ကမ္ဘာအဝန်းတွင် အစာရေဆာခေါင်းပါးမှုဒဏ် ခံစားနေရသူ သန်း ၈ဝဝ ခန့်ရှိ


ကမ္ဘာအဝန်းတွင် အစာရေဆာငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေရသူ သန်း ၈ဝဝ ခန့် (လူကိုးယောက်တွင် တစ်ယောက်နှုန်း)ရှိကြောင်း ကုလသမဂ္ဂ လေ့လာတွေ့ရှိ ချက်တစ်ခုအရ သိရသည်။

ဇူလိုင် ၂ဝ ရက်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့စားနပ် ရိက္ခာဖွံ့ဖြိုးမှုအစီအစဉ်၏ အစီရင်ခံစာတစ်ရပ်တွင် ၂ဝဝ၉ ခုနှစ်က ၄င်းအဖွဲ့၏ သုံးစွဲမှုငွေပမာဏ သည် အမေရိကန်ဒေါ်လာ၂ ဒသမ ၂ ဘီလီယံခန့်ရှိခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံခန့် မြင့်တက်သုံးစွဲခဲ့ကြောင်း သိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာဖွံ့ဖြိုးမှုအစီအစဉ်၏သုံးစွဲငွေ ပမာဏ ၇ဝ ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်းနှင့် အာဖရိ ကနိုင်ငံများအတွက် သုံးစွဲခဲ့ရကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများရှိ ပြည်သူများအား ပြည်တွင်းစစ်ပွဲများကြောင့် နေရပ် စွန့်ခွာထွက်ပြေးကြရန် တိုက်တွန်းထားပြီးဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ရေးသားထားသည်။

ပြည်တွင်းစစ်ပွဲများကြောင့် ပြည်သူများအနေဖြင့် ယခုကဲ့သို့ အစာရေဆာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ရင်ဆိုင်နေရခြင်းဖြစ်သည်။

အစာရေဆာထောက်ပံ့မှုနှင့် အစားအစာများအား ပဋိပက္ခဇုန်အတွင်းသို့ ပို့ဆောင်ပေးရခြင်းသည် ကုန်ကျ စရိတ်ကြီးမားလှကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာဖွံ့ဖြိုး မှုအစီအစဉ်က ပြောကြားခဲ့သည်။

ကမ္ဘာအရပ်ရပ်တွင် ပဋိပက္ခများကြောင့် ဆာလောင်မွတ်သိပ်နေသူ အများအပြားရှိနေသည့် အတွက် ကမ္ဘာ့နိုင်ငံများအနေဖြင့် စစ်ပွဲများရပ်တန့်ပစ်ရန် ပူးပေါင်းအဖြေရှာကြရမည်ဖြစ်ကြောင်းနှင့် သို့မှသာ ဆာလောင်မွတ်သိပ်နေသူများ ပပျောက်သွားမည် ဖြစ်သည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာ ဖွံ့ဖြိုးမှုအစီအစဉ်၏ အမှုဆောင်ညွှန်ကြားရေးမှူး ဒေးဗစ် ဘီစလေက ဆိုသည်

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ