ရခိုင်ပြည်နယ်တွင် ခြောက်လကျော် အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၃၄ဝ ဦးထိရှိပြီး သေဆုံးသူ ၁၆ ဦးရှိ


ရခိုင်ပြည်နယ်တွင် ဇန်နဝါရီ ၁ ရက်မှဇူလိုင် ၅ ရက်အထိ စာရင်းအရ ခြောက်လကျော်အတွင်း သွေး လွန်တုပ်ကွေးဖြစ်ပွားသူ ၁၃၄ဝ ဦးရှိလာခဲ့ရာ ယခင်နှစ်ကထက် ပိုမိုမြင့်တက်လျက်ရှိပြီး သေဆုံးသူ ၁၆ ဦးရှိကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးအတွက် လိုအပ်သောလုပ်ဆောင်ချက်များကို မိုးမကျမီကတည်းက လုပ် ဆောင်လျက်ရှိကြောင်း၊ ကျန်းမာရေးပညာပေးခြင်း၊ ဆေးမှုတ်ခြင်းများလုပ်ဆောင်ခဲ့သည့် အပြင် ခြင်မပေါက် ပွားနိုင်သော ဆေးထည့်ခြင်းများကိုလည်း လုပ်ဆောင်ပေးခဲ့ကြောင်းနှင့် ကျေးရွာအများအပြားတွင် ကူးစက်ပြန့်ပွားနေသဖြင့် ယခင်နှစ်ကထက် ဖြစ်ပွားနှုန်းများပြား ရခြင်းဖြစ်ကြောင်း ကျန်းမာရေးဌာနမှသိရသည်။

ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးအဖွဲ့မှ ပြည်နယ်လက်ထောက်ညွှန်ကြားရေးမှူး ဒေါက် တာ စံကျော့ခိုင်က ''ဒီနှစ်ထဲမှာအဖြစ်အများဆုံးက မင်းပြားပေါ့။ ပြီးရင်တော့ တောင်ကုတ်၊ တစ်ရွာ တည်းမှာဖြစ်တာမဟုတ်တော့ ပိုများတဲ့သဘောကိုတွေ့ရတယ်။ အခုဖြစ်နေတဲ့ပုံစံကိုကြည့်ခြင်းအားဖြင့် တစ်နေရာတည်းမှာအများကြီးဖြစ်တဲ့ပုံစံမဟုတ်ဘဲ ဟိုရွာဒီရွာခွဲပြီး အရေ အတွက် များလာတယ်လို့ ပြောလို့ရတယ်။ မနှစ်ကဆိုရင် ၁၅၅ဝ လောက်ဖြစ် တယ်။ အဲဒီမှာငါးဦးသေတယ်။ ဇူလိုင် ၅ ရက်နေ့စာရင်းအရဆိုရင် ဒီနှစ်က ဇူလိုင် လဆန်းလောက်ပဲရှိသေးတယ် ၁၃၄ဝ ဦးရှိနေပြီဆိုတော့များတယ်လို့ပြောလို့ရတယ်။ အဲဒီ အထဲ သေတဲ့ အရေအတွက်က ၁၆ ဦးဖြစ်သွားပြီ။ ပြီးတော့ ဧပြီလကတည်းက သွေးလွန်တုပ် ကွေးဖြစ်နေတာကိုလည်းတွေ့ရတယ်။ မေလထဲမှာလည်း အတော်များများဖြစ်သွားတယ်''ဟု ပြောသည်။

သွေးလွန်တုပ်ကွေးအဖြစ်များဆုံးမြို့နယ်များမှာမင်းပြား၊ ကျောက်တော်၊ တောင်ကုတ်နှင့်စစ် တွေမြို့နယ်တို့ဖြစ်သည်။ သွေးလွန်တုပ်ကွေးဖြစ်ပွားသူများမှာ ကျေးလက် ဒေသများ မှဖြစ်ကြောင်း၊ ရခိုင်ပြည် နယ် ကျန်းမာရေးဦးစီးဌာနက သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ