Yeast infection of men ကျားအင်္ဂါ မှိုပိုး


မျိုးပွါးအင်္ဂါမှာ ဖန်းဂတ်စ် ခေါ် မှိုပိုးက အမျိုးသမီးတွေမှာ အတော်ကို အဖြစ်များပါတယ်။ အမျိုးသမီးတွေ ဗဂျိုင်းနား ခေါ် မွေးဖွာလမ်းရောင်တကြိုဖြစ်စေတဲ့ ရောဂါနဲ့ပိုးတွေကတော့ Bacterial vaginosis ဗက်တီးရီးယား ၄ဝ-၄၅%၊ Vaginal candidiasis ကင်ဒီဒိုင်ယေးဆစ် ၂ဝ-၂၅% နဲ့ Trichomoniasis ထရွိုင်ကိုမိုနီယေးဆစ် ၁၅-၂ဝ% ဖြစ်တယ်။ ဆောရီး။

C. albicans မှိုအမျိုးအစားဟာ လူတွေရဲ့ အစာလမ်းဝြေကာင်းထဲမှာ ရှိနေတယ်။ တခြားပူနွေးစိုထိုင်းတဲ့ ကိုယ်ပေါ်က နေရာတွေမှာလည်း ရှိနေနိုင်တယ်။ အရေအတွက်များမှသာ ရောဂါဖြစ်တယ်။ အမျိုးသမီးတွေ ၂ဝ% မှာ ဗဂျိုင်းနားထဲမှာ မှိုပိုးတွေရှိနေကြတယ်။ ရောဂါရယ်လို့တော့ ခံစားချင်မှသာ ခံစားရမယ်။ မှိုပိုးရှိနေသူနဲ့ ဆက်ဆံသူကို ရောဂါကူးစက်တယ်။ ယောက်ျားတွေမှာလည်း ၁၄-၁၈% မှာ အဲလိုပဲ လိင်အင်္ဂါပေါ်မှာ မှိုပိုးတွေရှိနေကြတယ်။ ယောက်ျားတွေမှာတော့ လိင်ဆက်ဆံတာမဟုတ်ပဲလည်း မှိုပိုးရောဂါရနိုင်တယ်။

ယောက်ျားတွေ လိင်အင်္ဂါမှာ မှိုပိုးဖြစ်တာကို Candidal Balanitis လို့ခေါ်တယ်။
ကျားအင်္ဂါရောင်တာအားလုံးရဲ့ ၃ဝ-၃၅% ဖြစ်တယ်။ Antibiotics ဗက်တီးရီးယားသေဆေးသောက်ခြင်း၊ HIV ရှိနေခြင်း၊ ဆီးချိုရှိခြင်း၊ Corticosteroids စတီရွိုက်ဆေးသုံးနေခြင်းနဲ့ တကိုယ်ရေ သန့်ရှင်းရေး နည်းခြင်းတွေကနေ ယောက်ျားလိင်အင်္ဂါမှာ မှိုရောဂါရနိုင်တယ်။ သန့်ချင်လွန်းလို့ ရေမွှေးဆပ်ပြာသုံးတာ မသင့်ပါ။ ဖုံးအုပ်ဝတ်ဆင်ရတဲ့နေရာမှာ အချိန်ကြာအောင် ပူနွေးစိုထိုင်းနေတာ မသင့်ပါ ။

မှိုပိုးရောဂါဖြစ်ရင် ဒါတွေခံစားရနိုင်တယ်။ လိင်အင်္ဂါထိပ်မှာ ပူလောင် ယားယံမယ်။ နီရဲရောင်နေမယ်။ ပြည်ဝတ်လေးတွေရှိမယ် ။ အတူနေရင်နာမယ်။ အဖုံးအရေပြားကနေ ခပ်ပြစ်ပြစ်အရည်ထွက်မာယ် ။ အနံ့ဆိုးမယ် ။

ကုသရတာ မခက်ပါ။ Azoles ခေါ်ဆေးနဲ့ပျောက်မယ်။ Clotrimazole (Lotrimin) 10 mg သောက်ဆေး တနေ့ ၅ ကြိမ်၊ ၁၄ ရက်။ သို့မဟုတ် Diflucan (Fluconazole) 150 mg တခါတည်းသောက်ပါ။ လိုအပ်ရင် တပတ် ၂ ကြိမ်၊ ၄-၆ ခါ။

Clotrimazole (Lotrimin) ဆေး၊ Miconazole (Monistat) ဆေနဲ့ Econazole (Spectazole) လိမ်းဆေးတွေလည်း ရှိတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ