နှလုံးရောဂါအတွက် လျစ်လျူမရှုသင့်တဲ့ လူသိနည်းသည့် လက္ခဏာခြောက်ရပ်(၁)


လိင်ပိုင်းဆိုင်ရာပြဿနာများ၊ အိပ်နေစဉ်ဟောက်ခြင်းနှင့် သွားဖုံး သွေးယိုခြင်းတို့သည် သာမန်အသေးစား ရောဂါများ အဖြစ်သာ သိမှတ်ထားကြသည်။ ထို့ကြောင့်လည်း လူအများစုက အဆိုပါ ရောဂါများကို လျစ်လျူရှု ထားကြလေ့ရှိသည်။ သို့သော်
ထိုသို့အရေးမပါဟု ထင်မှတ်ထားသော ရောဂါများသည် ကမ္ဘာပေါ်တွင် အဆင့်တစ် လူသတ်သမားဖြစ်သည့် နှလုံးရောဂါ၏ လက္ခဏာများပင်ဖြစ်ပေသည်။ နှလုံးနှင့် သွေးလွှတ် ကြောများ လုပ်ဆောင်မှုစတင်ချို့ယွင်းလာချိန်တွင် ရောဂါလက္ခဏာများပြသမှုသည် ခန္ဓာကိုယ်၏ အခြားနေရာများတွင် ဖြစ်ပေါ်လေ့ရှိကြောင်း တက္ကဆက်ပြည်နယ် A&M ဆေးသိပ္ပံဌာနမှ နှလုံး အထူးကု ဆရာဝန် ဒေါက်တာ ဂျွန်အာဝင်က ပြောကြားပြီး လူအများသတိမမူ မိသည့် နှလုံးရောဂါလက္ခဏာ ခြောက်မျိုးကို ထုတ်ဖော် ပြသခဲ့ခြင်းဖြစ်သည်။

လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကျဆင်းခြင်း

လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းခြင်းသည် မျိုးပွား အင်္ဂါအစိတ်အပိုင်းများ သို့မဟုတ် ဦးနှောက်၏ ပြဿနာဟု အများက ထင်မြင် ယူဆလေ့ရှိသည်။ သို့သော် အထူးသဖြင့် အမျိုးသားများတွင် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းခြင်းသည် သွေးလွှတ်ကြောများအတွင်း သွေးခဲငယ်များ အနည်ကျကာ နှလုံးသွေးကြော ကျဉ်းရောဂါ ဖြစ်ပွားရန် အစပျိုးခြင်းကြောင့် ဖြစ်သည်။ အမျိုးသမီးများ အနေဖြင့် သွေးဆုံးချိန်တွင် ဖြစ်ပေါ်လေ့ရှိသည့် သွေးပေါင်ချိန်နှင့် ကိုလက်စထရော ပမာဏ အပြောင်းအလဲများအပြင် အထိုင်များသည့် အလုပ်များ ပိုမို လုပ်ဆောင်ရခြင်းကပင် နှလုံးရောဂါကို ဖြစ်ပွားစေခြင်းဖြစ်သည်။ ထို့ကြောင့် ဤအချက်သည် နှလုံးရောဂါ အတွက် လျစ်လျူမရှုသင့်သော လက္ခဏာတစ်ရပ်ဖြစ်သည်။

အိပ်ပျော်နေစဉ် ဟောက်ခြင်း သို့မဟုတ်အသက်ရှူရပ်ခြင်း

အိပ်ပျော်နေစဉ် ဟောက်တတ်သူ တစ်ဦးနှင့်ဘေးချင်းယှဉ် အိပ်စက်ရခြင်းသည် အခြားသူ တစ်ဦးအတွက် စိတ်ပျက်ဖွယ် ကောင်းသော်လည်း ယင်းသို့ ဟောက်ခြင်းသည် နှလုံးရောဂါဖြစ်ပွားခြင်း၏ လက္ခဏာ တစ်ရပ်ပင်ဖြစ်သည်။ ထိုသို့ဟောက်ခြင်းသည် အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းကြောင့်ဖြစ်ပြီး ယင်းဖြစ်စဉ်တွင် နှလုံး ရုတ်တရက် ဖောက်ပြန်ခြင်းနှင့် လေဖြတ်ခြင်း တို့ကိုမြင့်တက်စေသည့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု အများအပြား ပါဝင်လျက် ရှိသည်။ သွေးထုတ်လွှတ်မှု နည်းပါးစေသည့် နှလုံးခုန်နှုန်းမြန်ခြင်းကဲ့သို့ ပုံမှန် မဟုတ်သည့်နှလုံးခုန် စည်းချက်မမှန်ခြင်းသည်လည်း အိပ်ပျော်နေစဉ် ဟောက်ခြင်းကို ဖြစ်ပေါ်စေသည့်အတွက် ယင်းသို့ဖြစ်ပွားမှုအား ဂရုစိုက်စောင့်ကြည့်ကာ ဆရာဝန်ဖြင့်ပြသခြင်းသည် နှလုံး ရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်မည်ဖြစ်သည်။ထို့ကြောင့် အိပ်ပျော်နေစဉ် တစ်စုံတစ်ဦး၏ ဟောက်သည့် အသံကိုကြားရပါက ယင်းအား အပြစ်တင်မည့်အစား ဆရာဝန်နှင့် ပြသရန် အကြံပြုရမည်ဖြစ်သည်။ ။

ကောင်းထက်
Myawady Health
https://www.facebook.com/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ