Drugs cocktail cut HIV deaths by 27% ဆေးအတွဲပေးခြင်းဖြင် HIV သေဆုံးမှုကို ၂၇% ကျဆင်းစေ
လွန်ခဲ့တဲ့ ၄ နာရီကသတင်းဖြစ်ပါတယ်။ ဒီလိုဆေးအစုံတွဲထားတဲ့ဆေးပေးကုသနည်းကြောင့် နှစ်စဉ်လူနာ တသောင်းကျော် အသက်တွေကို ကယ်ဆယ်နိုင်ခဲ့တယ်။ ဆေးအတွဲပေးခြင်းဖြင် HIV သေဆုံးမှုကို ၂၇% ကျဆင်းစေခဲ့တယ်လို့ နယူးအင်္ဂလန် ဆေးပညာဂျာနယ်ကရေးသားလိုက်တာပါ။
HIV ပိုးကူးစက်ခံထားရပေမယ့် ပိုးကြောင့်တော့ အသက်မသေစေပါ။ ပိုးရှိနေလို့ ခုခံအားကျနေချိန်မှာ အခွင့်ကောင်းယူပြီး ဝင်လာတဲ့ ကူးစက်ရောဂါကနေသာ သေစေနိုင်တယ်။ ဥပမာ တီဘီ၊ နူမိုးနီးယား၊ ဖန်းဂတ်စ် ခေါ် မှိုပိုးပိုးဝင်ခြင်း၊ မှိုပိုးကြောင့် Cryptococcal meningitis ခေါ်ဦးနှောက်အဖုံးလွှာရောင်နိုင်တယ်။ နောက်ပိုင်းမှာသိလာတာက ကူးစက်ရောဂါတခုခုဝင်ထားပြီးမှ ART ဆေးပေးရင် သတိထားရတယ်။ ဦးနှောက်ကို ပိုးရောက်တတ်တယ်။ အဲတာကဆိုးတယ်။
CD count ကြည့်ပြီးဆေးပေးနည်းကို စမ်းသပ်ပါတယ်။ 100 အောက်သာရှိသူတွေကို antibiotics ပဋိဇီဝဆေး + ART ဆေးတွဲပေးတယ်။ CD count 50 အောက်သာရှိရင် 100 ရှိသူတွေထက် ၂၄ ပတ်အတွင်းသေဆုံးဘို့ ၆ ဆပိုများတာ တွေ့ရတယ်။
ဒီစမ်းသပ်မှုကို ယူဂန်ဒါ၊ ဇင်ဘာဘွေ၊ မာလာဝီနဲ့ကင်ညာနိုင်ငံတွေမှာ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ လူနာပေါင်း ၁၈ဝ၅ ယောက်။ အသက် အနည်းဆုံး ၅ နှစ်ရှိသူတွေဖြစ်တယ်။ အဲဒီမှာ ပုံမှန်အားဖြင့် ၁ဝ% ဟာ ရက်သတ္တတွေအတွင်း သေဆုံးနေကြတယ်။ အခုဆေးပေးနည်းကြောင့် သေဆုံးမှု ၂၇% လျော့နည်းတယ်။ တီဘီ ၂၈% နည်းတယ်။ Cryptococcal meningitis ခေါ်ဦးနှောက်အဖုံးလွှာရောင်တာ ၆၂% နည်းတယ်။ ဆေးရုံတက်ရတာ ၁၇% နည်းတယ်။ လူနာ ၁ဝဝ မှာ ၃ ယောက် ဆက်ရှင်နေနိုင်တယ်။
ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin