မွှားကိုက်ခံရခြင်း မရှိဘဲ မွှားကြောင့်ဖြစ်ပွားသောကူးစက်ရောဂါမျိုးဖြင့် ဂျပန် အမျိုးသမီး တစ်ဦး သေဆုံး


ဂျပန်နိုင်ငံတွင် အမျိုးသမီးတစ်ဦးသည် မွှားကိုက်ခံရခြင်းမရှိဘဲမွှားကြောင့်ဖြစ်ပွါးသော ရောဂါမျိုးဖြင့် သေဆုံး သွားကြောင်း ကျန်းမာရေးတာဝန်ရှိသူများ၏ပြောဆိုချက်ကို ကိုးကား၍ The Japan Times သတင်း ဌာနက ဖော်ပြသည်။
၎င်းအမျိုးသမီးသည် မွှားကိုက်ခံရသည်ဟု ယူဆရပြီး ၁ဝ ရက်အကြာတွင် သေဆုံးခြင်းဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက The Japan Times သို့ပြောသည်။ ၎င်းအမျိုးသမီးသည် ဂျပန်၊ တရုတ်နှင့် တောင်ကို ရီးယား နိုင်ငံတို့တွင် ကူးစက်ရောဂါအသစ်ဟု သတ်မှတ်ထားသော SFTS ရောဂါဖြင့် အပြင်းဖျားကာ သေဆုံး ခြင်းဖြစ်သည်။ မွှားကြောင့်ဖြစ်ပွားတတ်သော ရောဂါလက္ခဏာများမှာ အအေးမိရောဂါကဲ့သို့ပင် အပြင်း ဖျားခြင်း၊ ငိုက်မျဉ်းခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်း အစရှိသည်တို့ဖြစ်သည်။

၂ဝ၁၃ ခုနှစ်တွင် လူ ၂၆၆ ဦးကူးစက်ခံရပြီး ၅၇ ဦးသေဆုံးသည်။

အမေရိကန်တွင် အလားတူ ရောဂါကူးစက် ခံရခြင်းမှတ်တမ်းများ မရှိသော်လည်း မွှားကြောင့် ဖြစ်ပွားတတ် သော ဗိုင်းရပ်သည် အမေရိကန်တွင် ဖြစ်ပွားခဲ့ဖူးသော Heart Land ဗိုင်းရပ်ပိုးနှင့် ဆင်တူကြောင်း သိရသည်။ လူသားများတွင် SFTS ရောဂါကူးစက် ခံရခြင်းမှာ အလွန်ရှားပါးကြောင်း အမျိုးသားကူးစက် ရောဂါဌာနမှ ကျွမ်းကျင် ပညာရှင် တစ်ဦးက The Japan Times သတင်းဌာန သို့ပြောသည်။

သို့သော် အိမ်မွေး တိရစ္ဆာန်များနှင့်အနေ များသော လူများအနေဖြင့် ၎င်းရောဂါပိုး ကူးစက်ခံရခြင်း မရှိအောင် ကြိုတင် ကာကွယ်ကြရန် ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးထားသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ