Influenza A (H3N2) Variant Virus ဝက်တုပ်ကွေးတမျိုး


• I saw H3N2 virus also found from Pegu patient which is now in Yangon Hospital ပဲခူးကလူနာတဦး ရန်ကုန်ဆေးရုံကြီးမှာ H3N2 virus တွေ့သတဲ့။

• ကျန်းမာရေးဌာနကပြောတာ ဟုတ် မဟုတ် မသိပါ။

• ဟုတ် news page တွေတော်တော်များများကတော့ တက်လာကြတာတွေ့တယ်။

Influenza A H3N2 variant viruses (H3N2v viruses) ဗိုင်းရပ်စ်ဆိုတာ ၂ဝဝ၉ တုန်းက ကမ္ဘာမှာကပ်ရောဂါလိုဖြစ်ခဲ့တဲ့ H1N1 ဗိုင်းရပ်စ်မျိုးကွဲတခုဖြစ်တယ်။ matrix (M) gene မျိုးဗီဇပါတယ်။ ၂ဝ၁ဝ ယူအက်စ်ကဝက်တွေမှာ စတွေ့ထားတာ။

Swine flu viruses ဝက်တုပ်ကွေးဗိုင်းရပ်စ်ဖြစ်တယ်။ Seasonal flu ရာသီဥတုတုပ်ကွေးနဲ့ဆင်တယ်။ ဒီပိုးကို လူ့ကိုယ်မှာ မတွေ့ရပါ။ H1N1v, H3N2v နဲ့ H1N2v viruses တွေက ကူးစက်နိုင်တယ်။

ကူးစက်ခံရရင် တုပ်ကွေးမိသလိုပါပဲ။ ဖျားမယ်။ ချောင်းဆိုးမယ်။ နှာရည်ယိုမယ်။ လည်ချောင်းနာမယ်။ ကိုက်ခဲမယ်။ အန်မယ်။ ဝမ်းပျက်မယ်။ ဆိုးရင် နူမိုးနီးယားဆက်ဖြစ်တယ်။ တချို့သေဆုံးနိုင်တယ်။ ဆောရီး။

ဝက်သားစားတာနဲ့ ကူးစက်တာတော့ မဟုတ်ပါ။ ရောဂါဖြစ်ပွါးနေချိန်မှာ အဲဒီဒေသထွက် ဝက်သား မစားရပါ။ အသက် ၅ နှစ်အောက်ကလေးတွေနဲ့ ၆၅ နှစ်အထက်တွေက ပိုသတိထားရမယ်။

လူတယောက်နေ နောက်တယောက်ကို ချောင်းဆိုး နှာချေရာကထွက်လာတဲ့အမှုံအမွှားလေးတွေကနေ ကူးစက်တယ်။ ၆ ပေပတ်လည်ကလူတွေ အဲတာကိုရှူမိရင်ကူးစက်နိုင်တယ်။ အကာအကွယ် လက်အိတ်၊ နှာခေါင်းစည်း သုံးပါ။ လက်မကြာခဏဆေးပါ။ အရက်ပျံပါ လက်ဆေး ဆေးရည်သုံးနိုင်တယ်။ ဝက်တွေကို မထိမကိုင်ပါနဲ့။ ကျန်းမာရေးဌာနက ညွှန်ကြားတာတွေကို အတိအကျလိုက်နာပါ။ မှန်ကန်တဲ့သတင်းသာ မျှဝေပါ။

ကာကွယ်ဆေးစမ်းသပ်ဆဲဖြစ်တယ်။ ပေါ်ပြီးသား တခြားတုပ်ကွေးကာကွယဆေးတွေနဲ့ ဒီဗိုင်းရပ်စ်ကို မကာကွယ်နိုင်ပါ။ ဆောရီး။

ကူးစက်ခံရရင် Oseltamivir ဆေးနဲ့ Zanamivir ဆေးတွေပေးနိုင်တယ်။ Tamiflu နဲ့ Relenza ဆေးတွေလည်း သုံးနိုင်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ