Foreign Object in the Eye မျက်စိထဲ တခုခုဝင်ခြင်း
ဆရာရှင့်။ မနေ့က ကျမ အပြင်သွားတာ မျက်စိထဲကို မတော်တဆ တခုခု ၀င်သွားပါတယ်။ တော်တော့်ကို ခံခက်လို့ ကျမ ခပ်ပြင်းပြင်းပွတ်လိုက်မိပါတယ်။ အဲဒိလိုဖြစ်ပြီးတော့ ကျမ အဲဒိ မတော်တဆ ဖြစ်တဲ့နေရာကနေ ရေရှိတဲ့ နေရာကို ရောက်ဖို့ နေပူထဲကနေလည်း မိနစ်နှစ်ဆယ်လောက် ဖြတ်ခဲ့ရပါတယ်။ ပြီးတော့ ရေနဲ့လည်း မျက်နှာသစ်ရော အဲဒိ ၀င်သွားတဲ့ အရာက ပြန်မထွက်တော့ဘဲ မျက်စိထဲမှာ ခိုးလိုးခုလု ဖြစ်နေတာ ဒီကနေ့ မနက်ထိပါပဲ။ အဲဒါ မျက်စဉ်းခပ်လို့ အဆင်ပြေမယ်ဆို ဘယ်မျက်စဉ်းခပ်သင့်ပါသလဲ ညွှန်ပေးပါဦး ဆရာရှင့်။ မနေ့က ညနေက စပြီး မျက်လုံးက ယားပြီး၊ ရောင်လည်း ရောင်လာပါတယ်။ အထဲက ခိုးလိုးခုလုနဲ့ကတော့ တော်တော့်ကို ခံရခက်ဖြစ်နေပါတယ် ဆရာ ရေ။
• ရေသန့်နဲ့ မျက်နှာသစ်ပါ။ ရေထဲမှာမျက်စ်ထားပြီး ဖွင့်-ပိတ်လုပ်ကြည့်ပါ။
• မျက်စိကို ခဏခဏမပွတ်ပါနဲ့။ လှုပ်ရှားမှုနည်းပါစေ။ ဖုံးအုပ်ထားပါ။ ကောင်းတဲဖက်ကိုပါ ထိန်းထားနိုင်မှသာ ဖြစ်တဲ့ဘက်ကလည်း ငြိမ်မယ်။
• မျက်စိထဲဝင်တာက စူးရှထက်တာဆိုရင် သတိကြီးကြီးထားရမယ်။ ဓါတုပစ္စည်းပါရင် မျက်စိအထူးကုဆရာဝန် ပြရမယ်။
• မျက်စိမှာ အနက်ရောင်အဝိုင်းကိုရှေ့ဆုံးကဆုံးကအုပ်ထားတဲ့ မျက်ကြည်လွှာက အရေးကြီးတယ်။ အမာရွတ် ထင်ကျန်ရင် အပြင်တိမ်ဖြစ်မယ်။ ကပ်နေတာကလည်း အဲဒီအလွှာမှာအဖြစ်များတယ်။ အဖြူရောင်ပိုင်းက အရေးမကြီးလှပါ။
• ဆံပင်မွှေး၊ ဖုံမှုံ့လိုဝင်တာကို သန့်တဲ့လက်ကိုက်ပုဝါဒေါင့်စွန်းလေးနဲ့ ခြူယူနိုင်တယ်။ လက်ကိုက်ပုဝါစိုတာက ပိုအဆင်ပြေတတ်တယ်။
• လက်ကိုအရင် ဆေးပါ။ အလင်းရောင်းကောင်းပါစေ။
• လိုအပ်ရင် Anesthetic drop ထုံဆေးမျက်စဉ်းသုံးပါ။ လိုအပ်ရင် မှန်ဘီလူးသုံးပါ။
• Antibiotic ointment ပိုးသေဆေးမျက်စဉ်း Cipro eye drop လိုနိုင်တယ်။
• မျက်စိဆရာဝန်က လိုအပ်ရင် သူငယ်အိမ်ကျယ်ဆေး cyclopentolate or homatropine ခပ်ပြီး ဖယ်ရှားတာ လုပ်ပေးမယ်။
• Acetaminophen ပါရာစီတမောဆေးက နာတာနဲ့ ရောင်တာကိုသက်သာစေမယ်။
ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin