လူ့နှလုံးကဲ့သို့ အလုပ်လုပ်နိုင်သော ဆီလီကွန်နှလုံးတုကို သိပ္ပံပညာရှင်များဖန်တီး


လူ့နှလုံးနှင့် ပုံစံချင်းတူ၍ လူ့နှလုံးသား အစစ်ကဲ့သို့ပင် အလုပ်လုပ်နိုင်သော ဆီလီကွန်နှလုံးတုကို သုံးဖက်တိုင်း ပုံနှိပ်နည်းပညာဖြင့် ဆွစ်ဇာလန်သုတေသန သိပ္ပံပညာရှင်များက ဖန်တီးနိုင်ပြီ ဖြစ်ကြောင်း ပီတီအိုင် သတင်းဌာနက ယနေ့ရေးသား တင်ပြထားသည်။
.
လူ့နှလုံး အစစ်ကဲ့သို့ပင် နှလုံးတာဝန်များ ဆောင်ရွက်ပေးနိုင်မည့် ဆီလီကွန် နှလုံးတုဖြင့် နှလုံးရောဂါသည် သန်းပေါင်းများစွာ၏ အသက်ကို ကယ်တင် ပေးနိုင်မည် ဖြစ်ကြောင်း အီးတီအိတ်ခ်ျ ဇူးရစ်တက္ကသိုလ်မှ သိပ္ပံပညာ ရှင်များက ပြောကြားသည်။
.
ဆွစ်ဇာလန် သိပ္ပံပညာရှင်များ၏ ဆီလီကွန်နှလုံးတုသည် အလေးချိန် အားဖြင့် ၃၉ဝ ဂရမ်လေး၍ ထုထည်အားဖြင့် ၆၇၉ ကုဗစင်တီမီတာ ရှိကြောင်း ပီတီအိုင် သတင်းဌာန၏ အဆိုအရ သိရသည်။
.
အဆိုပါ ဆီလီကွန် နှလုံးတုသည် လူ့နှလုံးကဲ့သို့ပင် သွေးအဝင်အထွက် အခန်းနှစ်ခန်း ပါဝင်ပြီး ၎င်းအခန်းနှစ်ခန်းကို လူ့နှလုံးကဲ့သို့ Septum ခေါ် တစ်ရှူးနံရံဖြင့် မခြားထားဘဲ လေဟာနယ် အခန်းပိုတစ်ခုဖြင့် ခြားထားသည်။
.
လေဖိအားဖြင့် ကျုံ့နိုင် ဆန့်နိုင်သော ၎င်းအခန်းပိုသည် လူ့နှလုံး ကြွက်သားများနေရာတွင် အစားထိုးဝင်ရောက်၍ သွေးအဝင် အထွက်ခန်းများမှ အရည်များကို စုပ်ယူပေးနိုင်မည် ဖြစ်သည်။
.
အကယ်၍ ဆီလီကွန် နှလုံးတုနည်းပညာ အမှန်တကယ် အသုံးပြုခဲ့ပါက နှလုံးအစားထိုး ကုသရန် စောင့်ဆိုင်းနေသည့် လူနာများ အသက်ဆက်ရှင် နိုင်ရေးအတွက် ဆီလီကွန်နှလုံးတုဖြင့် ထိန်းပေးထားနိုင်မည် ဖြစ်သည်။
.
ကမ္ဘာတစ်ဝန်းလုံး၌ နှလုံးအစားထိုး ကုသမှုခံယူရန် လိုအပ်သော နှလုံးရောဂါသည် ၂၆သန်းမျှ ထိရှိသော်လည်း လူနာအချိုးအစားနှင့် နှလုံးအလှူရှင် ရရှိသော အချိုးအစား မျှတမှုမရှိကြောင်း ဆေးပညာရှင်များ အဆိုအရသိရ
သည်။

Pyi Chit Thar
The Myawady Daily
https://www.facebook.com/TheMyawadyDaily/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ