နွေရာသီတွင် မွေးဖွားသောကလေးငယ်များ ကြီးလာလျှင်ကျန်းမာရေးပိုကောင်းနိုင်


နွေရာသီတွင်မွေးဖွားသည့်ကလေးငယ်များသည် ဆောင်းရာသီတွင်မွေးဖွားသည့် ကလေးငယ်များထက် အသက်ကြီးလာလျှင် ကျန်းမာရေးပိုကောင်းမွန်နိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ကြသည် ။ သုတေသန ပညာရှင်များက ကိုယ်ဝန်ဆောင်ကာလ ဒုတိယသုံးလအတွင်း နေရောင်နှင့်အထိအတွေ့များသော ကလေးငယ်များ၏ Vitamin D ထိတွေ့မှု မြင့်မားခြင်းနှင့်ဆက်စပ်နေနိုင်သည်ဟု ပြောကြားခဲ့သည်။

UK ရှိ လူပေါင်း ၄၅၀၀၀၀ နှင့်ပတ်သက်သော မွေးလ၊ မွေးကင်းစအလေးချိန်၊ အပျို(လူပျို)၀င်ချိန်နှင့် အရပ်အရှည်တို့ကို လေ့လာခဲ့ကြသည် ။ လေ့လာချက်အရ နွေရာသီတွင်မွေးသော ကလေးငယ်များ သည် ဆောင်းရာသီတွင်မွေးသော ကလေးငယ်များထက် မွေးကင်းစ ကိုယ်အလေးချိန် ပိုများကြောင်းတွေ့  ရသည် ။ ထို့ပြင် ဇွန် ၊ ဇူလိုင်နှင့် သြဂုတ်လများတွင် မွေးသော ကလေးငယ်များ သည် ဆောင်းရာသီ တွင်မွေးသော ကလေးငယ်များထက် အရပ်ပိုရှည်ကြသည်ကို တွေ့ရှိရသည် ။ နွေရာသီတွင်မွေးသော မိန်းကလေးများက အပျိုဖော်ဝင်စချိန် နောက်ကျကြောင်း တွေ့ရသည် ။ ထိုနောက်ကျခြင်းသည်ပင်လျှင် ပိုမိုကျန်းမာကြကြောင်းလည်း တွေ့ရှိခဲ့ကြသည်။

Cambridge University မှ သုတေသနခေါင်းဆောင် Dr.John Perry မှ ထိုကဲ့သို့ ပြောင်းလဲမှုများသည် Vitamin D နှင့် ဆက်စပ်မှုရှိနေကြောင်း ထိုဆက်စပ်မှုကို ပိုမိုသေချာစွာရှင်းလင်းပြနိုင်ရန် သုတေသနပြုလုပ်မှုများကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း ပြောကြားခဲ့သည် ။


ဒီပီ (ဆေး ၁ )
Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ