ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်


ရာသီတုပ်ကွေးရောဂါသည် ယခုကဲ့သို့ မိုးရာသီနှင့် မိုးအကုန်ဆောင်းအကူး
ကာလများတွင် ဖြစ်ပွားလေ့ရှိပါသည်။

🔹 ရောဂါပိုးသည် လေထဲမှတစ်ဆင့် အသက်ရှူလမ်းကြောင်းတွင်းသို့
ဝင်ရောက်ပြီး တစ်ဦးမှတစ်ဦးသို့ လျင်မြန်စွာကူးစက်နိုင်ပါသည်။

🔹 ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါခံစားနေရသူများသို့ ပိုမိုကူးစက်နိုင်သည်။ ကူးစက်ခံရပါကရောဂါပိုမိုပြင်းထန်တတ်ပါသည်။

🔹 အသက်အန္တရာယ်ထိခိုက်သည်အထိ ဖြစ်စေနိုင်ပါသည်။

🔹 ရောဂါလက္ခဏာများမှာ - ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊
ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နုံးခွေခြင်း စသည်တို့ဖြစ်ပါသည်။

ရာသီတုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်နိုင်ပါသည်။

🔹 နှာချေတိုင်း၊ ချောင်းဆိုးတိုင်း၊ ရောဂါပိုးများကူးစက်မှုကိုဟန့်တားရန်
ပါးစပနှ်င့် နှာခေါင်းကိုအုပ်၍ နှာချေ၊ ချောင်းဆိုးရန် တိုက်တွန်းအပ်ပါသည်။
(လက်ကိုင်ပုဝါ၊ တစ်ရှူးနှင့် တစ်ခါသုံးပါးစပ်နှာခေါင်းစည်းတို့ အသုံးပြု
နိုင်ပါသည်။)

🔹ရောဂါပိုးများသည် လက်တွင် ကပ်ငြိနေနိုင်သဖြင့် ချောင်းဆိုး၊ နှာချေပြီးချိန်နှင့် ရောဂါလက္ခဏာရှိသူများအား ထိတွေ့ကိုင်တွယ်ပြီးချိန်တိုင်း ရေနှင့် ဆပ်ပြာတို့ဖြင့် လက်ဆေးပါရန် တိုက်တွန်းပါသည်။

🔹 တုပ်ကွေးရောဂါဖြစ်ပွားသူနှင့် နီးကပ်စွာနေထိုင်ခြင်း၊ လူထူထပ်သော
နေရာများသို့ သွားလာခြင်းတို့ကို ရှောင်ကြဉ်သင့်ပါသည်။

🔹 ရောဂါလက္ခဏာများပေါ်ပေါက်လာပါက လုံလောက်စွာ
အနားယူခြင်း၊ အရည်များများသောက်သုံးခြင်း ၊ ကိုယ်ပူချိန်မြင့်မားပါက
ရေဖတ်တိုက်ခြင်းတို့ကို ဆောင်ရွက်ရန်လိုအပ်ပါသည်။

မိမိတွင် တုပ်ကွေးရောဂါလက္ခဏာများ ဖြစ်ပွားပါက ဆေးရုံဆေးခန်း
တို့တွင် ကုသမှုခံယူပါ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ