Botox ကိုထိုးတော့မယ်ဆိုရင်


Botox ကတော့ Botulinum Toxin လို့ခေါ်တဲ့ အဆင့်မြင့်သန့်စင်ထားတဲ့ ပရိုတိန်းတစ်မျိုးဖြစ်ပါ တယ်။ Botox ကိုထိုးတော့မယ်ဆိုရင် မျက်နှာမှာရှိတဲ့ကြွက်သားတွေကိုထိုးကြတယ်။ အဲဒီလိုထိုးတဲ့အခါ ကြွက်သားတွေရဲ့ လှုပ်ရှားမှုတွေကခဏတာရပ်တန့်သွားတယ်။ မျက်နှာရဲ့ကြွက်သားနဲ့ မျက်နှာရဲ့ အရေပြားနဲ့ကဆက်စပ်နေတဲ့အခါ သူတို့ရဲ့ကြွက်သားတွေကျုံ့နိုင်ဆန့်နိုင်လုပ်တဲ့အခါမှာ အရေးအကြောင်း လေးတွေကပေါ်လာတယ်။  အဲဒီအခါမှာ ဒီကြွက်သားကိုခဏတာ အနားပေးလိုက်ခြင်းအားဖြင့် မျက်နှာရဲ့ အရေးကြောင်းလေးတွေကလည်း ရပ်တန့်သွားတယ်။ ပျောက်သွားတယ်။

အဲဒီအခါ Botox ထိုးမယ်ဆိုရင် နှဖူးရဲ့အရေးအကြောင်းတွေ မျက်လုံးနားမှာရှိတဲ့အရေးအကြောင်းတွေ မျက်မှောင်ကျုံ့တဲ့အခါရှိတဲ့ အရေးအကြောင်းတွေကိုသက်သာအောင် ထိုးကြတယ်။ အဲလိုဆေးထိုးပြီဆိုရင်လည်းသုံးရက် ကနေ တစ်ပတ်အတွင်း အရေးအကြောင်းတွေက သိသိသာသာ ပျောက်ကင်းလာမှာဖြစ်တယ်။ ဒါ့အပြင် Botox ကို မျက်နှာသွယ်လျအောင်လည်း ထိုးကြတယ်။ အခုနောက်ပိုင်းမှာ ရေပန်းစားလာတဲ့ V shape ဖြစ်အောင် မျက်နှာသွယ်လျအောင်စသည်ဖြင့် ထိုးကြတယ်။ ဆေးထိုးပြီးချက်ခြင်းမသိသာဘူး။ ဆေးထိုးပြီးသုံးပတ်နဲ့ တစ်လအတွင်းမှာသိသာလာတယ်။ ဒါ့အပြင် မျက်နှာအရေပြားတွဲတာကို ပင့်တင်ဖို့အတွက်လည်း Botox ကိုထိုးတယ်။ Botox ကိုထိုးတဲ့အခါမှာလည်း မေးရိုးတစ်လျှောက် လိုက်ပြီးထိုးပေးရပါတယ်။ နောက်ပြီး ဘာတွေလုပ်ကြသေးလဲဆိုတော့ အထူးသဖြင့် မိန်းကလေးတွေက သေးသွယ်တဲ့ခြေသလုံးလေး တွေပိုင်ဆိုင်ချင်ကြတယ်။ အဲဒီလိုသေးသွယ်ချင်တဲ့အခါမှာ Botox ကိုလည်းထိုးကြတယ်။ သူလည်း သုံးပတ်ကနေတစ်လအတွင်းမှာ ခြေသလုံးကသိသိသာသာ သေးသွယ်လာမယ်။ သူ့ရဲ့ဆေး Effeect ကပြလာမှာဖြစ်ပါတယ်။ Botox ထိုးတဲ့အခါမှာ ချွေးထွက်များတာ လက်ဖ၀ါးလေးတွေချွေးထွက်များတာ ချိုင်းချွေးထွက်များပြီးအနံ့အသက်တွေ ထွက်တာတို့ကို ထိန်းသိမ်းဖို့အတွက်လည်းထိုးရတယ်။

 အဓိက ကတော့ Botox ထိုးတဲ့အခါမှာ ချိုင်းမှာရှိတဲ့ ချွေးဂလန်းစ်လေးတွေကို ထိန်းညှိပေးတဲ့အတွက် ချွေးထွက်တာလျော့တယ်။ အနံ့အသက်တွေထွက်တာ သက်သာစေတယ်။ မျက်နှာသွယ်လျစေဖို့ ခြေသလုံးလေးတွေသေးသွယ်စေဖို့နဲ့ အနံ့အသက်တွေပျောက်ဖို့ထိုးကြတာ Botox ရဲ့ကောင်းကျိုးတွေပါ။ ဆိုးကျိုးတွေအနေနဲ့ဆိုရင်တော့ ထွေထွေထူးထူးကြီးတော့ အများကြီးမရှိဘူး။ မျက်နှာကို သေးငယ်တဲ့ ဆေးထိုးအပ်လေးတွေနဲ့ထိုးတဲ့အခါမှာ အညိုအမဲလေးတွေကျန်ခဲ့တာ အနည်းငယ်ရောင်တာ နာတာတို့ဖြစ်တတ်တယ်။ အဲဒါတွေကလည်း သုံးရက်ကနေငါးရက် အတွင်းမှာကုသစရာမလိုဘဲ ပျောက်ကင်းသွားတယ်။ Botox ထိုးပြီးရင် လိုက်နာရမယ့် အချက်တွေရှိတယ်။ Botox ထိုးပြီးပြီးချင်း လေးနာရီကြာသည့်တိုင်အောင် လဲလျောင်းခြင်းမပြုရပါဘူး။ ဆေးထိုးထားတဲ့နေရာကို နှစ်ပတ်တိတိ နှိပ်နယ်ခြင်းမပြုရပါဘူး။ ဆေးထိုးထားတဲ့နေရာကို ပူမယ့်နေရာတွေ ဥပမာ-ရေနွေးငွေ့ခန်းသွားတာတွေ ရှောင်ကြဉ်ရမယ်။ ပြီးရင် Botox ထိုးပြီးတဲ့အခါမှာ သုံးရက်လောက်တော့ အရက်ရှောင်ပေးရမယ်။ ဆေးထိုးတဲ့ရက်တွေမှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာတွေရှောင်ပေး ရမှာဖြစ်ပါတယ်။ ဆေးထိုးပြီးသွားရင်တော့ လိုက်နာရမယ့် အချက်တွေကိုဂရုတစိုက်လိုက်နာရမယ်။ ကျွမ်းကျင်တဲ့ဆရာဝန်ကောင်းတွေကိုလည်း ရွေးချယ်မယ်။ မိမိရဲ့ Botox က အရည်အသွေးလည်း ကောင်းတယ်ဆိုရင် ဘေးထွက်ဆိုးကျိုးမရှိပါဘူး။ 

ဒေါက်တာအောင်သီဟ
Health Guide
https://www.facebook.com/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ