၂ဝ၁၆ ခုနှစ်တွင် ဥရောပတိုက်တစ်ဝန်း၌ ဝက်သက်ရောဂါကြောင့် သေဆုံးသူ ၃၅ ဦးရှိ


ဥရောပတိုက် တစ်ဝန်း၌ ၂ဝ၁၆ ခုနှစ်တွင် ဝက်သက် ရောဂါဖြစ်ပွားမှုကြောင့် ၃၅ ဦး သေဆုံးကြောင်း ကမ္ဘာ့ကျန်း မာရေး အဖွဲ့ အစည်း WHO က ထုတ်ဖော်ပြောသည်။

ဝက်သက်ရောဂါသည် ကြိုတင်ကာကွယ် ဆေးထိုးထားနိုင်သည့်ရောဂါဖြစ်ပြီးယခုကဲ့သို့ လူပေါင်းများစွာ သေဆုံး မှုမှာ မျှော်လင့် မထားသော အဖြစ်ဆိုးတစ်ခုဖြစ်ကြောင်း WHO က ပြောသည်။

ဝက်သက်ရောဂါကြောင့် နောက်ဆုံးကွယ် လွန်သည့်ကလေးငယ်မှာ အီတလီနိုင်ငံမှ အသက်ခြောက်နှစ်ရှိ ယောက်ျားလေး တစ်ဦး ဖြစ်သည်။ ၂ဝ၁၆ ခုနှစ်တွင် အီတလီနိုင်ငံ၌ ဝက်သက်ရောဂါဖြစ်ပွားသူ ၃၃ဝဝ ကျော်ရှိ ကြောင်း မှတ်တမ်းများ အရသိရသည်။

ရိုမေးနီးယားနိုင်ငံ၌ ဝက်သက်ရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၃၁ဦးရှိသဖြင့် ဝက်သက် ရောဂါကူးစက် မှုကြောင့် သေဆုံးသူအများဆုံး နိုင်ငံအဖြစ် မှတ်တမ်းတင်ခံရသည်။ ၂ဝ၁၆ ခုနှစ် ဇွန်လ မှစ၍ ပေါ်တူဂီနှင့် ဂျာမနီနိုင်ငံတို့ တွင်လည်း ဝက်သက်ရောဂါကြောင့် သေဆုံးမှုများရှိသည်။

ဝက်သက်ရောဂါကာကွယ်ဆေးမှာ ကြိုတင်ထိုး ထားနိုင်သော်လည်း ကမ္ဘာတစ်ဝန်းတွင် ဝက်သက်ရောဂါဖြစ်ပွား မှုကြောင့် ကလေးငယ်များ၏ အသက်များဆုံးရှုံးနေရဆဲဖြစ်သဖြင့် စိတ်ပူမိကြောင်းနှင့် ဝက်သက်ရောဂါ ကူးစက် မှုဖြစ်ပွားသည့် နိုင်ငံများအနေဖြင့် အရေးပေါ်ဆောင်ရွက်မှုများကို လုပ်ဆောင်သင့်ကြောင်း WHO မှ ဥရောပ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ ဆူဆန်နာဂျာကတ်က ပြောသည်။

ဝက်သက်ရောဂါသည် ကူးစက်တတ်သော ရောဂါဖြစ်သော်လည်း ကာကွယ်ဆေးထိုးနှံထားပါက ၉၅ ရာခိုင်နှုန်း စိတ်ချရကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ