ဧရာဝတီတိုင်းဒေသကြီး မြို့နယ် အချို့၌ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားနေ


ဧရာဝတီတိုင်းဒေသကြီး မြို့နယ်အချို့ ၌ ဇွန် ၁ ရက် မှ ဇူလိုင် ၉ ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူဦးရေ မှာ ၁၄၁၆ ဦးရှိပြီး ကလေးငယ် ၁၆ ဦးအထိ သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှသိရသည်။

''အဓိကကတော့ ခြင်ကျားကိုက်ခံရပြီး ရောဂါကူးစက်ခံရတဲ့ကလေးဆို အရင်ဆုံးဖျားမယ်။ အချို့ကျတော့ သွေးအန်တယ်။ သွေးယိုတယ်၊ ဗိုက်နာတယ်၊ သွေးလန့် တဲ့လက္ခဏာတွေ၊ သွေးပေါင်ကျတယ်ဆိုတာ တွေက အန္တရာယ်ရှိတဲ့လက္ခဏာတွေဖြစ်လာပြီ။ အဲဒါမျိုးတွေဆို ရင်တော့ စိုးရိမ်ရပြီ''ဟုဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ဆေးရုံမှ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဇာနည်အောင်က ပြောသည်။

ယခုနှစ် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း အများဆုံးမြို့များမှာ ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ဟင်္သာတ၊ ဝါးခယ်မနှင့် လပွတ္တာမြို့တို့ ဖြစ်ပြီး ဖြစ်ပွားမှုနှုန်း အများဆုံး အသက်အရွယ်မှာ ၅ နှစ်မှ ၇ နှစ်အကြားဖြစ်ကာ ဒုတိယ ဖြစ်ပွားမှုနှုန်း အများဆုံးအသက်အရွယ်မှာ ၁ နှစ်မှ ၄ နှစ်အကြားနှင့် ၁ဝ နှစ်မှ ၁၄ နှစ်အကြား အရွယ်များ ဖြစ်ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ