ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆီးချိုသွေးချိုရောဂါဖြစ်ပွားမှုနှုန်း ၁ ဒသမ ၂ ရာခိုင်နှုန်းအထိရှိ


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆီးချိုသွေးချိုရောဂါဖြစ်ပွားမှု အများဆုံးအခြေအနေတွင်ရှိနေပြီး ဖြစ်ပွားမှုနှုန်း ၁၈ ဒသမ၂ ရာခိုင်နှုန်းအထိရှိနေကြောင်း မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း ဒေါက်တာတင့်ဆွေလတ်ထံမှ သိရသည်။

ယင်းရောဂါဖြစ်ပွားမှုတွင် အဓိကအားဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်သော အစားအသောက်များကို စားသုံးခြင်း၊ အချိုလွန်ကဲသောအစား အသောက်များ၊ အဆီနှင့် အဆိမ့်ဓာတ်ပါဝင်သော အစား
အသောက်များကြောင့် ဖြစ်ပွားလေ့ရှိကြောင်းသိရသည်။

ထို့ပြင် အ၀လွန်သူများနှင့် အထိုင်များသူများတွင်လည်း ဖြစ်ပွားလေ့ရှိသည့်အတွက်အထူးသတိထားရမည့် ရောဂါတစ်မျိုးဖြစ်ကြောင်း၊ ယင်းရောဂါသည် အသက်အန္တရာယ်ရှိသော ရောဂါအမျိုးအစားတွင်ပါဝင်နေပြီး ယခုနှစ်များအတွင်း ဖြစ်ပွားမှု နှုန်းတိုးတက်လာကြောင်း သိရသည်။

ကျန်းမာရေးသည် အစားအသောက်နှင့်များစွာသက်ဆိုင်သောကြောင့် အစာ အာဟာရပြည့်ဝရန် (Health Weigh )လိုအပ်ပြီး အ၀လွန်ကဲမှု (Total Fat)လျှော့ချရန်၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်( Fruits and Vegetable)စားသုံးရန်၊အချိုဓာတ်(Free Sugar)လျှော့စားရန် အရေးကြီးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဆီးချိုသွေးချိုရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံအတွင်း ဆီးချိုသွေးချို၊နှလုံးသွေးကြောကျဉ်း၊ ကင်ဆာနှင့် သွေးတိုးစသည့်ရောဂါများကြောင့် သေဆုံးမှုများပြား နေပြီး ဆီးချိုသွေးချိုရောဂါအပါအ၀င် တခြားရောဂါများသည်လည်း အစားအသောက် အစာအာဟာရနှင့် များစွာသက်ဆိုင်သောကြောင့် ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ စားသုံးနိုင်ရေး ရေရှည်ဆောင်ရွက်ရန်လိုအပ်ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ