ဗီတာမင် B12 က ၀က်ခြံပေါက်ခြင်းနှင့် ဆက်စပ်နေ


လေ့လာသူများက အရေပြား တွင် တွေ့ရအများဆုံး Propioni- bacterium Acnes က အချို့သူများ တွင် ၀က်ခြံများ ဖြစ်ပွားစေပြီး အချို့ သူများတွင် အဘယ်ကြောင့် မဖြစ်ပွား သည်ကို သိရရန်အတွက် ယင်း ဘက်တီးရီးယား၏ ဗီဇအား စစ်ဆေး ခဲ့ကြသည် ။ ထိုအခါ ဗီတာမင် B12 က ၀က်ခြံပေါက်ခြင်းနှင့် ဆက်စပ်နေ ကြောင်း တွေ့ခဲ့ရသည် ။

လူသားများ တွင် ဗီတာမင် B12 က ဓာတုရုပ် ဖြစ်ပျက်ခြင်း ၊ သွေးနီဥဆဲလ်များဖြစ် ပေါ်ခြင်းနှင့် ဗဟိုအာရုံကြောစနစ်တို့ အပေါ်တွင် များစွာ သက်ရောက်မှု ရှိလေသည် ။ ဘက်တီးရီးယား၏ ဗီဇ စနစ်ကို လေ့လာခဲ့ရာ ဗီတာမင် B12 က ၀က်ခြံများသူများ၏အရေပြား ဘက်တီးရီးယားများအား ၀က်ခြံ မရှိသူများ၏ အရေပြားဘက်တီးရီး ယားများထက် များစွာပြောင်းလဲစေ သည် ။ လေ့လာသူများက ယင်း အချက်အားသေချာစေရန် ပါဝင်သူ များအား ဗီတာမင်B12 အားဖြည့် ဆေးအား ထိုးပေးစောင့်ကြည့်ခဲ့ရာ ၁၀ ဦးလျှင် ၁ ဦးနှုန်း ၀က်ခြံများ ပေါက်လာကြောင်း တွေ့ခဲ့ရသည် ။

ယင်းသို့ ဖြစ်ရခြင်းမှာ ဗီတာမင် B12များ ပိုများလာပါက ဘက် တီးရီးယား၏ဗီဇ ပြောင်းလဲလာပြီး ဗီတာမင်ထုတ်လုပ်မှုကို ဖိနှိပ်ကာ ရောင်ရမ်းမှုကိုအားပေးပြီး ၀က်ခြံ ပေါက်ရာ၌ အဓိကကျသည့် Porp- hyrin ထုတ်လုပ်မှုကိုများစေလေ သည်။ ယခုတွေ့ရှိမှုအား Science Translational Medicine Journal ၌ ပုံနှိပ်ဖော်ပြခဲ့သည် ။

အ၀င်း
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ