ဇရာအကြိုမျက်နှာအိုဒီလိုပြုပြင်ကြ


စာရေးသူထံသို့စာဖတ်ပရိသတ်တစ်ဦး စာရေးလာတယ်။ ညီမရဲ့မျက်လုံးအောက်မျက်ခမ်းနဲ့ နားထင်အောက်ဘက်ပါးရိုးပေါ်မှာ အသားပိုလို့ထင်ရတဲ့အမည်းစက် တွေဖြစ်လာလို့ပါ။ အသားပိုလိုအသားသီးမဟုတ်ဘဲ အပူလောင်ပြီးရင် ရေကြည်ဖုဖြစ်သလိုမျိုးပါ။ ညှစ်လို့လည်း မရလို့ပါရှင့်။ နောက်ပြီး လည်ပင်းဘေး နားအောက် ဘက်မှာလည်း အသားပိုသေးသေးလေးတွေဖြစ်လာပါတယ်။ ညီမဖတ်ဖူးတဲ့အသားပိုအကြောင်းမှာ ဆံပင်နဲ့ချည်ထားရင် သူ့အလိုလိုပြတ်ကျတယ်ဆိုလို့ လည်ပင်းက အသားပိုတစ်ခုကို စမ်းကြည့်တာ တကယ်ပြတ်သွားပါတယ်ရှင့်။ ဒါပေမဲ့ အခုကဆံပင်နဲ့ချည်လို့လည်း မရတဲ့သေးသေးလေးနဲ့ အရည်ကြည်ဖုလိုမျိုးတွေဆိုတော့ ဘယ်လိုပျောက်အောင်လုပ်ရမလဲ။ ပြီးတော့ ဘာကြောင့်ဖြစ်တာလဲဆိုတာလည်းမသိလို့ နည်းလမ်းလေးတွေကို မျှော်နေပါ့မယ်ရှင့်။
စာရေးသူမှ လေ့လာသိရှိထားတဲ့ ကျန်းမာရေးဆိုင်ရာအကြောင်းများကို ပရ ဟိတအနေဖြင့် ပြန်လည်ဖြေကြားမိပါ တယ်။

အမျိုးသမီးတွေ အသက် ၄ဝ ကျော် လာတဲ့အခါ ဟော်မုန်းပြောင်းလဲမှုတွေ ကြောင့် မျက်လုံးအောက်ဘက်ရှိမျက်ခမ်း နဲ့ ပါးရိုးတစ်ဝိုက်တွေမှာ အမည်းစက် ပြောက်တွေပေါ်လာလေ့ရှိကြပါတယ်။ ဟော်မုန်းအတက်အကျပြင်းထန်မှု သို့မဟုတ် မိမိသုံးစွဲနေတဲ့ အလှပြင် ပစ္စည်းတွေရဲ့ ဘေးထွက်ဆိုးကျိုး သို့ မဟုတ်သူငခ အက်ဆစ်ကဲ့သို့သော အမျိုးသမီးများအတွက် သွေး (သံဓာတ်) အားဆေးကို လိုတဲ့ပမာဏထက်ပို၍ သောက်မိခြင်း သို့မဟုတ် ပဋိသန္ဓေ တားဆေးမှီဝဲသူများ သို့မဟုတ် မကြာ ခဏမျက်နှာကို နေလောင်ခံရမှုတွေပေါ် မူတည်ပြီးတော့လည်း တချို့အမျိုးသမီး တွေမှာအသက် ၄ဝ မတိုင်ခင်(အရွယ် မတိုင်ခင်) မျက်နှာပေါ်မှာ အလားတူ အမည်းစက်ပြောက် သို့မဟုတ် အရည် ကြည်ဖုဆန်ဆန် အညိုရောင် ဒါမှမဟုတ် အနက်ဖျော့ရောင်ဖု သေးသေးလေးတွေ ပေါ်လာရပါတယ်။

ထိုအကြောင်းနဲ့ပတ်သက်၍ အကြံပြု ဖြေကြားပေးရမယ်ဆိုပါရင်-
(က) ယခုမေးခွန်းမေးထားသူ အနေနဲ့ အထက်ဖော်ပြပါအကြောင်းရင်း များထဲက တစ်ခုခုနဲ့ငြိနေသလား မိမိကိုယ်ကို ဦးစွာပထမ ဆန်းစစ် ကြည့်ပါ။
(ခ) အသင့်သုံး သနပ်ခါးဘူးတွေမှာ မပုပ်မသိုးဘဲ တာရှည်ခံအောင်၊ အသားချောညက်အောင်၊ အနံ့ အသက်ကောင်းအောင်၊ ဘူးထဲက သနပ်ခါးတွေခြောက်ကပ်မသွားဘဲ အစိုဓာတ်ထိန်းနိုင်အောင် စသဖြင့် သဘာဝကိုလွန်ဆန်ပြီး ပြုပြင် ပြောင်းလဲဖော်ထုတ်ထားတာမို့ မလိမ်းသင့်ဘူးလို့ အကြံပြုပါရစေ။ (ကျွန်မ သိရသလောက် ယနေ့ ဈေးကွက်မှာ အောင်မြင်နေတဲ့ အသင့်သုံးသနပ်ခါးဘူး တချို့ဟာ နိုင်ငံတကာအသိအမှတ်ပြု အလှ ကုန်ပစ္စည်း အမေိနာမေု ရထား သော်လည်း သဘာဝသနပ်ခါးတုံး စစ်စစ်ကို ကျောက်ပျဉ်ပေါ်မှာရေနဲ့ လတ်လတ်ဆတ်ဆတ်သွေးလိမ်း တာက အသားအရေလှပမှုအတွက် သာမက အသားအရေကျန်းမာရေး အတွက် ရာနှုန်းပြည့်သာလွန် ကောင်းမွန်ပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ နေထိုင်ကြသူများ မြန်မာနိုင်ငံထဲမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ သနပ်ခါးတုံး စစ်စစ်ကို လတ်လတ်ဆတ်ဆတ် ကျောက်ပျဉ်ပေါ်သွေးယူ၍ လိမ်းကြ ပါလို့အကြံပြုလိုပါတယ်)
(ဂ) အမျိုးသမီးတွေ အသက် ၃၅ နှစ် ကျော် ၄ဝ ရောက်လာတဲ့အခါ နလနညငညါ ဏမငာမသျန ဥငူ (ခေါ်) ညနေခင်းမှာသာပွင့်လေ့ရှိတဲ့ အဝါ ရောင်ပန်းအဆီနဲ့ ပြုလုပ်ဖော်စပ် ထားတဲ့ ဥပမာ နဏဥ ဆေးတောင့် သို့မဟုတ် န အြေစသဖြင့် ဆေးဝါး ကို မှီဝဲသောက်သုံးခြင်းဖြင့် အထက်ဖော်ပြပါ အရေပြား ပြဿနာတွေကင်းဝေးပြီး အသား ရေစိုပြည်ဝင်းမွတ်လာစေပါတယ်။
(ဃ) လည်ပင်းတစ်ဝိုက်မှာရှိတဲ့အသားပို အဖုသေးလေးတွေကိုတော့ ဆံပင် ချည်(ဆံပင်မွေး)ဖြင့် သော်လည်း ကောင်း၊ သွားကြားသန့်ရှင်းရန်သုံး သည့်ချည်မျှင်ကို အသုံးပြု၍သော် လည်းကောင်း အသားပိြုေ<ွကကျ အောင်သတ်လို့ရပေမယ့် နုနယ်တဲ့ မျက်နှာပေါ်က အသားပိုဆန်ဆန် အဖုတွေအတွက်ကတော့ အဲဒီလို အကြမ်း နည်းတွေသုံးဖို့ လုံးဝ အဆင်မပြေနိုင်ပါဘူး။
ဒါကြောင့် မျက်နှာအသားအရေ အတွက် ဘေးထွက်ဆိုးကျိုးမဖြစ်စေသော အောက်ပါနည်းလေးတွေကိုသုံးကြည့်ပါ လို့ အကြံပြုလိုက်ပါတယ်နော်။

''သံပရာရည်က အသားပိုထဲရှိ ဆဲလ်များကို ပြိုကွဲစေတဲ့အစွမ်းသတ္တိပါ ရှိပါတယ်။ ဂွမ်းလုံးလေးကို သံပရာရည် ထဲနှစ်စိမ်ပြီး အသားပိုပေါ်လိမ်းပါ။ သံပရာရည်ခြောက်သွားတိုင်း မကြာခဏ ထပ်လိမ်းပေးပါ။ များမကြာမီကာလ အတွင်း အသားပိုခြောက်ပြီး သူ့အလိုလိုြေ<ွကကျသွားပါလိမ့်မယ်။
''ဗစစူန ဃငိနမ ဠငညနါမေ လို့ခေါ် တဲ့ ပန်းသီးဖြင့်လုပ်ထားတဲ့ ရှလကာ ရည်တစ်မျိုးက အရေပြားပေါ်ရှိဝက်ခြံနှင့် ပိုးမွှားကိုက်ခဲခြင်းတို့အတွက် အသုံး တည့်ရုံမျှမက အသားပိုဖယ်ရှားရန်အတွက် ကိုလည်း အသုံးဝင်ပါတယ်။ ဦးစွာ အသားပိုကို ဆပ်ပြာရည်ဖြင့် သန့်စင် အောင်ဆေးကြော၍ ရေခြောက်အောင် သုတ်ပြီးနောက်၊ ဂွမ်းလုံးလေးကိုပန်းသီး ရှလကာရည်မှာနှစ်စိမ်ပြီး ဂွမ်းလုံးလေး ကိုစက်ဝိုင်းပုံသဏ္ဌာန်လှိမ့်၍ အသားပို မှာပွတ်လိမ်းပေးပါ။ တစ်လခန့်အကြာ အသားပိြုေ<ွကကျသွားပါလိမ့်မယ်။ (ဗစစူန ဃငိနမ ဠငညနါမေ ပုလင်းများကို ဃငအပ မြေအ ဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူ ရရှိနိုင်ပါတယ်)
''တစ်နေ့နှစ်ကြိမ် သုံးကြိမ်ကျ နာနတ်သီးသတ္တုရည်ဖြင့် အသားပိုကို လိမ်းပေးပြီးနောက် ရေလုံးဝမဆေးပါနှင့်။ တစ်ပတ် သို့မဟုတ် ဆယ်ရက်ခန့်အကြာ မှာတော့ အသားပိြုေ<ွကကျသွားပါလိမ့် မယ်။ နာနတ်သီးကိုလည်း မကြာခဏ စားပေးပါ။ ကိုလာဂျင်ဓာတ်ြ<ွကယ်ဝတဲ့ နာနတ်သီးက အသားအရေကို ပျိုမြစ် နုနယ်စေပါတယ်။
''ရှားစောင်းလက်ပပ်က အရေပြား ရောဂါအမျိုးမျိုးအတွက် လွန်စွာအသုံး တဲ့လှပါတယ်။ ရှားစောင်းလက်ပပ် ဂျယ်လီကို အသားပိုပေါ် နေ့စဉ်နေ့တိုင်း လိမ်းပေးပါ။
အရေပြားပေါ်က အသားပိုအဖုတွေ ဖယ်ရှားရန်ဖြစ်လို့ နုနယ်တဲ့မျက်နှာ အတွက်ကိုတော့ အထက်ပါနည်းလမ်း လေးမျိုးကိုပဲ အကြံပြုလိုက်ရပါတယ်။

ပေါက်ပေါက်
The Union Daily
https://www.facebook.com/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ