှနေ၍ နယူးယောက်မြို့ရှိ သတင်းထောက်များအား ပြောသည်။

ထို့ပြင် ယီမင်နိုင်ငံသည် အငတ်ဘေးနှင့် လည်း ရင်ဆိုင်ကြုံတွေ့နေရပြီး လူဦးရေ ၆၀ ရာခိုင်နှုန်းခန့်မှာ နောက်တစ်နေ့အတွက်စားစရာပင်မရှိဖြစ်နေသည်။ယခုဖြစ်ပေါ်နေသည့် အငတ်ဘေးသည် ကာလရှည်ကြာ ဆင်းရဲမှုနှင့် ရင်းနှီးမြှုပ်နှံမှုမရှိခြင်းတို့ကြောင့်သာမက စီးပွားရေးနာလန် မထူနိုင်အောင်လုပ်ဆောင်နေသည့် စစ်ပွဲ နည်းဗျူဟာကြောင့်လည်းဖြစ်ပြီး လူများဖန်တီးသောဘေးဒုက္ခသာဖြစ်ကြောင်း လူ့စမာက မှတ်ချက်ပြု ပြောသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ