အော်တိုအင်မြူးရောဂါ ကုသနည်းသစ်


အော်တိုအင်မြူးရောဂါဆိုတာ အင်မတန်အကုရခက်တယ်။ မပျောက်နိုင်ပါ။ ဒီရောဂါအုပ်စုအောက်မှာ ရောဂါအမျိုးတွေက များတယ်။ (၁၅၉) မျိုးပါတယ်။ ခုခံအား (ရောဂါပြီးစနစ်) ကမောက်ကမဖြစ်တာကို ခေါ်တယ်။ လူတိုင်းမှာ ဒီစနစ်ရှိတယ်။ အဲဒီစနစ်မကောင်းတာကို AIDS ခေါ်တယ်။ အခုရောဂါတွေက အဲတာနဲ့မဆိုင်ပါ။ ကိုယ်ထဲကို ပိုးဖြစ်ဖြစ် ဆူးငြောင့်ဖြစ်ဖြစ် ဝင်လာရင် ကိုယ်ပိုင်မဟုတ်တာသိလို့ လက်မခံပဲ ခံတိုက်ထုတ်ဖို့ကြီုးစားတယ်။ ကိုယ်ပိုင်ပစ္စည်းကို တခြားအရာမှတ်ပြီး ခုခံတိုက်ထုတ်နေတာကို အော်တိုအင်မြူးရောဂါခေါ်ပါတယ်။ ကိုယ့်ဟာကို ရန်သူမှတ်နေတယ်။

ဒီရောဂါကုသနည်းသစ်ကို အကောင်တွေမှာစမ်းသပ်နေတာ အလားအလာကောင်းတယ်။ Pemphigus vulgaris ရောဂါကို ကြွက်တွေမှာစမ်းတယ်။ အဲဒီရောဂါမှာ B-cells တွေကနေ အင်တီဘော်ဒီတွေထွက်စေတယ်။ အဲတာတွေကနေ အရေပြားတွေကို ကော်လိုကပ်နေစေတာတွေကို တိုက်ဖျက်ကြတယ်။ ပါးစပ်၊ လည်ချောင်း၊ လိင်အင်္ဂါနေရာတွေမှာ မီးလောင်ဖုတွေလို အနာတွေဖြစ်လာစေတယ်။ ခုခံအားကျဆေးပေးရင် သက်သာပေမယ် လူနာမှာ ပိုးဝင်လာရင် မခုခံနိုင်တော့လို့ အန္တရာယ်ရှိတယ်။

မီးကိုမီးနဲ့ငြိမ်းသတ်နည်းကို ကင်ဆာကုရာမှာသုံးပါတယ်။ ရောဂါပိုးဝင်လာရင် ခုခံတိုက်ဖျက်ပေးတဲ့ T-cells တွေကို မွမ်းမံပေးပြီး ကင်ဆာဆဲလ်တွေကိုတိုက်ခိုင်းနည်းဖြစ်တယ်။ လေ့လာမှုတခုမှာ သေလုဆဲ လူကီးမီးယား သွေးကင်ဆာမှာ ၉ဝ% ကျဆင်းတယ်။ ပင်ဆယ်လ်ဗေးနီးယားတက္ကသိုလ်ကဆရာဝန်တွေကနေ T-cells တွေကို ခုခံအားစနစ်ကို တိုက်ဖျက်နိုင်အောင် မွမ်းမံပြီး Pemphigus vulgaris ရောဂါအတွက် ကြွက်တွေမှာ အသုံးချကြတယ်။

Myasthenia gravis ကြွက်သားအားနည်း ရောဂါကို သုံးနိုင်မလားစဉ်းစားလို့ရလာတယ်။ တခြား အော်တိုအင်မြူး ရောဂါတွေဖြစ်တဲ့ lupus လူးပတ်စ်ရောဂါ၊ type-1 diabetes ဆီးချိုအမျိုးအစား (၁) နဲ့ multiple sclerosis ရောဂါတွေက ပိုပြီးရှုတ်ထွေးလို့ မလွယ်သေးပါ။ အခုစမ်းသပ်နည်းကို CAR-T cell technology နည်းပညာလို့ခေါ်ပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ