ဘီပီအိုင်ဆေးဝါးများကို Orange နှင့် စူပါမားကက်များတွင် ရောင်းချခွင့်ပေး


အင်းစိန်ဆေးဝါးစက်ရုံမှ ထုတ်လုပ်သော ဘီပီအိုင်ဆေးဝါးများကို ဥမညေါန ဆိုင်များ ၊ စူပါမားကက်များနှင့်ချိတ်ဆက်ကာ ယခုလတွင် စတင်ရောင်းချပေးလျက်ရှိကြောင်း အင်းစိန်ဆေးဝါးစက်ရုံ တာဝန်ရှိ သူတစ်ဦးထံမှ သိရသည်။

"ဒီနှစ်ကစပြီး City Mart တွေနဲ့ ချိတ်ဆက်ပြီး City Care တွေမှာ အရောင်းကောင်တာဖွင့်ထားပါတယ်။ ဆက်ပြီး Orange ဆိုင်တွေနဲ့ စူပါမားကက်တွေမှာဖြန့်ဖြူးဖို့အတွက်ကိုလည်း စာချုပ်ချုပ်ထား
ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ရဲ့ဘီပီအိုင်ဆေးဝါး အရောင်းဆိုင်တွေအပြင် City Mart ဆိုင်တွေ၊ Orange ဆိုင်တွေနဲ့ စူပါမားကက်တွေမှာ ၀ယ်လို့ရပါပြီ"ဟု ၎င်းကပြောသည်။

ယခင်က ဘီပီအိုင်ဆေးဝါးများကိုအရောင်းကိုယ်စားလှယ်များကိုသာ ရောင်း ချခွင့်ပေးထားသော်လည်း လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်မှုဝန်ကြီးဌာနကဖွင့်လှစ်ထားသည့် ဘီပီအိုင်အရောင်း
ဆိုင် ၁၇ ဆိုင်နှင့် City Mart ဆိုင်များ၌ရောင်းချနေပြီး ဆရာဝန်ညွှန်ကြားချက်မလိုသော ပါရာစီတမော၊ ဘာမီတွန်နှင့် စီဗစ်အပါအ၀င် ဆေးဝါးအမျိုး ၅၀ ခန့်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

"ဒီလိုရောင်းချပေးတာ ကောင်းပါတယ်။မနှစ်က ဘီပီအိုင်ဆေးဝါးအတုပေါ်လိုက်သေးတယ်။ အဲဒီတုန်းကဆိုရင် အပြင်ဆေးဆိုင်တွေက ၀ယ်မသောက်ရဲဘူး။ တကူးတက လည်း ဘီပီအိုင်ဆေးဝါးအရောင်းဆိုင်တွေမှာ သွားမ၀ယ်ဖြစ်ဘူး။ အခုလို ဈေးဝယ်စင်တာတွေမှာ ရောင်းပေးတော့ပိုအဆင်ပြေပါတယ်"ဟု ရန်ကုန်မြို့တွင်းနေထိုင်သူတစ်ဦးကပြောသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ