ခေါင်းကိုက်ပျောက်စေမည့် အိမ်တွင်းကုထုံး


ခေါင်းကိုက်သက်သာစေမည့် သဘာဝအိမ်တွင်းကုထုံးလေးကို မျှဝေပေးလိုက်ပါတယ်။

(၁) ဂျင်းတစ်တက်ကို ထုထောင်းပြီး ပြုတ်ပါ။

(၂) ဂျင်းပြုတ်ရည် လက်ဖက်ရည်ပန်းကန်လုံး ၁ လုံးစာ ကျန်အောင် ပြုတ်ထားပါ။

(၃) ဂျင်းပြုတ်ရည်ထဲကို သံပုရာသီးတစ်ခြမ်း ညစ်ထည့်၍ မွှေပါ။

(၄) ၄င်းအရည်ကို တစ်နာရီစီခြားပြီး ထမင်းစားဇွန်း ၁ ဇွန်း သောက်ပါ။ ခေါင်းကိုက်သက်သာလျှင် ရပ်ထားပါ။

နောက်တစ်နည်း

ဂျင်းကို ပါးပါးလှီး၍ နားထင် နှစ်ဖက်စလုံးကို တစ်နာရီကြာ ကပ်ထားပါ။ သံပုရာအနံ့ကို ရှူပါ။ ပင်စိမ်းအနံ့ကို ရှူပါ။ ချက်ချင်း ခေါင်းကိုက်သက်သာစေပါမည်။

အိမ်တွင်းမှာ အလွယ်တကူ ပြုလုပ်နိုင်ပြီး သဘာဝဆေးနည်းဖြစ်တာကြောင့် ဘေးထွက်ဆိုးကျိုးအန္တရာယ် မရှိပါဘူး။

လူသားအားလုံး ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

စောနွဲ့ နေဆိုင်(ပူတာအို)
Myawady Health
https://www.facebook.com/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ