ချောင်းဆိုးပျောက်တဲ့ သင်္ဘောသီးအစေး


ရာသီဥတုအမျိုးမျိုး ပြောင်းလဲမှုတို့ကြောင့် ချောင်းဆိုးလျှင် အောက်ပါ သဘာဝနည်းဖြင့် ကုသနိုင်ကြပါတယ်။

ဒီဆေးနည်းကတော့ သိမ်ဖြူဆရာတော်ရေးသားထားတဲ့
ဆေးအဘိဓမ္မာကျမ်းထဲမှာလည်း ပါဝင်ပါတယ်။ သင်္ဘောသီး၊ သင်္ဘောရွက်ဆို့ဟာ အလွန်ဆေးဖက်ဝင်ပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါအမျိုးမျိုးအတွက် အသုံးပြုကြတာများပါတယ်။

(၁) သင်္ဘောသီးအစိမ်ပေါ်ကို (ပုံပါအတိုင်း) ဓါးဖျားဖြင့် အနည်းငယ်ဖောက်၍ အစေးများကို (၁၅) စက်ခန့် ခွက်ကလေးဖြင့် ရအောင်ယူပါ။

(၂) ၄င်းသင်္ဘောသီးအစေးများကို ရေနွေး အနေတော်ခန့်ဖျော်၍ သောက်ပါ။

(၃) မနက်တစ်ခွက်၊ ညတစ်ခွက် သောက်ပေးပါ။

၎င်းဆေးကို (၂) ရက်ခန့် သောက်ပါက ချောင်းဆိုးကင်းစင်ပြီး သက်သာပျောက်ကင်းသွားပါမည်။

သတိပြုရန် -

သင်္ဘောသီး၊ သင်္ဘောရွက်၊ သင်္ဘောစေးတို့ကို စားသုံးပြီးလျှင် ဂျင်းပါတဲ့အစားအစာကို ချက်ချင်းမစားပါနှင့်။ အနည်းဆုံး ၁ နာရီခန့်ခြားပြီးမှ စားပါ။ အဆိပ်အတော်ကို ဖြစ်စေလို့ပါ။

ငွေကုန်သက်သာပြီး အလွယ်တကူရနိုင်သော ဆေးမြီးတိုနည်းဖြင့်
ချောင်းဆိုးဝေဒနာခံစားရသူများ သက်သာပျောက်ကင်းနိုင်ကြပါစေ။

စောနွဲ့နေဆိုင်(တိုင်းခမ်းတီ)
Myawady Health
https://www.facebook.com/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ