Flu News တုပ်ကွေးအကြောင်း


အခုရာသီမှာဖြစ်နေတဲ့ တုပ်ကွေးအကြောင်း အခုပဲ VOA ကမေးလို့ဖြေလိုက်ပါတယ်။ အခုထိ ဗိုင်းရပ်စ်မျိုးကွဲ (၃) ခုကနေ ရောဂါဖြစ်နေပါတယ်။ ကူးစက်မှုသတင်း၊ သေဆုံးမှုသတင်း၊ ကာကွယ်ဆေးသတင်းတွေကို ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ချက်ကိုသာ အမှန်ယူသင့်ကြပါတယ်။

နှာခေါင်စည်း ကြော်ငြာတွေ တွေ့ပါတယ်။ ကာကွယ်ဆေးကြောငြာနေတာတွေ တွေ့ပါတယ်။ ဆေးရောင်းတာတွေလည်း တွေ့ပါတယ်။

၁။ ဆေးရုံသုံး တခါသုံးနှာခေါင်းစည်းနဲ့ ဖြစ်နိုင်ပါတယ်။

၂။ လက်ကို ရေနဲ့ ရိုးရိုးဆပ်ပြာနဲ့ မကြာခဏဆေးပါ။

၃။ လူစုလူဝေးကို တတ်နိုင်သလောက်ရှောင်ပါ။

၎။ ကျန်းမာရေးဌာနက လမ်းညွှန်မှသာ သတ်မှတ်ထားတဲ့ ကာကွယ်ဆေး လိုအပ်ပါတယ်။

၅။ စားဆေးနဲ့ ကုသလို့ သက်သာစေနိုင်တာ Influenza A (H3N2) တမျိုးတည်းသာ ရှိတယ်။

၆။ ကိုယ်ဝန်ဆောင်တွေ ထူးပြီးစိုးရိမ်စရာမရှိပါ။ ဇီကာနဲ့ မတူပါ။ အသက် ၅ နှစ်အောက်နဲ့ ၆၅ နှစ်အထက်တွေသာ ပိုသတိထားရပါမယ်။

၇။ လိုတာထက်ပိုပြီး အထိတ်တလန့် မဖြစ်သင့်ပါ။ ခိုင်မာတိကျတဲ့သတင်းကိုသာ မျှဝေသင့်ပါတယ်။

1. H1 N1 တုပ်ကွေးရောဂါ အတည်ပြုချက်ရ သတင်း https://doctortintswe.blogspot.com/2017/07/h1-n1.html
2. H1N1 influenza virus vaccine တုပ်ကွေး ကာကွယ်ဆေး https://doctortintswe.blogspot.com/2017/07/h1n1-influenza-virus-vaccine.html
3. Influenza A (H3N2) Variant Virus ဝက်တုပ်ကွေးတမျိုး https://doctortintswe.blogspot.com/2017/07/vitamin-d-and-flu.html
4. Swine flu ဆွိုင်းဖလူး ခေါ် တုပ်ကွေးတမျိုး https://doctortintswe.blogspot.com/2017/07/influenza-h3n2-variant-virus.html
5. Vitamin D and Flu ဗီတာမင်ဒီ နဲ့ တုပ်ကွေး https://doctortintswe.blogspot.com/2017/07/swine-flu.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ