ဘီယာက သင့်နှလုံးခုန်သံစည်းချက်တွေကို နှောက်ယှက်နိုင်ပါတယ်
အရက်သေစာသောက်စားမှုကိုတိုင်းတာသည့် ကိရိယာလေးများနှင့်အတူ ECG ရဲ့ အကူအညီကိုပါရယူပြီး ဂျာမန်သုတေသီတွေက မြူးနစ်မြို့မှာ ကျင်းပတဲ့ ဘီယာပွဲတော်မှာ ထောင်ပေါင်းများစွာသော အမျိုးသား အမျိုးသမီးတို့ကို alcohol ရဲ့ လွှမ်းမိုးမှုအခြေအနေကို လေ့လာခဲ့ကြပါတယ်။ ထို့နောက်မှာတော့ ပညာရှင်တွေ က အသက်အရွယ်၊ ကျား မ၊ ဆေးလိပ်သောက်ခြင်းနှင့် နှလုံးရောဂါကြောင့်အပြင် အတန် အသင့်ဘီယာသောက်ခြင်းကလည်း နှလုံးခုန်သံပုံမမှန်ဖြစ်စေကြောင်း Europe Health Journal မှာထည့်သွင်းတင်ပြခဲ့ကြပါတယ်။
လေ့လာမှုမှာအများစုက သိသာထင်ရှားမှုမရှိဟု ထင်မှတ်ရသော်လည်း လေ့လာခဲ့သော လူဦးရေ ၃၀၂၈ ယောက်အနက်မှ လေးယောက်တွင် တစ်ယောက်နှုန်းဖြင့် နှလုံးခုန်သံပုံမမှန်ခြင်း မြန်ခြင်းကို တွေ့ရှိရတာပဲ ဖြစ်ပါတယ်။
အယောက် ၂၀မှာ တစ်ယောက်နှုန်းကလည်း ပိုမိုဆိုးရွားသော နှလုံးခုန်မြန်ခြင်းများ ၊ လေဖြတ်ခြင်းနဲ့ နှလုံးလုပ်ငန်းဆောင်တာများမလုပ်နိုင်ခြင်း (Heart failure)တို့ဖြစ်စေတဲ့ နှလုံးသွေးဝင်ခန်း ပုံမမှန်တုန်ခါခြင်း (Atrial fibrillation) တို့ကိုတွေ့ရကြောင်းတင်ပြခဲ့ကြပါတယ်။
Alcohol က နှလုံးစည်းချက်ကို တကယ်ပဲနှောက်ယှက်ပါတယ်။ အရင်က ဒီလိုသက်သေမပြခဲ့ပါဘူး။ ပြီးတော့ အရက်သောက်တာကို ရပ်လိုက်ရင် ဒါမှမဟုတ် ဆက်သောက်ရင် ဖြစ်လာမယ့် နှလုံးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို လေ့လာရဦးမယ်လို့ ပညာရှင်တစ်ဦးက ပြောပါတယ်။ လောလောဆယ်မှာတော့ အနည်းငယ်သောက်သုံးခြင်းကအဆင်ပြေတယ်လို့ ပြောပါတယ်။ ဘီယာက အသည်းကိုပျက်စီးစေရုံသာမကပါဘူး ။ နှလုံးအတွက်လည်း မကောင်းမွန်ပါဘူး။
ညီ (ဆေး-၂)
Helth Guide
https://www.facebook.com/mmhealthguide/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin