မှန်ကန်သောစားသောက်မှုဖြင့် ဦးနှောက်ကိုကာကွယ်နိုင်


အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုပြည်နယ်၊ Rush University တက္ကသိုလ်မှ သုတေသီများကဦးနှောက်ကို ကာကွယ်ပေးမည့် အဟာရဓါတ်စာ Mind Diet ကိုထုတ်လုပ်ထားပြီး ယခင်ကတည်း ကဈေးကွက်တွင် ရှိထားပြီး ဖြစ်သောသွေးတိုးရောဂါကို ထိန်းချုပ်ပေးကာ သက်သာစေသည့် Mediterranean Diet နှင့်နှိုင်းယှဉ်လိုက်လျင် အမှတ်စဉ် (၃)အဆင့်တွင်သာ ရှိသော်လည်း အမေရိကန်ပြည်ထောင်စု၏ အဟာရ နှင့် ဓါတ်စာ အဆင့်အတန်း သတ်မှတ်ရေးအဖွဲ့  Diet Ranking က Mind Diet ကို မှန်ကန်စွာ စားသုံးပေးခြင်းဖြင့် ဦးနှောက်ပျက်စီးမှု နှင့် အိုမင်းရင့်ရော်မှုကို ကာကွယ်နိုင်သည့် အထောက်အား များအားတွေ့ ရှိရကြောင်းပြောကြားသည် ။

Mediterranean နှင့် Mind ဓါတ်စာနှစ်မျိုးလုံးကို ဦးနှောက် ကျန်းမာရေးအတွက် အကျိုးရှိစွာမှီဝဲနိုင်ကြောင်း ၊ အသက်အရွယ် အိုမင်းရင့်ရော်လာသည် နှင့် အမျှ ဦးနှောက်ကျုံ့ ခြင်း ကိုလျှော့ချပေးနိုင်ပြီး အယ်လ်ဇိုင်းမားရောဂါ မဖြစ်ပွားအောင်လည်း ကာကွယ်ပေးခြင်း ၊ ဖြစ်နိုင်ခြေ ကိုလျှော့ချပေးခြင်းတို့ ကိုပြုလုပ်ပေးနိုင်ကြောင်း ၊ မှန်ကန်စွာစားသောက်တတ်သူများတွင် ဦးနှောက်သည်လည်း နုပျိုကျန်းမာပြီး အိုမင်းရင့်ရော်မှု နည်းပါးသည်ဟူမှာ မှန်ကန် ကြောင်း သုတေသီတစ်ဦး ကပြောပြသည် ။ အဟာရ ၊ ဓါတ်စာနဲ့  အခြားအစားအသောက်တွေကို မှန်ကန်စွာ စားသုံးခြင်းဖြင့် ဦးနှောက်ကို ဘယ်လောက်ထိ ကွာယ်ပေးနိုင်သလဲလို့ မေးရင် အတော်လေး ကာကွယ်ပေးနိုင်ပါတယ် ။ အခုအချိန်အထိတော့ ဦးနှောက်အတွက် အကောင်းဆုံး ဓါတ်စာက ဘာလဲဆိုတာကို ကျွန်တော်တို့  စူးစမ်းလေ့လာစမ်းသပ်နေဆဲပဲဖြစ်ပါတယ် ။

 လာမယ့် နှစ်တွေမှာတော့ ဒီမေးခွန်းရဲ့ အဖြေကို ကျွန်တော်တို့  တိကျစွာဖြေဆိုနိုင်မှာဖြစ်ပါတယ်ဟု ၄င်းက ဆက်လက် ပြောပြသည် ။ Mediterranean Diet ဓါတ်စာကိုရှေးယခင်ကတည်းက ဘိုးစဉ်ဘောင်ဆက်မှီဝဲလာကြခြင်းဖြစ်ကြောင်း ၊ Mind Diet ကိုမူသိပ္ပံပညာရှင်များကသိပ္ပံနည်းကျ တီထွင်ဖော်စပ်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ၊ သို့ သော် ၄င်းဓါတ်စာနှစ်မျိုး သည် ပြောပလောက်အောင် ကွာခြားမှုမရှိကြောင်း ၊ ဓါတ်စာနှစ်မျိုးလုံးတွင် ပုံမှန် စားပေးရမည့် အစားအသောက်အုပ်စု (၁၀) စု ပါဝင်ကြောင်း ၊ ၄င်းတို့ မှာအရွက်စိမ်း ၊ အခြား ဟင်းသီးဟင်းရွက် ၊ အခွံမာသီး  ၊ ဇီးသီး ၊ အစေ့စားသီး ၊ငါး ၊ကြက် ၊ ကြက်ဥ ၊သံလွှင်ဆီ ၊၀ိုင် တို့ ဖြစ်ကြောင်း ၊ မစားဘဲရှောင်ကြဉ်ရမည့်အုပ်စု (၅)စုမှာမူ အသားနီ ၊ ထောပတ် ၊ ဒိန်ခဲ ၊ အချို၊ အကြော်အလှော် နှင့် အမြန်ရအစားအစာတို့ ဖြစ်ကြောင်း သိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ