အမျိုးသားများတွင်လည်း ရင်သားကင်ဆာဖြစ်ပွားနိုင်


ရင်သားကင်ဆာသည် အမျိုးသားများတွင်လည်း ဖြစ်ပွားနိုင်ပြီး ဆောလျင်စွာသိရှိပါက ရာနှုန်း ပြည့်နီးပါးပျောက်ကင်းအောင် ကုသနိုင်ကြောင်း ရွှေရောင်နှင်းဆီကင်ဆာ ဖောင်ဒေးရှင်းမှ ကြီးမှူးကျင်းပ သည့် ရင်သားကင်ဆာအကြောင်း အသိပညာပေးအစီအစဉ်မှ သိရသည်။ ''ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေမှာဖြစ်တယ်ပဲ ထင်ကြတာပါ။ တကယ်တော့ အမျိုး သားတွေမှာလည်း ဖြစ်နိုင် တယ်ဆိုတာ သိထားဖို့လိုအပ်ပါတယ်။ အမျိုးသားတွေမှာ ဖြစ်ပွား နှုန်းကတော့ အမျိုးသမီးလောက် မများပါဘူး။ ဒါပေမဲ့ စောစောသိပြီး စောစောကုသသွား နိုင်တာက ရောဂါကိုအမြန်ဆုံး သက်သာေ ပျာက်ကင်း စေနိုင်မှာဖြစ်ပါတယ်''ဟု ရွှေရောင်နှင်း ဆီကင်ဆာဖောင်ဒေးရှင်းမှအဖွဲ့ဝင် ဒေါက်တာဒေါ်ခင်သီရိက ပြောသည်။

အမျိုးသားများ အနေဖြင့် ရင်သားကင်ဆာကို မိဘမျိုးရိုး၌ဖြစ်ပွားပါက မျိုးရိုးဗီဇအရဖြစ်ပေါ်နိုင်ပြီး အစားအ သောက် ဟော်မုန်းအပြောင်းအလဲနှင့် အခြားသော အကြောင်းအရာများစွာကြောင့်လည်း ဖြစ်ပေါ်နိုင်ကာ ဖြစ်ပွားမှု ၁ ရာခိုင်နှုန်းခန့်သာရှိ၍ ဖြစ်ပွားမှုနှုန်း နည်းပါးသော အနေ အထားများဖြစ်ကြောင်း သိရသည်။ ရင်သားကင်ဆာမှာ အချို့သောကင်ဆာ ရောဂါများကဲ့သို့ ကာကွယ်ဆေးမရှိသေးကြောင်း၊ သို့ရာတွင် ဆောလျင်စွာသိရှိပါက ရာနှုန်းပြည့်နီးပါး ကုသ လုပ်ဆောင်သွားနိုင် မည်ဖြစ်ပြီး ရင်သားကင်ဆာကို အကျိတ်ခွဲထုတ်ခြင်း၊ ဆေးသွင်း ကုသခြင်း၊ ဓာတ်ကင်ခြင်းစသည့် နည်းလမ်းများဖြင့် ကုသသွားနိုင်ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ