သန္ဓေသားလောင်းများကိုအေးခဲကာ ပြန်လည်ရှင်သန်စေသည့် နည်းလမ်းအသစ်ကိုတွေ့ ရှိ


အမေရိကန်ပြည်ထောင်စုမှသိပ္ပံပညာရှင်များသည် ငါးတစ်ကောင်၏သန္ဓေသားလောင်းကိုအေးခဲစေပြီးနောက် ပြန်လည်ရှင်သန်စေသည့်နည်းလမ်းအသစ်ကို ရှာဖွေတွေ့ရှိကြသည်။

စမစ်ဆိုနီးယန်းကွန်ဆာဗေးရှင်းဘိုင်အိုလော်ဂျီအဖွဲ့အစည်းနှင့် မင်နီဆိုးတားတက္ကသိုလ်တို့မှ သိပ္ပံပညာရှင် များသည် ဇီးဘရားငါး၏သန္ဓေသားလောင်းများကို အလွန်အမင်းအေးခဲစေပြီးနောက် အောင်မြင်စွာပြန်လည် ရှင်သန်စေသည့်နည်းလမ်းကို ရှာဖွေတွေ့ရှိကြခြင်းဖြစ်သည်။

လေဆာများနှင့် နာနိုနည်းပညာများကိုထည့်သွင်းအသုံးပြုထားသည့် အဆိုပါနည်းစနစ်အသစ်သည် ငါးများကိုသိုလှောင်သိမ်းဆည်းခြင်း၊ ပြုပြင်ပြောင်းလဲခြင်းနှင့်အခြားသော ကျောရိုးရှိသတ္တ၀ါများတို့အပေါ်တွင် လည်း အကျိုးရှိစွာအသုံးချနိုင်မည်ဖြစ်ကြောင်း သိပ္ပံဂျာနယ်တစ်စောင်ကဖော်ပြထားသည်။

ငါးသန္ဓေသားလောင်းများကို အအေးလွန်နည်းစနစ်ဖြင့် ပုံစံမပျက် ကောင်းစွာထိန်းသိမ်းခြင်းသည် သိပ္ပံပညာရှင်များအတွက်ကြီးစွာသောစိန်ခေါ်မှုပင်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် အတန်ကြီးမားသော ငါးဥများ ကို ၎င်းတို့၏ပုံသဏ္ဌာန်မပျက်အေးခဲခြင်းနှင့် ပြန်လည်ပူနွေးအောင်လုပ်ဆောင်ခြင်းသည် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေသောကြောင့်ဖြစ်သည်။

အကယ်၍ အဆိုပါအေးခဲမှုကြောင့် ငါးဥများ၏ ပုံပန်းသဏ္ဌာန်ပျက်ယွင်းပြီး ဥများအတွင်း၌ ရေခဲအမှုန် များကပ်ငြိသွားပါကထိုငါးဥမှတစ်ဆင့် ငါးသားပေါက်များပြန်လည်မွေးဖွားမှုကို အောင်မြင်စွာလုပ်ဆောင် နိုင်မည်မဟုတ်ပေ။

အဆိုပါပြဿနာကိုဖြေရှင်းရန်အတွက် သိပ္ပံပညာရှင်များသည် အေးခဲပစ္စည်းများနှင့်ရွှေနာနိုချောင်းများကို သန္ဓေသားလောင်းများအတွင်းသို့ တိုက်ရိုက်ထိုးသွင်းလိုက်ခြင်းဖြစ်သည်။

ထိုသို့ထိုးသွင်းလိုက်ခြင်းကြောင့် သန္ဓေသားလောင်းများ၏ ပုံပန်းသဏ္ဌာန်ကိုမပျက်ယွင်းစေဘဲ ပြန်လည် မွေးဖွားမှုကိုလုပ်ဆောင်နိုင်ခြင်းဖြစ်ကြောင်း သိပ္ပံပညာရှင်များကဆိုသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ