ရေခဲမုန့်(ခေါ်) Ice cream ဟာ ကလေးတွေရဲ့ အသဲစွဲအစားအစာတစ်ခုဖြစ်ပါတယ်။ ကလေးတိုင်း နီးပါးကြိုက်ကြသလို လူကြီး/ လူငယ်၊ ကျား/မ မရွေး နှစ်သက်တဲ့ အချိုပွဲတစ်မျိုးဖြစ်ပါသေးတယ်။ ပူတဲ့ရာသီ ဖြစ်ဖြစ်၊ အေးတဲ့ရာသီဖြစ်ဖြစ် ရေခဲမုန့်ကို နှစ်နှစ်ခြိုက်ခြိုက်စားသုံးကြပါတယ်။ ကမ္ဘာအရပ်ရပ်မှာ လူကြိုက်များ တဲ့ Ice cream ဟာ လူသားတွေအတွက် ကောင်းကျိုးများစွာပေးပါတယ်။ Ice cream မှာ ပါဝင်တဲ့ ပစ္စည်းတွေ ကတော့ အဆီများတဲ့ နို့ (high-fat milk) ၊ ဒါမှမဟုတ် Cream, Sweetners (Fructose/Glucose) အများအား ဖြင့် ပြောင်းမှရတဲ့ အချိုရည် (Hgh Fructose cornsyrup) ၊ အနံ့အရသာအတွက် ချောကလက်၊ ဗီနီလာ၊ စတော်ဘယ်ရီ စသဖြင့်အမျိုးစုံပါဝင်ပါတယ်။ ကောင်းကျိုးရှိတဲ့နည်းတူ၊ ကျန်းမာရေးအတွက်ဆိုးကျိုးပေးတဲ့ အချက်တွေလည်း ရှိနေပြန်ပါတယ်။
Ice cream ရဲ့ကောင်းကျိုးတွေကို ပြောရမယ်ဆိုရင်တော့ ပထမ အချက်အနေနဲ့ Ice cream   မှာ Vitamins တွေအများကြီးပါဝင်ပါတယ်။ Vitamin A, Vitamin B2, Vitamin B3, Vitamin C, Vitamin D, နဲ့ Vitamin E တို့ပါဝင်ကြပါတယ်။ ကျန်းမာရေးအတွက် အလွန်အထောက်အကူပြုတဲ့ Vitamins များပဲဖြစ်ပါ တယ်။ ဒါ့အပြင် Vitamin K လည်းပါဝင်ပါတယ်။ နို့မှရတဲ့ Vitamins များဟာ လူသားများအတွက်အလွန် အကျိုးပြုပါတယ်။ Ice cram တစ်ခွက်စားတာဟာ အားဆေးတစ်လုံးသောက်တာနဲ့တောင် တူသလိုဖြစ်နေ ပါတယ်။ တန်ဆေးလွန်ဘေးဆိုသလိုပဲ အလွန်အကျွံစားသုံးတာကတော့ မသင့်တော်ပါဘူး။
Ice cream ဟာ အင်အားဓာတ် (Energy) ပြည့်ဝစွာပေးပါတယ်။ နို့မှရတဲ့ အင်အားဓာတ်ဟာ ကောင်း မွန်ပါတယ်။ ကစီဓာတ် (Carbohydrate) နဲ့ အသားဓာတ် (Protein) တို့ပါဝင်ပါတယ်။ ဒါကြောင့် Ice cream စားသုံးတာဟာကောင်းမွန်တယ် လို့ပြောကြတာပါ။ ဒါ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့သတ္တုဓာတ် (Minerals) တွေပါဝင်ပါတယ်။ Calcium နဲ့ Phosphorous ပါဝင်တဲ့အတွက် အရိုးနဲ့သွားများကို ကျန်းမာစေပါ တယ်။ ကလေးငယ်များအတွက် အရိုးနဲ့သွားသန်မာဖို့ နို့ကိုလိုအပ်သလို၊ နို့နဲ့ပြုလုပ်ထားတဲ့ Ice cream ဟာလည်း သင့်တော်ပါတယ်။
လူငယ်တွေ၊ လူကြီးတွေအတွက်ဆိုရင် Ice cream စားသုံးတာဟာ စိတ်ဖိစီးမှု (Stress) ကို လျှော့ချနိုင်တယ်လို့ပြောကြပါတယ်။ တစ်ချို့ရှာဖွေတွေ့ရှိမှုတွေ ကပြောတာကတော့ Ice cream ဟာ ဦးနှောက်ထဲကနေပျော်ရွှင်စေတဲ့ ဟော်မုန်းဓာတ်တစ်မျိုး (Thromobotonin) ထွက်စေတယ်လို့လည်းပြော ကြပါတယ်။ ရာသီမလာခင်ကိုက်ခဲခြင်း၊ စိတ်မကြည်ခြင်း၊ ခေါင်းကိုက်ခြင်း (PMS) ကိုလည်း သက်သာစေနိုင် တယ်လို့ တစ်ချို့လေ့လာတွေ့ရှိချက်တွေက ပြောကြပါတယ်။ (PMS) ဟာ တစ်ချို့အမျိုးသမီးတွေမှာ တော် တော်ဆိုးဆိုးဝါးဝါး တွေ့ကြုံရတဲ့အတွက် အနည်းဆုံး Ice cream စားပြီး သက်သာအောင်နေလို့မည်လို့ထင်ပါ တယ်။ စိတ်ညစ်တဲ့ အချိန်၊ စိတ်ရှုပ်စရာများတဲ့ အချိန်တွေမှာဆို Ice cream စားခြင်းဖြင့် (Stress) ကို အနည်း ငယ်လျှော့ချနိုင်ပါတယ်။ Energy လည်းပြည့်ဝစေတဲ့အတွက် ပင်ပန်းနွမ်းနယ်တဲ့အချိန်များမှာ စားသုံးဖို့ သင့်တော်ပါတယ်။ စိတ်ငြိမ်စေတယ်၊ တစ်ချို့ဆိုရင် အိပ်မပျော်တာကိုတောင် သက်သာစေတယ်လို့ ပြောကြပါ တယ်။ လေ့လာတွေ့ရှိချက်တွေကို ၁၀၀ ရာခိုင်နှုန်းမှန်မယ်လို့ မယူဆသင့်ပါဘူး။ အများအားဖြင့်ကောင်းတဲ့ အချက်လေးတွေကို ဖော်ပြထားခြင်းဖြစ်ပါတယ်။
ကောင်းကျိုးတွေရှိသလို Ice cream ရဲ့ဆိုးကျိုးတွေရှိပါတယ်။ အများအားဖြင့် Hight fat milk နဲ့ ပြုလုပ်ထားတဲ့အတွက် အချို့ရောဂါဝေဒနာရှိသူများအနေနဲ့ အနည်းငယ်ချိန်ဆပြီးစားသုံးသင့်ပါတယ်။ ဥပမာ- ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ၊ သွေးတွင်အဆီဓာတ်များသူများ) Lactose Intolerance လို့ခေါ်တဲ့ နို့နဲ့အနည်းငယ်မတည့်သလိုဖြစ်သူများ အနေနဲ့ကတော့သတိထားသင့်ပါတယ်။ အချိုဓာတ်ကဲစေရန် ထည့်သွင်းထားသော Wrn syrup ဟာလည်း ဆီးချိုရောဂါဝေဒနာရှင်များ သတိထားရမယ့်အချက်ဖြစ်ပါတယ်။ အလွန်အကျွံစားသုံးမိပါက သွေးတွင်းအချိုဓာတ်ကို မြှင့်တက်စေနိုင်တဲ့အတွက်ဖြစ်ပါတယ်။  မိမိရဲ့ရောဂါ အခြေအနေပေါ်မူတည်ပြီး စားသုံးဖို့သင့်မသင့် ဆင်ခြင်နိုင်ရန် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။


ရေခဲမုန့်အမျိုးအစားအလိုက် ကယ်လိုရီပမာဏာအာဟာရတန်ဖိုးများကို ဖော်ပြထားပါတယ်။ Vitamin နဲ့ Minerals တွေရဲ့တန်ဖိုးကိုတော့ အသေးစိတ်မဖော်ပြတော့ပါဘူး။
1 oz = 57 Kcal
1 small = cup = 88 Kcal
1 medium cup = 133 Kcal
100g = 201 Kcal
1 large suop = 179 Kcal
½ cup = 133 Kcal (4 oz)
1 cup = 267 Kcal (8 oz)
ဘယ်အရာမဆို ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေတဲ့အတိုင်း သင့်တင့်တဲ့ပမာဏကိုစားသုံးရင် အကျိုးရှိ သလို၊ အလွန်အကျွံစားသုံးပါက ဘေးဖြစ်စေမှာပါ။ အလွန်အေးတဲ့နိုင်ငံများမှာဆို နှင်းတွေကျတဲ့အချိန်မှာ ရေခဲမုန့်ကို စားကြပါတယ်တဲ့။ နည်းနည်းတော့ ထူးဆန်းသလိုဖြစ်ပေမယ့် ရေခဲမုန့်ဟာ energy အပြည့်အ၀ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ထဲရောက်သွားရင် နွေးနွေးထွေးထွေး ဖြစ်စေပါတယ်။ ဒါကြောင့် အေးတဲ့နိုင်ငံက လူတွေက ရေခဲမုန့်ကို အလွန်နှစ်သက်စွာစားသုံးကြပါတယ်။ ကျွန်မတို့နိုင်ငံမှာတော့ နွေရာသီမှာရေခဲမုန့်ကို စားသုံးသူအများဆုံးလို့ထင်ရပါပေတယ်။ ကလေးကအစ၊ လူကြီး၊ လူငယ်မရွေး နှစ်နှစ်ခြိုက်ခြိုက်စားသုံးကြ ပါတယ်။
ရေခဲမုန့်ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးနဲ့ အာဟာရတန်ဖိုးများကို အတော်အသင့်နားလည်နိုင်ကြမယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်မရှာဖွေလေ့လာဖတ်ရှုမိသလောက် ပြန်လည်တင်ပြရခြင်းဖြစ်ပါတယ်။ လူတိုင်း ကျန်းမာပျော်ရွှင်ကြစေရန် ဆန္ဒပြုလိုက်ရပါတယ်ရှင်။

Dr.Jasmine
Health Guide
https://www.facebook.com/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ