အမွှေးရိတ်ဂျူတ်မှာ ဘရိတ်ဓါး ကို ဘယ်နှစ်ကြိမ် သုံးပြီး လဲလှယ်သင့်လည်းဆိုတာ


အမျိုးသမီး အများစုအတွက်တော့ အမွှေးရိတ်ခြင်းဟာ အဆိုးဆုံး အခြေအနေဖြစ်နေပြီး ပြဿနာလည်း အမြဲကြုံရတတ်ပါတယ်။ ဒါတွေဟာ သင့် အမွှေးရိတ် ဂျုတ်မှာ အချိန်မီ ဘရိတ်ဓါး မလဲလှယ်ခြင်း ကြောင့် ဖြစ်လာတယ် ဆိုတာ သေချာပါတယ်။

အရေပြား အထူးကု ဆရာဝန် တစ်ယောက် ဖြစ်တဲ့ Jeanine Dowie ရဲ့  ညွှန်ကြားချက်အရတော့ သင့်ရဲ့  အမွှေးရိတ် ဂျုတ်မှာ ဘရိတ်ဓါး ကို ၅ကြိမ်ကနေ ၁၀ ကြိမ် အမွှေးရိတ်ပြီးတဲ့အခါ လဲလှယ်သင့်တယ်လို့ သိရပါတယ်။ ဒါမှာသာ ပွတ်တိုက်မိခြင်း ၊ နီရဲလာခြင်း နဲ့ ကူးစက်ရောဂါ ရရှိခြင်းတို့ကို ရှောင်ရှား နိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် အဲဒီ အကြိမ် အရေအတွက် ဟာ သင်ရိတ်တဲ့ အမွှေးအမျှင် ရဲ့  ထူထပ်မှု နဲ့ သင်ရိတ်မယ့် နေရာတို့အပေါ် မူတည်နေပါတယ်။

အကယ်၍ သင်ဟာ နေ့စဉ် အမွှေးရိတ် ပြီး ပါးလွှာတဲ့ အမွှေးအမျှင်တွေကို သာ ရိတ်တယ်ဆိုရင်တော့ သင့်ရဲ့  အမွှေးရိတ်ဂျုတ်မှာ ဘရိတ်ဓါးကို ၁၀ ရက် တစ်ကြိမ် တော့ လဲပေးသင့်ပါတယ်။ သင်ရိတ်တဲ့ အမွှေးအမျှင်တွေက ထူနေမယ် ဆိုရင်တော့ ၅ ရက်ကနေ ၇ ရက်အတွင်း လဲလှယ်ပေးသင့်ပါတယ်။ ဒါဆို သင့်အမွှေးရိတ်ဂျုတ် မှာ ဘရိတ်ဓါးလဲလှယ်ချိန် တန်ပြီလား ဆိုတာကို သိဖို့နဲ့ အဲဒီ ဘရိတ်ဓါးကို ကြာရှည်ခံအောင် ဘယ်လို ထိန်းသိမ်းသင့်တယ် ဆိုတာလေးတွေကို လေ့လာကြည့်လိုက်ရအောင်။

သင့်အမွှေးရိတ်ဂျုတ် မှာ ဘရိတ်ဓါးလဲလှယ်ချိန် တန်ပြီလား

ဒေါက်တာ အော့ဇ် ရဲ့  ပြောကြားချက်အရတော့ ဘရိတ်ဓါး ဟာ စတင်ချို့ ယွင်းလာပြီဆိုရင် ဓါးသွားတွေ တုံးလာပြီး သင့်အနေနဲ့ ဓါး လဲသင့်နေပါပြီ။ အဲဒီလို ဓါးသွား တုံးနေတဲ့အခါမှာ အမွှေးရိတ်ရင် ထစ် နေတတ်ပြီး အမွှေးရိတ်ဂျုတ်ကို ပါထိခိုက်လာနိုင်ပါတယ်။ နောက်ပြီး ဓါးသွားမှာ သံချေး တတ်နေတဲ့ ပုံ ပေါင်နေရင်တော့ ဘရိတ်ဓါး ချက်ချင်းလဲလိုက်ပါ။ အမွှေးရိတ်ဂျုတ်ဟာ သင့်အရေပြားပေါ်မှာ နူးညံ့ချောမွေ့ နေဖို့ လိုပါတယ်။

ဘရိတ်ဓါးကို ကြာရှည်ခံအောင် ဘယ်လို ထိန်းသိမ်းမလဲ

အမွှေးရိတ်ပြီးတော့ အမွှေးရိတ်ဂျုတ်နဲ့ ဘရိတ်ဓါးကို အမွှေးအမျှင်တွေ နဲ့ အမွှေးရိတ်ခရင်မ် တွေကို ကင်းစင် သွားသည် အထိ ရေနွေးမှာ ဆေးကြောပါ။ ပြီးရင် ရေချိုးခန်းထဲမှာ မထားပါနဲ့ ။အဲဒါမှာ လုံးဝ ခြောက်သွေးသွားမှာပါ။ ဒါဟာ ဘရိတ်ဓါးကို သံချေး တက်ခြင်းမှ ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ဓါးသွား မတုံး ပဲ ကြာရှည်ခံနေစေ မှာပါ။

Myawady Health
https://www.facebook.com/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ