Antibody Levels after Hepatitis B Vaccine အသည်းရောင် (ဘီ) ကာကွယ်ဆေး ထပ်ထိုးဖို့ လို မလို


၁။ မင်္ဂလာပါဆရာ။ B ပိုး ကာကွယ်ဆေးထိုးထားတာ ၀ - ၁ - ၂ - ၁။ ၄ နှစ်သား၊ ၆ နှစ်သမီး၊ ၇ နှစ်သမီး၊ မောင်နှစ်မသုံးယောက်ရယ် ကလေးတွေ ဖေဖေ ၄၃ နှစ်ပါ။ ကာကွယ် သုံကြိမ်ထိုးပြီးတာ နှစ်လရှိသွားပါပြီ။ ဆေးအောင်မအောင်စစ်လိုရပါပြီလားဆရာ။ ကျေးဇူးပြု၍ ဖြေပေးစေလိုပါတယ်ဆရာ။ ကလေးတွေ မိခင်က B ပိုးရှိနေလို့ ဆေးခန်းပြနေရပါတယ်။ ကလေးတွေအတွက် ပိုပြီးစိတ်ပူနေလို့ပါ။ ကျေးဇူးတင်ပါသည်ဆရာ။

၂။ ဆရာ ကျွန်တော်လေးစားစွာနဲ့ သိချင်တာလေးတွေ မေးပါရစေ။ HBsAb ဘယ်လောက်ဆိုရင် အောင်တယ်ဆိုပြီး သတ်မှတ်ပါသလဲဆရာ။ ဓါတ်ခွဲခန်းတခုက ဆရာဝန်တယောက်နဲ့ အမြင်ချင်းကွဲနေလို့ပါ။ ကျွန်တော်သိထားတာက HBsAb >10 ဆိုရင် အောင်ပြီဆိုပြီးသိထားပေမယ့် အဲဒီကဆရာက 100-500 မှ အောင်တယ်ဆိုပြီးပြောလို့ပါ။ အခု ကျွန်တော် သိထားတဲ့ပုံစံက စစ်လိုက်လို့ 10 ကျော်တယ်ဆိုရင် အောင်တယ်လို့သတ်မှတ်ပြီး <1000 booster="" br="">
၃။ ဆရာ မင်္ဂလာပါခင်ဗျာ ဇနီးက အသက် ၃၃ နှစ်ပါ။ လွန်ခဲ့သော ၅ နှစ်က B ပိုး စစ်ပြီး မတွေ့ဘူးဆိုတော့ ကာကွယ်ဆေး ၃ လုံး ထိုးခဲ့ပါတယ်။ ထိုးပေးတဲ့ ဆရာဝန်ပေးတဲ့ B ကာကွယ်ဆေးထိုးစာရွက်မှာ Booster Date ကို ၂၈.၃.၁၇ ဆိုပြီး ရေးပေးလိုက်ပါတယ်။ အခုလထဲမှာ ပြည့်မှာဖြစ်လို့ ၁၅.၃.၁၇ ရက်နေ့မှာ ရန်ကုန်က ဆေးမှာပြီး နယ်ဆေးခန်းတခုမှာ မှတ်တမ်းပြပြီး ထိုးဖို့သွားပါတယ်။ ဆေးခန်းက ဆရာဝန်က antibody စစ်ပြီးပြီလား အရေအတွက် ၂၀၀ အောက်နှိမ့်မှ ထိုးရတာ ဆိုပြီး အကြံပေးပါတယ်။ ရန်ကုန်သွားစစ်ဖို့ကျတော့ ဝေးလဲဝေး ကလေးကလဲ တဖက်ဆိုတော့ ကာကွယ်ဆေး ၀ယ်ထားပြီးသားကိုပဲ ထိုးပေးပါလို့ မေတ္တာရပ်ခံပြီး ထိုးခဲ့ပါတယ်။ ကျွန်တော်သိချင်တာက အဲလို Antibody မစစ်ပဲ ထိုးလို့ ရပါသလားခင်ဗျာ။ မဖြစ်မနေကို စစ်ရမှာလား သိချင်ပါတယ်။ တနှစ်တလုံး သို့မဟုတ် ဘယ်လို နှစ်အပိုင်းအခြားအလိုက် ကာကွယ်ဆေးထပ်ထပ်ထိုးသွားရင်ရော ကာကွယ်နိုင်ပါသလားခင်ဗျာ။ နောက်ဆုံး ဆေးစစ်ချက်က လွန်ခဲ့သော ၅ လ ကျော်က ဆေးရုံတက် ကလေးမီးဖွားစဉ်က ဖြစ်ပြီး B ပိုး မရှိဘူးလို့ပဲ အဖြေထွက်ထားပါတယ်။ အကြံပြုပေးပါဦးခင်ဗျာ။

အသည်းရောင် (ဘီ) ကာကွယ်ဆေး (၃) လုံးအပြည့် ထိုးထားပြီးနောက် ဘယ်လောက်ကြာအထိ အကာကွယ် ပေးသလဲ သိရအောင် ၂ဝဝ၉ ခုနှစ် နိုဝင်္ဘာတုန်းက (အလာစကာ) မှာလုပ်ခဲ့တဲ့ ဆေးသုတေသနတခုကို ကိုးကား ရေးပါမယ်။ plasma-derived hepatitis B vaccine ကာကွယ်ဆေးထိုးထားသူတွေကို လေ့လာတယ်။ အသက် (၆) လအထက် ကလေးတွေနဲ့ လူကြီးတွေကို antibody to hepatitis B surface antigen (anti-HBs) အင်တီဘော်ဒီတွေ ဘယ်လောက်ရှိသလဲကို နောင် (၂၂) နှစ်အကြာမှာ စမ်းခဲ့တယ်။

လူပေါင်း (၄၉၃) ယောက်ပါတယ်။ 60% (298) မှာ anti-HBs level ⩾10 mIU/mL ရှိတာတွေ့ရတယ်။ Booster dose ထိုးပေးသူပေါင်း (၁၆၄) ယောက်ရှိတယ်။ အင်တီဘော်ဒီ <10 -="" anti-hbs="" b="" br="" hepatitis="" level="" miu="" ml="" recombinant="" vaccine="">
ကောက်ချက်
Hepatitis B vaccine အသည်းရောင် (ဘီ) ကာကွယ်ဆေးတွေဖြစ်တဲ့ plasma derived နဲ့ recombinant နှစ်မျိုးဟာ hepatitis B virus (HBV) ကူးစက်မှုကို ကောင်းကောင်းကာကွယ်မှုပေးနိုင်တယ်။ ကလေးမွေးစကတည်းကထိုးရင် ကာကွယ်မှု အကောင်းဆုံးဖြစ်တယ်။ ကလေးတွေနဲ့ လူကြီးတွေကို plasma-derived hepatitis B vaccine ကာကွယ်ဆေးထိုးထားရင် နောင် (၂၂) နှစ်အထိ အကာအကွယ်ရနေတယ်။ ထပ်ထိုးစရာမလိုပါ။

Hepatitis B Surface Antibody, Quantitative (anti-HBs) အသည်းရောင် (ဘီ) မျက်နှာပြင်အင်တီဘော်ဒီ အရေအတွက် စစ်ဆေးခြင်း

• ကာကွယ်ဆေးမထိုးရသေးသူ = <5 .0="" br="" miu="" ml="">• ကာကွယ်ဆေးထိုးထားသူ = > or =12.0 mIU/mL ရောဂါကိုခံနိုင်ရည်ရှိနေသူ။
• anti-HBs <5 .0="" br="" miu="" ml="">• anti-HBs > or =5 to <12 br="" miu="" ml="">
ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ