Pregnancy and weight gain ကိုယ်ဝန်နဲ့ ကိုယ်အလေးချိန်


၁။ ဆရာရှင့် မိန်းကလေးတွေ ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားပြီးစဉ်မှာ ဘာကြောင့် ကိုယ်အလေးချိန်တက်ရလဲ ရှင်းပြသော post လေးတင်စေချင်ပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ

၂။ ဒေါက်တာရှင် အရင်အကူအညီတောင်းဖူးတဲ့ ကိုယ်ဝန်သည် ညီမကပဲ ထပ်ကူညီတောင်းလို့ပါ။ သူက ကိုယ်ဝန်ဆောင်ကာလ ဝိတ်အရမ်းတက်လာနေတာ ခုဆို ၁၉ဝ ထိရှိတယ်ပြောပါတယ်။ အရင်ကတော့ ချိန်မထားလို့ သေချာမသိပေမယ့် သူကအရင်ထဲက ဝတဲ့အမျိုးအစားထဲကပါ။ စိုးရိမ်ရသလားရှင့်။ နောက်ဆက်တွဲ ဘယ်လိုအန္တရာယ် ရှိတတ်ပါသလဲ။ ဘယ်လိုနေထိုင်ရမလဲ လမ်းညွန်ပါအုံးရှင်။

ကိုယ်ဝန်ဆောင်ချိန်မှာ အလေးချိန်ဘယ်လောက်တိုးသင့်သလဲကို Body mass index (BMI) နဲ့တိုင်းတာတယ်။ ကိုယ်ဝန်မဆောင်ခင်ကရှိတဲ့ အလေးချိန်ကို အရပ်နှစ်ထပ်ကိန်းနဲ့ စားတယ်။
• BMI က 185 ကနေ 249 ရှိနေခဲ့ရင် ကိုယ်ဝန်ဆောင်တဲ့အခါ 11 ကနေ 16 kg အထိတိုးမယ်။
• BMI က 185 ထက်နည်းတဲ့ပိန်သူဆိုရင် 12 ကနေ 18 kg တိုးသင့်တယ်။
• BMI က 25 ကနေ 299 အထိ ဝသူဆိုရင် 7 ကနေ 11 kg တိုးသင့်တယ်။
• BMI က 30 ကျော်တဲ့ သိပ်ဝနေသူဆိုရင် 5 ကနေ 10 kg တိုးသင့်တယ်။

ကိုယ်ဝန်ပဌမသုံးလမှာ ကီဂျီဝက်ကနေ ၂ ကေဂျီအထိတိုးသင့်တယ်။ ဒုတိယသုံးလထဲကစပြီး တလကို ၂ ကေဂျီ မှန်မှန် တိုးနေသင့်တယ်။ 11-16 kg တိုးတဲ့ကိုယ်ဝန်မှာ အထဲကကလေးအလေးချိန်က 35 kg ရှိမယ်။ အချင်း = 1-15 kg ရှိမယ်၊ ရေမြွာရည် = 1-15 kg ရှိမယ်၊ ရင်သား = 1-15 kg ရှိမယ်၊ သွေး = 2 kg ရှိမယ်၊ အဆီ = 2-4 kg နဲ့ သားအိမ်ကြီးလာတာက 1-2 kg ရှိမယ်။

ကိုယ်ဝန်ရှိချိန်မှာ ဘာလို့ အလေးချိန် တိုးလာသသလဲ (၁ ကေဂျီ = ၂့၂ ပေါင်)
• မိခင်၏အာဟာရများ = ၇ ပေါင်
• တိုးလာသောအရေ၏အလေးချိန် = ၄ ပေါင်
• တိုးလာသောသွေး၏အလေးချိန် = ၄ ပေါင်
• တိုးလာသောနို့ = ၂ ပေါင်
• ကြီးလာသောသားအိမ် = ၂ ပေါင်
• ကလေး၏အလေးချိန် = ၇့၅ ပေါင်
• ရေမြွှာရေ = ၂ ပေါင်
• အချင်း၏အလေးချိန် = ၁့၅ ပေါင်
• စုစုပေါင်း တိုးသည့်အလေးချိန် = ၃ဝ ပေါင် (၁၃့၆ ကီလိုဂရမ်)

ကိုယ်အလေးချိန်နည်းနေသူက ပိုစားပေးပါ။ များနေသူက ကယ်လိုရီများများရတာကို လျှော့စာပြီး၊ လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်ဝန်အပ်တာ ပုံမှန်လုပ်ပါ။ စိတ်ကို အပြုသဘောဆောင်ပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ