Cyproheptadine ဆိုက်ပရိုဟက်ပတာဒင်း


ပုံထဲကဆေးအကြောင်းလေး သိချင်လို့ပါ ဆရာ။ ကျေးဇူးပြုပြီး ရှင်းပြပေးပါရှင့်။ စားဝင်အိပ်ပျော်တဲ့ဆေးလို့ပဲ သိထားပါတယ်။ ကောင်းကျိုးဆိုးကျိုး သိချင်ပါတယ်။

Cyproheptadine ဆေးဟာ အင်တီဟစ်တမင်းအမျိုးအစားဖြစ်တယ် အလာဂျီအတွက်သုံးပါတယ်။ Post-traumatic stress disorder ခေါ်တဲ့ ထိခိုက်မှုအကြီးအကျယ်ဖြစ်ပြီးနောက်မှာဖြစ်တတ်တဲ့ Nightmares ခေါ်တဲ့ အိပ်မက်ဆိုးရောဂါ အတွက်လဲ ထိရောက်ပါတယ်။ ကလေးတွေမှာ Migraine မိုင်ဂရင်း ခေါင်းကိုက်-ခေါင်းမူးရောဂါဖြစ်တာကိုလဲ ပေးပါတယ်။ SSRI-induced sexual dysfunction စိတ်မကျဆေးကနေဆက်ဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ အားနည်းသူတွေကိုလည်း ပေးနိုင်တယ်။ Drug-induced hyperhidrosis ခေါ်တဲ့ ဆေးကြောင့် ချွေးထွက်လွန်ကဲတာလဲ ပေးတယ်။ Cyclical vomiting syndrome အန်တဲ့ရောဂါလဲပေးတယ်။ ရက်တိုပေးရင်စားချင်စိတ်ကဲစေမယ်။ ကိုယ်အလေးချိန်တက်လာမယ်။

ဘေးထွက်သက်ရောက်မှုတွေကတော့ -
- Sedation and sleepiness အိပ်ချင်မယ်၊
- Dizziness ခေါင်းမူးတယ်၊
- Disturbed coordination ပူးပေါင်းဆောင်ရွက်မှုအားနည်းမယ်၊
- Confusion စိတ်ရှုတ်ထွေးမယ်၊
- Restlessness ဂနာမငြိမ်ဖြစ်မယ်၊
- Excitation စိတ်လှုပ်ရှားမယ်၊
- Nervousness စိတ်ပူပင်မယ်၊
- Tremor လက်တုံမယ်၊
- Irritability စိတ်တိုမယ်၊
- Insomnia အိပ်မရဖြစ်မယ်၊
- Paraesthesias ထုံ-ကျင်မယ်၊
- Neuritis အာရုံကြောရောင်မယ်၊
- Convulsions တက်မယ်၊
- Euphoria အကောင်းလို့ထင်မြင်နေမယ်၊
- Hallucinations သူများမမြင်မကြားတာတွေမြင်ကြားနေမယ်၊
- Hysteria ဟစ်တီးရီးယား စိတ်အခြေအနေမျိုးဖြစ်မယ်၊
- Faintness သတိလက်လွတ်ဖြစ်မယ်၊
- Photosensitivity နေရောင်မခံနိုင်၊
- Vertigo အမူးရောဂါ၊
- Tinnitus နာထဲအသံမည်၊
- Hypotension သွေးဖိအားကျ၊
- Palpitation ရင်တုန်၊
- Anorexia မစားချင်၊
- Nausea ပျို့၊
- Vomiting အန်၊
- Diarrhoea ဝမ်းပျက်၊
ကလေးတွေကို အစာမစားချင်ဖြစ်နေရင်ပေးလေ့ရှိတဲ့ Cypon syrup ဆိုက်ပွန် ဆေးရည် ကိုရေးထားပါတယ်။ FDA အမေရိကန် အစားအသောက်နဲ့ဆေးဝါးအာဏာပိုင်အဖွဲ့ကနေ အထူးသတိပေးချက်တခုကို ၉-၁ဝ-၂ဝဝ၈ နေ့က ထုတ်ထားတယ်။ သူတို့ဆီမှာ Periactin နာမည်နဲ့ရောင်းတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ