အမျိုးသားများ မျက်နှာပူခြင်းကို အိပ်မွေ့ချခြင်းအားဖြင့် သက်သာစေနိုင်


မျက်နှာ၊ လည်ပင်းတွေမှာ ပူ လောင်တဲ့ ခံစားမှုကိုရခြင်းဟာ သွေးဆုံးခါနီး အမျိုးသမီးတွေ အဖြစ်များ တဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ် ။ ဒါပေမယ့် အမျိုးသားများမှာလည်း ဟော် မုန်းပြောင်းလဲမှုတွေ မူမမှန်ရင် အဲဒီပြ ဿနာကို ခံစားရနိုင်ပါတယ် ။

ဒီလို မျက်နှာပူခြင်းကို အိပ်မွေ့ချ အကြောလျှော့ ကုထုံးတစ်ရပ်က သက်သာစေနိုင်ကြောင်း Baylor’s ကောလိပ်မှ စိတ်ပညာရှင်Dr.Gary Elkinsနဲ့အဖွဲ့က လေ့လာနိုင်ခဲ့ပါတယ် ။ အမျိုးသားများမှာ ဟော်မုန်းဆိုင်ရာ ရောဂါများဖြစ်တဲ့ ဆီးချို သွေးချိုရောဂါ ၊ အမျိုးသား ဟော်မုန်း ရော ဂါတွေမှာ ဆိုရင် သွေးဆုံးကိုင် အမျိုးသမီးတွေလိုပဲ ပူလောင်စပ်ဖျင်း ဖျင်း ဝေဒနာကို ခံစားရလေ့ရှိပါတယ် ။ ဒီလေ့လာမှုမှာပါဝင်တဲ့ အိပ်မွေ့ချကု ထုံးကိုhypnotic relaxation therapyလို့ ခေါ်ဆိုပါတယ် ။ ပါဝင် သူအမျိုးသားများဟာ စိတ်ပညာရှင် များက အိပ်မွေ့ချပေးခဲ့ပြီး ကုသမှုကို ခံယူပြီးနောက်မှာ မျက်နှာ ပူစပ်ပူ လောင်ဖြစ်တဲ့ ဝေဒနာများ ထက်ဝက် ခန့် လျော့ကျသွားကြောင်း သက်သေ ပြနိုင်ခဲ့ပါတယ် ။

အဆိုပါပြဿနာများ ကို သက်သာစေတဲ့ ဟော်မုန်းအစားထိုး ကုသမှုများ ရှိနေပေမယ့်လည်း အရိုး ကျန်းမာရေး ထိခိုက်နိုင်မှု၊ အူမကြီး ကင်ဆာ ဖြစ်နိုင်ချေ မြင့်တက်နိုင်မှုတွေ ရှိနေပါတယ် ။ ဆေးဝါးလည်း သောက် စရာမလိုတဲ့ ဒီကုသမှုဟာ မျက်နှာပူ ခြင်းအတွက် ရွေးချယ်စရာ နည်း လမ်းကောင်း တစ်ခု ဖြစ် လာနိုင် ကြောင်း Dr Gary Elkinsက သုံး သပ်ထားပါတယ် ။

ငြိမ်းအေး
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ