Pneumonia in Children ကလေးများတွင်ဖြစ်သည့် နူမိုးနီးယားရောဂါ


၁။ မင်္ဂလာပါ ဒေါက်တာတင့်ဆွေခင်ဗျား။ Pneumonia ရောဂါက ကလေးငယ်တွေမှာ ဖြစ်တတ်ပါသလားခင်ဗျ။ ဖြစ်ရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြတတ်ပါသလဲခင်ဗျာ။ ကျနော့်ရဲ့ ၁ လသား သမီးငယ်က ပြီးခဲ့တဲ့ ၂ ပတ်က ဖျားလို့ ဆေးရုံတက်ရပါတယ်။ ဖလူးဖြစ်တယ်လို့ဆုံးဖြတ်ပြီး ကုသပျောက်ကင်းသွားပါတယ်။ သို့သော် ဆေးရုံး ၄ ရက်တက်ပြီး အိမ်ပြန်နားတော့ တစ်ခါတစ်ရံ ငွေ့ငွေ့ပူပူလာတတ်ပါတယ်။ ၁ ပတ်ခန့်ရှိပါပြီ။ နို့စို့မပျက် ဆီးဝမ်းလဲ မှန်ပါတ်ာခင်ဗျ။ ကျေးဇူးပြုပြီး အကြံပေးပါဦးခင်ဗျ။

၂။ ဆရာရှင့် နမိုးနီးယားလက္ခဏာများကို သိချင်ပါတယ်ဆရာ။ နမိုးနီးယားဟာ ဘာကြောင့်ဖြစ်တာလဲဆိုတာကိုလဲ သိပါရစေရှင့်။ ကျွန်မအမွှာသမီးလေးနှစ်ယောက်မွေးထားပါတယ်ဆရာ။ ၃၅ ပတ်နဲ့မွေးတာပါ။ ၄၃ ရက်အရမှာ အမွှာသမီးကြီးလေးက နမိုးနီးယား အဆုတ်တခြမ်းခဲပြီး ဗီတာမင်အေချို့တဲ့မှုကြောင့် ဆေးရုံမှာ နှစ်ပတ်ကြာ အရေးပေါ်ကုသခဲ့ရပါတယ်ဆရာ။ အခု အငယ်မလေးက ချောင်းတအားဆိုးပြီး ချွဲကြပ်နေပါတယ်။ ဆေးရုံသွားပြစဉ်က အဆုတ်ထဲ ချွဲမရှိဘူးပြောပါတယ်။ သောက်ဆေးပေးပါတယ်။ ကလေးကမသက်သာဘူးဆရာ။ ချွဲပိုကြပ်လာသလိုပါပဲ။ နောက်ပြီး နမိုးနီးယားက ကူးစက်တတ်လားလဲသိချင်ပါတယ်ဆရာ။

၃။ ကလေးငယ်များတွင်ဖြစ်တတ်သော အဆုပ်ရောင်ရောဂါ နမိုးနီးယားရဲ့လက္ခဏာလေးသိချင်လို့ပါရှင့်။ ကျွန်မသားလေးက ၁၁ လရှိပါပြီ။ ခေါင်းချွေးခဏတိုင်းထွက်တတ်ပါတယ်ရှင့်။

၎။ ဆရာရှင့် အခု ကျွန်မတို့ ရန်ကုန်မှာ နမိုးနီးယားတွေ အဖြစ်များနေပါတယ်တဲ့။ ကလေးတွေ အပြင်သိပ်မထွက်ပါနဲ့တဲ့။ အဲ့ဒါ သိချင်တာလေး နဲနဲရှိလို့ပါ။ ၁) နမိုးနီးယားက ကူးလို့လားဆရာ။ ၂) ကျွန်မသားလေးတွေက နမိုးနီးယားနဲ့ ဦးနှောက်အမြှေးယောင် ကာကွယ်ဆေးထိုးထားပါတယ် အဲ့ဒါ အကာအကွယ် အပြည့်အဝရောပေးရဲ့လားဆရာ။ ၃) ကိုယ်ခံအားနည်းရင် ကာကွယ်ဆေးထိုးထားလဲ ဖြစ်တာပဲဆိုတာ ဟုတ်လားဆရာ။ ၄) ကလေးတွေ ကိုယ်ခံအားကောင်းဖို့ ဘယ်လို အစားအစားတွေကို နေ့စဉ်ကျွေးဖို့လိုအပ်ပါလဲဆရာ။

နူမိုးနီးယားရောဂါဆိုတာ အဆုပ်ကိုရောဂါပိုးဝင်လို့ ဖြစ်ရတယ်။ ပိုးတွေဆိုတာ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ဖန်းဂတ်စ်မို၊ ပါရာဆိုက်တွေဖြစ်တယ်။ အသက်ရှူလမ်းအထက်ပိုင်း (နား၊ လည်ချောင်း) ရောဂါတခုခုကနေစတတ်တယ်။ အအေးမိ၊ လည်ချောင်းနာ၊ အာသီးရောင်ရာကနေ ၁-၂-၃ ရက်ကြာရင် ဖြစ်လာတတ်တယ်။ တချို့ တုပ်ကွေး၊ ဝက်သက်ကနေ ဆက်ဖြစ်တယ်။ လိင်လမ်းကတဆင့်ကူးစက်တဲ့ ကလာမိုင်ဒီယားပိုးကြောင့် မျက်စိနာရာကနေ နူမိုးနီးယား ဆက်ဖြစ်တယ်။ ကြက်ညှာချောင်းဆိုးကနေလည်း ဆက်ဖြစ်နိုင်တယ်။ အောက်ဆင်းပြီး အဆုပ်ကို ရောက်တယ်။

ခုခံတိုက်ထုတ်တဲ့ သွေးဖြူဥတွေ၊ အရည်အချွဲတွေစုဝေးလာမယ်။ လေလမ်းကိုဆို့စေမယ်။ ကိုယ်ပူမယ်။ ချမ်းဖျားမယ်။ ချောင်းဆိုးမယ်။ နှာခေါင်းအနေရခက်မယ်။ အသက်ရှူမြန်မယ်။ အသက်ရှူရင်အသံပိုတွေ ကြားမယ်။ အန်မယ်။ ရင်ပတ်နာမယ်။ မဆော့ချင်ဘူး။ မစားချင်ဘူး။ ဆိုးဝါးရင် အသားအရေ ပြာနှမ်းမယ်။ ဗက်တီးရီးယားကြောင့်ဖြစ်တာ ပိုမြန်တယ်။ ဗိုင်းရပ်စ်က သိပ်မမြန်ဘူး။

ကူးစက်ပုံ
လူနာ၏ပါးစပ်၊ နှာခေါင်းကထွက်တဲ့အရည်တွေမှာ ပိုးတွေပါတယ်။ လူနာချောင်းဆိုး၊ နှာခြေရင်ထွက်လာမယ်။ လက်ကိုင်ပုဝါ၊ အသုံးအဆောင်တွေကတဆင့်လည်း အသက်ရှူလမ်းထဲဝင်လာကာ ကူးနိုင်တယ်။

ကုသခြင်း
ဆရာဝန်ကစစ်ဆေးမယ်၊ ဓါတ်မှန်ရိုက်ရန် လိုချင်လိုမယ်။ သွေးစစ်ရန် လိုချင်လိုမယ်။ သလိပ်ပိုးစစ်ရန် လိုချင်လိုမယ်။ အများအားဖြင့် ပိုးသေဆေးနဲ့ ပျောက်တယ်။ ဆေးရုံတင်ရန် လိုချင်လိုနိုင်တယ်။ အောက်စီဂျင် လိုချင်လိုတယ်။ ကုသရင် ၁-၂ ပါတ် ပျောက်မယ်။ ၄-၆ ပါတ် ကြာတဲ့ပိုးလည်းရှိတယ်။

နူမိုးနီးယားအမျိုးမျိုးနှင့် အသက်ရှူလမ်းရောဂါဆေးများ
Erythromycin 500 mg IV တနေ့ ၄ ကြိမ် (သို့)
Doxycycline 100 mg IV (သို့) စားဆေး တနေ့ ၂ ကြိမ် + Cefotaxime 1-2 Gm IV တနေ့ ၃ ကြိမ်၊ Clindamycin 600 mg IV တနေ့ ၄ ကြိမ် (သို့)
Amoxacillin 500 mg တနေ့ ၃ ကြိမ် (သို့)
Penicillin G 1.2 million units IV တနေ့ ၄ ကြိမ် + Metronidazole 500 mg IV (သို့)
Doxycycline 100 mg တနေ့ ၂ ကြိမ် (သို့)
Erythromycin 500 mg တနေ့ ၄ ကြိမ် (သို့)
Azithromycin 500 mg ပဌမနေ့ + 250 mg နောက် ၂ ရက်မှ ၅ ရက်။
Amoxicillin 500 mg တနေ့ ၄ ကြိမ် x ၇-၁ဝ ရက် (သို့)
Fluoroquinolone (Levofloacin) 500 mg တနေ့ ၁ ကြိမ် /Gatifloxacin 400 mg တနေ့ ၁ ကြိမ် /Sparfloxacin 400 mg on day 1 and 200 mg တနေ့ ၁ ကြိမ် /Moxifloxacin 400 mg တနေ့ ၁ ကြိမ် x ၁ဝ-၁၄ ရက်။ Clarithromycin 500 mg တနေ့ ၂ ကြိမ် x ၁ဝ ရက် (သို့)
Doxycycline 200 mg တနေ့ ၂ ကြိမ် x ၁ဝ ရက် Cefotaxime (သို့)
Cefipime 1-2 g IV ၈-၁၂ နာရီတကြိမ်။

Anaerobic Pneumonia and Lung Abscess (လေမကြိုက်သည့်ပိုး) နူမိုးနီးယား၊ အဆုပ်ပြည်တည်ခြင်း
Penicillins (Penicillin G 1-2 million units IV ၄-၆ နာရီတကြိမ် (သို့)
Amoxacillin 500 mg TDS) + Metronidazole 500 mg IV (သို့)
စားဆေးတနေ့ ၂-၃ ကြိမ် (2) Clindamycin 600 mg IV တနေ့ ၃ ကြိမ်ပေးပြီး 300 mg တနေ့ ၄ ကြိမ် (သို့)
Amoxacillin 875 mg တနေ့ ၂ ကြိမ်။

Postoperative Pneumonia ခွဲစိတ်ပြီးရသည့် နူမိုးနီးယား
Cefotaxime (သို့) Ceftriaxone (သို့) Cefipime 2 Gm IV တနေ့ ၃ ကြိမ် (သို့)
Piperacillin-Tazobactam 4-5 Gm IV တနေ့ ၄ ကြိမ် with (သို့) without Tobramycin (သို့) Ciprofloxacin

Aspiration Pneumonia အန်ဖတ်ဝင်၍ဖြစ်သော နူမိုးနီးယား
Clindamycin 300 mg Orally TDS (သို့) (TMP 160 mg + SMZ 800 mg) တနေ့ ၂ ကြိမ် x ၁ဝ ရက် (သို့)
Phenoxymethyl Penicillin 500 mg တနေ့ ၄ ကြိမ် x ၁ဝ-၁၄ ရက်။

Community-acquired Pneumonia လူစုလူဝေးမှ ရသော နူမိုးနီးယား
(1) Clarithromycin 500 mg တနေ့ ၂ ကြိမ် (သို့) Azithromycin 500 mg စပေးပြီး 250 mg တနေ့ ၁ ကြိမ် x ၄ ရက်။
(2) Doxycycline 100 mg တနေ့ ၂ ကြိမ်
(3) Fluroquinolones such as Gatifloxacin 400 mg တနေ့ ၁ ကြိမ် (သို့) Moxifloxacin 400 mg တနေ့ ၁ ကြိမ် Eruthromycin 250-500 mg တနေ့ ၄ ကြိမ်, Cefuroxime axetil 250-500 mg တနေ့ ၂ ကြိမ်၊ Cefpodoxime proxetil 100-200 mg တနေ့ ၂ ကြိမ် (သို့) Cefprozil 250-500 mg တနေ့ ၂ ကြိမ်
(4) Erythromycin (Azithromycin, Clarthromycin) 500 mg (သို့) IV တနေ့ ၄ ကြိမ် (သို့) Doxycycline 100 mg IV (သို့) တနေ့ ၂ ကြိမ် + Cefotaxime 2 Gm IV တနေ့ ၃ ကြိမ် (သို့) Ceftriaxone 1 Gm IV တနေ့ ၁ ကြိမ်။

ပနယ်စလင်ဆေးတွေကနေ ၇ဝ% ကိုသာနိုင်တယ်။ ၃ဝ% က ဆေးယဉ်ကြတယ်။ ပါးစပ်ကတိုက်ရတာခက်ရင် ထိုးဆေးလိုမယ်။ ရေ-အရည် များများတိုက်ရမယ်။

ကာကွယ်ရန်
တချို့နူမိုးနီးယားရောဂါက မကူးစက်ပါ။ အချို့ပိုးများအတွက် ကာကွယ်ဆေးရှိတယ်။ ဥပမာ DPT ဆုံဆို့-ကြက်ညှာ-မေးခိုင်ကာကွယ်ဆေး။ BCG တီဘီ ကာကွယ်ဆေး။ နူမိုးနီးယားရောဂါမဖြစ်ခင် အသက်ရှူလမ်းအထက်ပိုင်း ရောဂါတွေ ဖြစ်ရင် ဂရုစိုက်ရမယ်။ Pneumococcal vaccine နူမိုကော်ကယ် ကာကွယ်ဆေးကနေ နူမိုးနီးယားဖြစ်စေတဲ့ Streptococcus pneumoniae ပိုကိုကာကွယ်ပေးမယ်။ (PCV) PCV13 ခေါ် Prevnar 13 ကို ၂ဝ၁ဝ ကတည်းက သုံးနေတယ်။ (၄) ခါထိုးရမယ်။ ၂ လသား + ၄ လသား + ၆ လသား + ၁၂-၁၅ လသား။

အိန္ဒိယမှာ နေ့တိုင်း အသက် ၅ နှစ်အောက်ကလေး ၁ဝဝဝ ကျော် နူမိုးနီးယားရောဂါကြောင့် သေနေရတယ်။ အဲဒီအရွယ် ကလေးတွေသေဆုံးရခြင်းရဲ့ ၂ဝ% ခန့်ဖြစ်တယ်။ ငှက်ဖျား၊ ဝက်သက် AIDS ထက်များတယ်။

ဖတ်နိုင်သည့်စာများ -
Respiratory tract infections (1) အသက်ရှူလမ်း ပိုးဝင်ခြင်း (၁)
Respiratory tract infections (2) အသက်ရှူလမ်း ပိုးဝင်ခြင်း (၂)
Respiratory tract infections (3) အသက်ရှူလမ်း ပိုးဝင်ခြင်း (၃)
Respiratory tract infections (4) အသက်ရှူလမ်း ပိုးဝင်ခြင်း (၄)
Medicine for Pneumonias and Respiratory Tract Diseases နူမိုးနီးယားအမျိုးမျိုးနှင့် အသက်ရှူလမ်းရောဂါဆေးများ

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ