C-reactive protein စီ-ရီအက်တစ် ပရိုတင်း


၁။ မင်္ဂလာပါဆရာ ကျတော့်အသက် ၂၈ ပါ။ အိမ်ထောင်မရှိပါ။့ စီမံကိန်းမှာ တာဝန်ခံအင်ဂျင်နီယာ လုပ်ပါတယ်။ ကျတော် နောက်ကျောနာ လည်ပင်းနာပြီး ခါးပါတဖြည်းဖြည်း လိုက်နာလာပါတယ်။ လည်ပင်း MRI ရိုက်ကြည့်တဲ့အချိန် အဆစ်ကျွံနေတယ်လို့ အဖြေထွက်ပါတယ်။ ယခု့ မှာတာဝန်ကျတဲ့အခါ ဆေးရုံက သွေးစစ်ခိုင်းတဲ့အချိန်မှာ CRP - Positive ဖြစ်နေပါတယ်ဆရာ။ ESR – 5 RA – Negative ASO – 200 Uric Acid - 7.15ပါဆရာ ကျန်တာ တွေ normal ရှိပြီး CPR မှာ Postive ဖြစ်နေပါတယ်ခင်ဗျ။ အရိုးပွလို့ဖြစ်တာလား။ ဘာကြောင့်ဖြစ်တာလဲ သိလိုပါတယ်ခင်ဗျ။

၂။ ဆရာ C-reactive protein အကြောင်းရှင်းပြပေးပါဦး။

စီ-ရီအက်တစ် ပရိုတင်း ဆိုတာကို အသည်းကနေထုတ်ပေးတယ်။ ကိုယ်ခန္ဓာတနေရာရာမှာ ရောင်ရမ်းဖြစ်စဉ်ရှိလာရင် ဒါတွေများလာမယ်။

CRP test နည်းနဲ့စမ်းရတယ်။ တိတိကျကျလို့ အဖြေဖတ်မရပါ။ ဘယ်နေရာမှာ ရောင်နေသလဲ မပြောနိုင်ပါ။ CRP level နည်းနေတိုင်းလဲ ရောင်တာမရှိဘူးလို့ တပ်အပ်မပြောနိုင်ပါ။ Rheumatoid arthritis လေးဘက်နာနဲ့ lupus လူးပတ်စ် ရောဂါ ရှိနေရင်တော့ များနေမယ်။ high-sensitivity C-reactive protein (hs-CRP) assay နည်းနဲ့စမ်းမှာသာ နှလုံးရောဂါ ရှိနေတာ ပိုတိကျတယ်။

Normal CRP values ပုံမှန်ဘယ်လောက်ဆိုတာ ဓါတ်ခွဲခန်းတွေက မတူကြပါ။ hs-CRP level က
• 1.0mg/L ထက်နည်းနေရင် နှလုံး-သွေးကြောရောဂါ သံသယရှိဘို့မလိုပါ။
• နဲ့ 3.0 mg/L ဆိုရင် အသင့်အတင့်ရှိနေမယ်။
• mg/L ထက်များရင် အန္တရာယ်ရှိတယ်။

Positive test ရှိတယ်ဆိုယုံက ဘာကိုပြသလဲဆိုရင် -
• Cancer ကင်ဆာ၊
• Connective tissue disease တွယ်ဆက်တစ်ရှူးရောဂါ၊
• Heart attack နှလုံးအတက်ရတာ၊
• Infection ပိုးဝင်တာ၊
• Inflammatory bowel disease (IBD) အူရောင်တာ၊
• Lupus လူးပတ်စ်၊
• Pneumococcal pneumonia နူမိုးနီးယား၊
• Rheumatoid arthritis လေးဘက်နာ အဆစ်နာ၊
• Rheumatic fever လေးဘက်နာ အဖျား၊
• Tuberculosis တီဘီ၊
• Late pregnancy ကိုယ်ဝန်ရင့်ချိန်နဲ့
• Oral contraceptives တားဆေးသောက်ထားရင်လဲ အပေါင်းပြနိုင်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ